Tuesday, August 14, 2018

ဓါတ်မြေသြဇာကား တိမ်းမှောက်မှုကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ



နခွန်စ၀မ်၊ သြဂုတ် ၁၄

ဓာတ်မြေဩဇာအိတ်တွေ တင်ဆောင်လာတဲ့ကားတစ်စီး ဒီနေ့ နေ့  လည်၁၂နာရီခွဲ့ ဝန်းကျင်က ထိုင်းနိုင်ငံမှာ တိမ်းမှောက်ခဲ့ရာက အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့  မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရခဲ့ပါတယ်။

ထိုင်းနိုင်ငံ နခွန်စ၀မ်ပြည်နယ် ဖရူဟခလီ မြို့ကနေ ဓာတ်မြေဩဇာတွေ တင်လာတဲ့ကားတစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်းဖြစ်တဲ့  အသက် ၅၂နှစ် အရွယ်ရှိသူ ထိုင်းနိုင်ငံသား နိုင်ဖိုင်လော နဲ့မြန်မာရွှေ့ပာင်းအလုပ်သမား အသက်၄၄နှစ်အရွယ်ရှိ အာချွေ ဆိုသူတို့  သေဆုံးကာ အခြား မြန်မာရွှေ့ပြောင်းအလုပ်သမားသုံးဦး ဒဏ်ရာရရှိ ခဲ့တာဖြစ်ပါတယ်။




ဒဏ်ရာရရှိသူ သုံးဦးနဲ့ သေဆုံးသူ အာချွေတစ်ဦး အပါအ၀င် စုစုပေါင်းလေး ဦးစလုံးဟာ ထိုင်းနိုင်ငံသိုကို လာရောက်အလုပ် လုပ်ကိုင်နေတဲ့မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရ ပါတယ်။ ငါးဦးစလုံးဟာကုမ္ပဏီတစ်ခုတည်းက အလုပ်သမားတွေဖြစ်တယ်လို့လည်း သိရပါတယ်။

မောင်းနှင်လာတဲ့ကားရဲ့ရှေ့ဘီးပေါက်ပြီး ကားတိမ်းမှောက်သွားတဲ့  အချိန်မှာ နောက်မှာတင်လာတဲ့ဓာတ်မြေဩ ဇာအိတ်တွေက နောက်က လိုက်လာတဲ့အလုပ်သမားလေးဦးပေါ်ပိကုန်တယ်လို သိရပါတယ်။ သေ ဆုံးသူယာဉ်မောင်းရဲ့ခန္ဒာကိုယ်ကိုတော့ ကားအောက် ပြုတ်ကျနေတဲ့  အိတ်တွေကြားကရှာတွေ့ တာဖြစ်ပြီး ကျန်ဒဏ်ရာရ သူသုံး ဦးကို အသေး စိတ်စစ်ဆေးပြီးမှ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပေါ်ပြူလာနယူဂျာနယ်
Ref: Sanook

Subscribe Us