Friday, August 10, 2018

လယောင်မြို့ရှိ မြန်မာအလုပ်သမားတစ်ဦး ကြိုးဆွဲချသက်သေမှုဖြစ်ပွား



ယနေ့(၁၀.၈.၂၀၁၈) နံနက်အချိန်တွင် လယောင်မြို့ နိခုံဖတ်ဌနာနယ်မြေ လမ်းနံပါတ်(၄)အနီးရှိ နိခုံဖတ်
ဌနာကားလမ်းကြီးနှင့် မီတာ၂၀အကွာဝေးရှိသစ်ပင်ပေါ်၌လူတစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သတင်း
ရရှိသဖြင့်ထိုင်းကယ်ဆယ်ရေးအဖွဲ့များသွားရောက်ခဲ့ကြောင်းသိရသည်။

သေဆုံးသူမှာ  မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ မောင်စိုးစိုးဌေး(၁၉)နှစ်ဖြစ်ပြီး တရားဝင်အထောက်ထားလက်မှတ်ရှိသူဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာနှင့် မနီးမဝေးနေရာရှိ အလုပ်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းသိရသည်။




သေဆုံးသူမောင်စိုးစိုးဌေး(၁၉)နှစ်သည် မြေကြီးနှင့် ၇မီတာအမြင့်ရှိ သစ်ကိုင်း၌ရေလဲပိုင်းဖြင့် ကြိုးဆွဲချ
သက်သေခဲ့ပြီး လည်ပင်တွင်ချည်နှောင်ဒဏ်ရာများတွေ့ရှိ ခဲ့ပြီး သေဆုံးသည်မှာ ၆နာရီခန့်ကြာပြီးဖြစ်
ကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့ကပြောကြားသည်။

အမှုဖြစ်စဉ်နှင့်ပက်သက်၍ ၎င်းနှင့်အလုပ်တူလုပ်ကိုင်သူများကို တာဝန်ရှိသူများက စစ်ဆေးခဲ့ရာ သေဆုံးသူသည် ည၁၁နာရီခန့်ကတည်းက ပျောက်ဆုံးခဲ့တာဖြစ်၍ သူငယ်ချင်များကလိုက်လံရှာဖွေခဲ့ကြောင်းနှင့်
နံနက်အချိန်မှ သစ်ပင်တွင်ကြိုးဆွဲချေ သဆုံးနေသည်ကိုတွေ့ရှိတာဖြစ်ကြောင်းပြောကြားသည်။

သေဆုံးသူ၏ ဇနီဖြစ်သူသည် ခင်ပွန်းသေဆုံးမှုနှင့်ပက်သက်၍ စိတ်မတည်ငြိမ်မှုဖြစ်နေ၍ တာဝန်ရှိသူများက စစ်ဆေးချက်ရယူနိုင်မှုမရှိသေးကြောင်းသိရသည်။

Subscribe Us