Saturday, August 25, 2018

အလုပ်နေရာလွဲမှားသဖြင့် မြန်မာအလုပ်သမားကျောင်းဆရာသုံးဦးနှင့် တရားဝင်စာရွက်စာတမ်းမရှိသည့်မြန်မာသံဃာတော်တစ်ပါး ထိုင်း ဥပဒေနဲ့အညီအရေးယူခြင်းခံရ



သြဂုတ်လ ၁၅ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းပတ္တနီခရိုင်ဘာနာမြို့နယ်ရှိ လမ်(န်)နုတ်(က်)ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းဖွင့်လှစ်ထားရှိသည့် မြန်မာစာသင်ကျောင်းသို့ထိုင်းရဲတပ်ဖွဲ့၊ထိုင်းအလုပ်သမားဦးစီးဌာန၊ထိုင်းလူဝင်မှုကြီးကြပ်ရေး(လ၀က)အဖွဲ့၊ထိုင်းစစ်တပ်တို့က ၀င်ရောက်စစ်ဆေးခဲ့ရာတွင် ကျောင်းဆရာတွေအဖြစ်ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၂ဦး၊ အလည်ဗီဇာဖြင့်ဝင်ရောက်လာသူမြန်မာနိုင်ငံသား၁ဦး၊သံဃာတော်၁ပါးတို့သည် ထိုင်းဥပဒေနဲ့အညီအရေးယူခြင်းခံရကြောင်းသိရပါတယ်။

“အဲဒီစာသင်ကျောင်းဖွင့်ထားတာ ၅နှစ်လောက်ရှိနေပါပြီး စဖွင့်ချိန်က“ရွှေအိုးစည်”နာမည်နဲ့မြန်မာအလုပ်သမားတွေဖွင့်လှစ်ခဲ့တာပါ လက်ရှိစာသင်နေတဲ့ကလေးပေါင်း၇၅ယောက်ခန့်ရှိပါတယ်” လို့ ထိုင်းနိုင်ငံ
တောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် FEDအဖွဲ့မှ ကိုမင်းဦးကပြောပါတယ်။




အဖမ်းစီးခံရသည့် မြန်မာအလုပ်သမားကျောင်းဆရာမနှစ်ဦးဖြစ်သည့် မငြိမ်းမိုးမိုးလှိုင်နှင့် ဒေါ်သန်းသန်းမြိုင်တို့သည် ရေလုပ်သားပန်းရောင်ဘတ်မှ CIစာအုပ်သို့ပြောင်းလဲကိုင်ဆောင်ထားကြသူများဖြစ်ပြီး၊ကျောင်းဆရာတစ်ဦးဖြစ်သူ ကိုထိန်လင်းအောင်သည် PJစာအုပ်ကိုင်ဆောင်ထားပြီး အလည်ဗီဇာဖြစ်ဝင်ရောက်လာသူဖြစ်ကြောင်းသိရပါတယ်။

“အခုအဖမ်းခံရတဲ့ ဆရာတော်ကိစ္စနဲ့ပက်သက်ပြီး ထိုင်းအာဏာပိုင်တွေကိုမေးမြန်းတဲ့
အခါ ဆရာတော်မှာ ထိုင်းသံဃာအဖွဲ့က ထုတ်ပေးထားတဲ့ အထောက်အထားတော့ရှိတယ် ၊
ခရီးသွားခွင့်အထောက်အထားမျိုးမဟုတ်ဘူး၊ ဥပဒေအရဆို ဆရာတော်အနေနဲ့ အခြား
ခရိုင်ဒေသမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတစ်ခုခုကိုကြွခြင်းတယ်ဆို လက်ရှိသီတင်းသုံး
နေတဲ့ဘုန်းတော်ကြီးကျောင်းကနေ ခွင့်ပြုချက်နဲ့ ကြွမယ့် ကျောင်းကိုပြောပြီ မြို့နယ်
သံယာ့နာယအဖွဲ့ကနေ ခရီးသွားလာခွင့်စာယူရမှာဖြစ်သလို၊ကြွရောက်လိုတဲ့ကျောင်း
ကိုရောက်ရှိရင်လည်း ရောက်ရှိကြောင်း မြို့နယ်သံဃာအဖွဲ့ထံသွားရောက်အကြောင်းကြား
တာမျိုးတွေမလုပ်တဲ့အတွက် အခုလိုအဖမ်းခံရတာလို့” ကိုမင်းဦးက ရှင်းပြပါတယ်။

ကျောင်းဆရာတွေနဲ့အတူအဖမ်းခံရတဲ့ မြန်မာသံဃာတော်တစ်ပါးဖြစ်သည့် (လူအမည်ဦးစံမောင်) သံဃာအမည် ဇာမူးဝါသည် ကန်ချဘူရီခရိုင် ထွန်ဖာဖူမြို့နယ် ထပ်ခနောင်ရှိ ထိုင်းဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော်တစ်ပါးဖြစ်ကြောင်းသိရသည်။

“အဖမ်းခံရတဲ့ကျောင်းဆရာ၃ဦးနဲ့ သံဃာတော်တစ်ပါးတို့ကိစ္စနဲ့ပက်သက်ပြီး ရနောင်းမြို့မှာရှိတဲ့ လုပ်သမားသံအရာရှိဦးဇော်မင်းအောင်နဲ့FEDအဖွဲ့ကဦးမင်းတို့
ကနေပြီး ရနောင်မြို့က ထိုင်းလ၀ကတွေနဲ့သွားရောက်တွေ့ဆုံဆွေးနွေးကြတဲ့အခါ ဒဏ်ငွေလောက်ပဲချမှတ်ပြီး၊ ပြည်နှင်ဒဏ်ပေးတာမျိုးတွေပယ်ဖျက်ပေးလိုက်ပါတယ်”လို့
အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောပါတယ်။

အဖမ်းခံရသည့် မြန်မာအလုပ်သမားကျောင်းဆရာများနှင့်သံဃာတော်တစ်ပါးတို့ကို
သြဂုတ်လ ၂၄ရက်နေ့ကရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံကော့သောင်းမြို့သို့ပြန်လည် ပို့ဆောင်ခဲ့ရာ ကော့သောင်းမြို့မှ ခရိုင်မှူး၊ ရဲတပ်ဖွဲ့နှင့်ဒေသဆိုင်ရာ အာဏာပိုင်တွေ လာရောက်ကြိုဆိုပြီး လိုအပ်တဲ့အကူအညီနဲ့ နေရပ်ပြန်ရေးကို ဆောင်ရွက်ပေးခဲ့တယ်လို့
သိရပါတယ်။

ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ့ အကြောင်းအ မျိုးမျိုးဖြင့်ဖွဲ့စည်းဆောင်ရွက်နေကြသော လူမှုအဖွဲ့စည်းတွေနဲ့ ကိုယ်ထူကိုယ်ထစနစ်ဖြင့်ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများအားလုံးသည် ထိုင်းနိုင်ငံ၏တည်ဆဲဥပဒေနဲ့အညီလိုက်နာဆောင်ရွက်သင့်ကြောင်းအလုပ်သမားသံအရာရှိဦးစန်းမောင်ဦးက
ပြောကြားသည်။

Subscribe Us