Thursday, August 16, 2018

ထိုင်းနိုင်ငံတွင်လုပ်ကိုင်ရန်ရေလုပ်သားအလုပ်သမားခြောက်သောင်းလိုအပ်ဟုထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဆို



နေပြည်တော် သြဂုတ် ၁၆

ထိုင်းနိုင်ငံရှိရေလုပ်ငန်းတွင်အလုပ်သမားခြောက်သောင်းလိုအပ်လျှက်ရှိနေကြောင်းထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးMr Adul Sangsingkeoကပြောသည်။

နေပြည်တော်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင်ယနေ့နံနက်ပိုင်းကထိုင်းနိုင်ငံရှိရေလုပ်ငန်းများတွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာနိုင်ငံသားရေလုပ်သားများနှင့်ပတ်သတ်၍ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့်ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးMr Adul Sangsingkeoဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံမှုအပြီးတွင်မီဒီယာများကိုအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။


Mr Adul Sangsingkeoက"ကျွန်တော်တို့အစိုးရအနေနဲ့ရေလုပ်ငန်းမှာအလုပ်သမားပျက်ကွက်မှုရှိနေပါတယ်။ကျွန်တော်တို့အလုပ်သမားရေလုပ်သားခြောက်သောင်းလူဦးရေလိုအပ်မှုရှိပါတယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့မှလာရောက်အကူအညီတောင်းတာလည်းဖြစ်ပါတယ်"ဟုဆိုသည်။

မြန်မာနိုင်ငံရှိအလုပ်သမားများကိုMOUစနစ်ဖြင့်ခေါ်ယူနိုင်ရန်စီစဉ်နေပြီးသတ်မှတ်ထားသောလုပ်အားခ၊အခွင့်အရေးဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်သည့်အခွင့်အရေးများရရှိစေရေးအတွက်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

အလုပ်လုပ်ကိုင်ရန်အတွက်ထိုင်းနိုင်ငံသို့်တရားမ၀င်သွားရောက်နေသူများကိုထိုင်းဥပဒေအရအရေးယူပြီးမြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်မှုများရှိနေသည့်အတွက်အလုပ်သမားများကိုတရားဝင်သွားရောက်ရန်အတွက်ပညာပေးခြင်းဆွေးနွေးခြင်းများကိုထိုင်းနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။

ထို့ပြင်CIစခန်းများဖွင့်ပြီးတရားမဝင်အလုပ်သမားများကိုတရားဝင်အလုပ်သမားဖြစ်စေရေးအတွက်ဆောင်ရွက်ခဲ့ရာမြန်မာနိုင်ငံသား(၁ဒသမ၂)သန်းကျော်မှာထိုင်းနိုင်ငံတွင်တရားဝင်အလုပ်သမားအဖြစ်အလုပ်သမားဥပဒေနှင့်အညီအကျိုးခံစားခွင့်များရရှိခဲ့ကြောင်းသိရသည်။

ဖူးဖူးအောင်

Subscribe Us