Wednesday, August 15, 2018

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး မစ္စတာ အဒွန်းဆန်လ်ဆင်ကယောက်ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ




 ၂၀၁၈ ခုနှစ် ၊  သြဂုတ် ၁၅ ရက် ၊ ဗုဒ္ဓဟူးနေ့

မြန်မာနှင့်ထိုင်းနှစ်နိုင်ငံဝန်ကြီးအဆင့် အလုပ်သမားရေးရာ ကိစ္စများ ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံ အလုပ် သမားဝန်ကြီး မစ္စတာ အဒွန်းဆန်လ်ဆင်ကယောက်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်
(သြဂုတ် ၁၆ ရက်) နံနက် ၉နာရီ၌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ရန်
နေပြည်တော်သို့ ယနေ့ ၁၅.၀၈.၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့ရာအလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဆောင်၍ ကြိုဆိုခဲ့ကြောင်းသတင်းရရှိပါသည်။


၁၆.၀၈.၂၀၁၈ ရက်နေ့တွေ့ဆုံပွဲတွင် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ရေးဆိုင်ရာ ကိစ္စများ ၊ MOU ဖြင့်သွားရောက်ခဲ့သည့် အလုပိသမားများဆိုင်ရာကိစ္စများ၊ MOU လုပ်ငန်းစဉ်အောင်မြင်မှုကို နှစ်နိုင်ငံ ဆက်လက်ထိန်းသိမ်းရေး၊ နှစ်နိုင်ငံဖွဲ့စည်းထားသည့် Joint Working Group ဖြင့်ပူးပေါင်းဆောင် ရွက်ရေး ၊ ထိုင်းနိုင်ငံသို့ ရေလုပ်သားခေါ်ယူရေး ဆိုင်ရာကိစ္စ ရပ်များအား ဆွေးနွေးသွားမည်ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အလုပ်သမား အရေးကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများမှ
အလုပ်သမားများကိုယ်စား တင်ပြပေးထားသည့် အချက်အလက်များကိုလည်း မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ ထည့်သွင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း
သိရသည်။

ထိုင်းနိုင်ငံသို့ ရေလုပ်သားခေါ်ယူရေး ဆိုင်ရာကိစ္စ ရပ်များနှင့်ပက်သက်၍ အသေးစိတ်အချက်လက်များကို မြန်မာနှင့်ထိုင်းနှစ်နိုင်ငံ ကျွမ်းကျင်းသူများအဖွဲံ့(Techanical Team)မှ ထပ်မံဆွေးနွေးမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Subscribe Us