Thursday, August 16, 2018

"ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေး နှစ်နိုင်ငံ နေပြည်တော်မှာဆွေးနွေးနေ"


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေး တွေကို ကာကွယ်စောင့်
ရှောက်မှု တိုးမြှင့်ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးတွေဟာ နေပြည်တော်မှာ ဒီကနေ့
မနက်က တွေ့ဆုံဆွေးနွေးနေကြပါပြီ ။ တွေ့ဆုံမှုမှာတော့ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်
ရွက်မှု မြှင့်တင်ဖို့ ၊




ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကို မြှင့်တင်ဖို့အတွက် ဆွေးနွေးကြတယ်လို့ သိရပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံကိုပြန်ပို့မယ့် အလုပ်သမားတွေရှိရင်လည်း နှစ်နိုင်ငံ အစိုးရကြား သတ်မှတ်ထား တဲ့ နေရာတွေမှာသာ တရားဝင်ပြန်လည်လွှဲပြောင်းပေးဖို့နဲ့ ထိုင်းနိုင်ငံမှာ လုပ်သားလိုအပ်နေတဲ့ ရေလုပ်ငန်းအတွက် ရေလုပ်သားတွေကို နှစ်နိုင်ငံသဘောတူညီချက်နဲ့ စေလွှတ်နိုင်ဖို့ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါသေးတယ်။ ထိုင်းနိုင်ငံမှာမြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ သိန်းနဲ့ချီပြီး ရှိနေတာပါ။ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံဟာ သံတမန်ဆက်သွယ်မှု နှစ် ၇၀ ပြည့်ပြီဖြစ်ပြီး အထိမ်းအမှတ် အခမ်းအနား ကိုတော့
သြဂုတ် ၁၄ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။
ဓာတ်ပုံ-ပိုင်စိုးသူ

See Translation

Subscribe Us