Sunday, September 23, 2018

ထိုင်းနိုင်ငံ၊ ရနောင်း မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားဆိုက်ရောက်ခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးစင်တာ ဖွင့်ပွဲကျင်းပ



ရနောင်းမြို့ရှိ ဆိုက်ရောက်ခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးစင်တာ (Post Arrival and
Reintegration Center for Migrant Worker) ဖွင့်ပွဲအခမ်းအနား ကို ယနေ့(၂၃.၈.၂၀၁၈ )
မွန်လွဲ (၁ နာရီ ၃၀ မိနစ်)တွင် ကျင်းပခဲ့ကြောင်းသတင်းရရှိပါသည်။


အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ ညွှန်ကြားရေးမှူးချုပ်
 ဦးဝင်းရှိန်နှင့် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာ သံရုံးမှ တာဝန်ရှိသူများ ၊ အလုပ်သမားသံအရာ
ရှိများနှင့် ထိုင်းအလုပ်သမားဝန်ကြီဌာနမှ ဝန်ကြီး Police General Adul Saengsiew Kaew နှင့်
ထိုင်းအလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များနှင့် ရနောင်းခရိုင်အတွင်းရှိေ
ရွှ့ပြောင်းရေလုပ်သမားများတက်ရောက်ခဲ့ကြပါတယ်။




အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေမှ“ ယခုကဲ့သို့ ဆိုက်ရောက်ခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးစင်တာအားနှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုနှင့် အတူ ဖွင့်လှစ်နိုင် ခြင်းအတွက် ဝမ်းမြောက်ပါတယ်၊
 နောင်အနာဂါတ်မှာလည်းရွှေ့ပြောင်းအလုပ်သမားများအရေးကိစ္စနှင့်ပက်သက်၍ နှစ်နိုင်ငံ ဆက်လက်
ပူးပေါင်းဆောင်ရွက်သွားမှာပါ၊ ယခုကဲ့ သို့မြန်မာနိုင်ငံသားအလုပ်သမားများအတွက်
Onr Stop Service Center ဖွင့်လှစ်ပေးခြင်အတွက် ကျေးဇူးတင်ရှိပါတယ်” လို့ပြောကြားခဲ့ပါသည်။

ယခုဖွင့်လှစ်သည့် စင်တာသည် ဗီဇာတုံးထုခြင်း၊ workpermit ဆောင်ရွက်ပေးခြင်း များကို One Stop Service ဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်းသိရပါသည်။

“ထိုင်းနိုင်ငံတောင်ပိုင်းသို့လာရောက် အလုပ်လုပ်ကိုင်ကြမည့် အလုပ်သမားများ အနေဖြင့်လည်း ၎င်းစခန်းမှတဆင့် အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်မှာပါ၊ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြမည့် အလုပ်သမားများအနေဖြင့် ၎င်းစခန်းမှ တဆင့် ပြန်နိုင်ကြပြီး၊ အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်း တရားမဝင်ဖြစ်နေကြသော မြန်မာအလုပ်သမားများအနေဖြင့်လည်း ၎င်းစခန်းမှတဆင့် ဘေးကင်းစွားပြန်နိုင်ကြမှာပါ” ဟု အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးက ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအတွင်း ရေလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများ အတွက် ၊ နှစ်နိုင်ငံညှိနှိုင်း
ချက်အရ ရေလုပ်ငန်းဆက်စပ် ၂၂ ခရိုင်တွင် နေထိုင်ခွင့် သက်တမ်းတိုးပေးခြင်း ၊Workpermit,များ ဆောင်ရွက်ပေးခြင်းများကို (၃၀.၉.၂၀၁၈ )ရက်နေ့အထိဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး၊ သက်တမ်းတိုးဆောင်
ရွက် ပြီးသည့် အလုပ်သမားများအနေဖြင့် နေထိုင်ခွင့်သက်တမ်း မကုန်ဆုံးမီ ယခုဖွင့်လှစ်သည့် စင်တာတွင် နေ့ချင်ပြီးလာရောက်ဆောင်ရွက်နိုင်ကြောင်းသိရသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လိုအပ်သောအကူအညီများတောင်းခံနိုင်ရန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအတိုင်း ဆွေးနွေးတိုင်ပင်နိုင်ရန်အတွက် အလုပ်သမားသံအရာရှိ( ရနောင်း )၏ ရုံးခန်းခွဲကိုလည်း ယခုဖွင့်လှစ်သည် စင်တာဝင်းအတွင်းဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်းသတင်းရရှိပါသည်။

Subscribe Us