Tuesday, August 14, 2018

အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးနှင့် ကဘီပရဟိတမြန်မာလူငယ်များအဖွဲ့တွေ့ဆုံ



ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံတောင်ပိုင်း ကဘီခရိုင်၊ကဘီမြို့ အခြေစိုက် “ကဘီပရဟိတမြန်မာလူငယ်များအဖွဲ့အား အလုပ်သမားသံအရာရှိရုံးခန်း၌လက်ခံတွေ့ဆုံခဲ့ပါသည်။

ထို့သို့တွေ့ဆုံရာတွင် “ကဘီပရဟိတမြန်မာလူငယ်များအဖွဲ့”ကထိုင်းနိုင်ငံတောင်ပိုင်းဒေသရှိ မြန်မာရေလုပ်သားများအခြေနေ၊စက်ရုံအလုပ်ရုံများ၌ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားရေးကိစ္စရပ်များအပါဝင် မိမိတို့အဖွဲ့အနေဖြင့် အလုပ်သမားသံအရာရှိရုံးနှင့် လက်တွဲ၍ မြန်မာအလုပ်သမားရေးကိစ္စရပ်များ ဆောင်ရွက်မည့်လုပ်ငန်းစဉ်တို့ကိုတင်ပြခဲ့ရာ 


အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးက ယခုလိုလာရောက်တွေ့ဆုံကြသည့်အတွက်အထူးဝမ်းမြောက်
ကြောင်း၊ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားရေးကိစ္စရပ်များနှင့်ပက်သက်၍ မိမိတို့အလုပ်သမားသံ
အရာရှိရုံးနဲ့လက်တွဲဆောင်ရွက်မည့် မည်သည့်အဖွဲ့စည်းကိုမဆိုလက်ကမ်းကြိုဆိုလျက်ရှိပါကြောင်း၊ 
“ကဘီပရဟိတမြန်မာလူငယ်များအဖွဲ့”အနေဖြင့် အလုပ်သမားရေးကိစ္စအပါဝင်မည်သည့်အရေးကိစ္စ
မဆို အချိန်မရွေး ဆက်သွယ်အကူညီတောင်းခံနိုင်ပါကြောင်းပြောကြားခဲ့ပါသည်။

အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးသည် “ကဘီပရဟိတမြန်မာလူငယ်များအဖွဲ့”ဦးစီးတည်ဆောက်နေသည့် ကဘီခရိုင်၊ ကဘီမြို့ ၊စိုင်ထိုင်းရပ်ကွက်၊ ချောင်းစမ်ကွေ့တောရကျောင်းရှိ “ဆန္ဒပြည့်၀ အဘယ လာဘမုနိစေတီ”တော်မြတ်ကြီးအတွက် အလှူတော်ငွေ ၁၀၀၀၀ဘတ်ကိုလှူဒါန်းပေးခဲ့ကြောင်း “ကဘီပရဟိတမြန်မာလူငယ်များအဖွဲ့”မှ ကိုမျိုးချစ်ကပြောသည်။

Subscribe Us