Sunday, September 23, 2018

ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ နှင့် အလုပ်သမား အရေးဆောင်ရွက်လျက်ရှိသည့် အဖွဲ့ အစည်းများတွေ့ဆုံ


အလုပ်သမား၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ နှင့်ထိုင်းနိုင်ငံရောက် အလုပ်သမား အရေးဆောင်ရွက်လျက်ရှိသည့် အဖွဲ့ အစည်းများတွေ့ဆုံဆွေးနွေး

 ၂၂.၉.၂၀၁၈ ၊ဘန်ကောက်၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြညထောင်စုဝန်ကြီး ဦးသိန်းဆွေဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ (၂၂.၉.၂၀၁၈) နံနက် ၉ နာရီ ၅၀ ခန့်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိလာခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေ့လည် ၂ နာရီတွင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း နှင့်အတူ ဘန်ကောက်မြို့ ဟွေ့ခွမ်နယ်မြေ ရာ့ခ်ျဒါလမ်းရှိ The Emerald Hotel ဖာနိုရာမ အစည်းဝေးခန်းမ(၁)တွင် ပြည်ပအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ်(MOEAF) ၊ထိုင်းနိုင်ငံရောက် မြန်မာ အလုပ် သမားရေးဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ကြောင်းသတင်းရရှိသည်။






အစည်းဝေပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ အလုပ်သမား အရေးဆောင် ရွက်နေသော လူမှုအဖွဲ့ အစည်းများ၏ တင်ပြ ဆွေးနွေးချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး နိုင်မှုကြောင့် ယခုဆိုလျင် တရားမဝင် ဖြစ်နေသော မြန်မာအလုပ်သမား ၁၂ သိနိးခန့်ကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယခု ခရီးစဉ် တွင်လည်း ထိုင်းနိုင်ငံတွင် ရောက်ရှိနေထိုင် လုပ်ကိုင်လျက်ရှိကြသော ရေလုပ်သားများအား တရားဝင်ဖြစ်စေရေး အတွက် ဆွေးနွေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယနေ့အစည်းဝေပွဲ၌ လူမှုအ ဖွဲ့ အစည်းများက တင်ပြချက်များအပေါ်တွင်လည်း နှစ်နိုင်ငံ ပူးပေါင်း ဖြည့်စည်းဆောင်ရွက်သွားမည်ဖြစ်သလို တက်ရောက် လာကြသော လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ အရေးကိစ္စတို့ကို အသမားသံအရာရှိရုံးနှင့် ပူးပေါင်းလက်တွဲ၍ ဆောင်ရွက်ကြသဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် အနာဂါတ်ကာလများတွင်လည်း ရင်းနှီးပွင့်လင်းစွာဖြင့် မိမိတို့၏ နိုင်ငံသားများအကျိုး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။


ဆက်လက်၍ အစည်းအဝေးပွဲသို့တတ်ရောက်လာကြသည့် လူမှုအဖွဲ့စည်းများက ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား၏အရေးကိစ္စနှင့်စပ်လျဉ်၍ တင်ပြဆွေးနွေးချက်များမှာ ထိုင်းရေလုပ်ငန်းတွင်လုပ် ကိုင် နေကြသော မြန်မာအလုပ်သမားများ၏ အခြေနေများနှင့်ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ သားသမီးငယ်များ၏ ပညာရေးကိစ္စရပ်များ၊ ပကန်စာခွန်ကိစ္စရပ်များအပါဝင် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ အခြေနေအရပ်တို့ကို တင်ပြဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

ထို့နောက် လူမှုအဖွဲ့စည်းအသီးသီးတို့၏ တင်ပြဆွေးနွေးချက်များပက်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်းဖြေကြားပေးခဲ့ပြီး အစည်းအဝေးပွဲကို ညနေ ၄နာရီ ၃၀မိနစ်တွင်ရုက်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

Subscribe Us