Wednesday, September 05, 2018

မြဝတီမြို့၌ ရွှေ့ပြောင်းအလုပ်သမား ၉၆ ဦး ပြန်လည်ဝင်ရောက်မှု (၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့)



ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအက် ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ် အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၈၀၀ အချိန် ထိ မြဝတီမြို့၊ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ် (၁)ချစ်ကြည်ရေး တံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၉၆ ဦး (ကျား ၆၈၊ မ ၂၈)တို့ ပြန်လည်ဝင်ရောက်လာခဲ့ပါ သည်။




၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူ အတုများပါလာခြင်းမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့်လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေး လျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာ သွားကြောင်း သတင်းရရှိပါသည်။

Subscribe Us