Wednesday, July 04, 2018

မဲဆောက်မြို့တွင် အထောက်အထားမဲ့မြန်မာအလုပ်သမား ၉၀ ဦး စတင်အဖမ်းခံရ



မြဝတီ၊ ဇူလိုင် ၃-ထိုင်းနိုင်ငံအ တွင်း အလုပ်လုပ်ကိုင်နေသည့် အ ထောက်ထားမဲ့ ရွှေ့ပြောင်းလုပ်သား များအား ထိုင်းအစိုးရမှ ဇူလိုင် ၂ ရက်တွင် စတင်ဖမ်းဆီးရာ မြန်မာ အလုပ်သမား ၉၀ ဖမ်းဆီးခံခဲ့ရ ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ တွင် အနှစ် ၂၀ ကျော်နေထိုင်ပြီး အလုပ်သမားအရေးဆောင်ရွက်နေ သူ (မြန်မာပြည်သားများအရေး ပူး တွဲလှုပ်ရှားမှုကော်မတီ) ဥက္ကဋ္ဌ ဦး မိုးကြိုးက ပြောကြားသည်။

""ဒီနေ့ မဲဆောက်တစ်မြို့လုံး အထောက်အထားမဲ့ မြန်မာအလုပ် သမား ၇၀၊ ဈေးရောင်းသူက ၂၀ စုစုပေါင်း ၉၀ ဖမ်းဆီးခံရပါတယ်။ တချို့မြန်မာဘက် မြဝတီကို ထွက် ပြေးကြတယ်။ သောင်ရင်းမြစ်ကမ်း နားတစ်လျှောက်မှာရှိတဲ့ စက်ရုံ အလုပ်ရုံတွေက အထောက်အထား မဲ့အလုပ်သမားတွေ၊တရားမဝင် ဖြစ်နေတဲ့(အိမ်တွင်းမှုအလုပ်ရုံငယ်) တွေက အထောက်အထားမဲ့အလုပ် သမားတွေဟာ မြဝတီဘက်
ကို ရှောင်ပြေးကြတယ်။


အထောက် အထားမဲ့တွေကို ဒဏ်ငွေဘတ် ၅၀ဝ၀ နဲ့ ထောင်မချဘဲပြန်လွှတ် တာက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက ဖိဖိစီးစီးနဲ့ ပြောကြားထားလို့ အခုလို နေရပ်ပြန်စာရင်းထဲ
သွင်း ပေးလိုက်တာဖြစ်ပါတယ်""ဟု ဦးမိုး ကြိုးက ဇူလိုင် ၂ ရက်ညတွင်ပြော ကြားသည်။

မြဝတီမြို့နယ် ကျောက်လုံး ကြီးလမ်းရှိ ပြန်လည်ကြိုဆိုရေးစ ခန်းသို့ ဇူလိုင် ၂ ရက် ညနေ ၅ နာရီခွဲက အထောက်အထားမဲ့မြန် မာအလုပ်သမားအမျိုးသား ၁၁၅ ဦးနှင့် အမျိုးသမီး ၅၂ ဦး၊ စုစုပေါင်း ၁၆၇ ဦး ရောက်ရှိလာခဲ့ရာ မဲ ဆောက်၌ဖမ်းဆီးခံရပြီး
ပြန်ပို့ခံရ သူများလည်း ပါဝင်လာခဲ့ကြသည်။

""ဒီနေ့နံနက် အစောကြီးအိပ် ရာကတောင် မထရသေးဘူး ထိုင်း ရဲတွေ ကျွန်မတို့နေတဲ့တန်းလျား ကိုရောက်လာပြီး စပြီးဖမ်းတယ်။ တန်းလျားမှာနေတဲ့သူတွေကိုခေါ် ထုတ်ပြီး စစ်ဆေးတယ်။ ဘတ်ကတ် ရှိသူ၊ ဃှု ရှိသူ၊ ပတ်စ်ပို့ရှိသူ၊ ခြောက် ညအိပ် ခုနစ်ရက်သွားလာနေထိုင် ခွင့်လက်မှတ်ကိုင်ဆောင်ထားသူ တွေကို မဖမ်းဘူး။

ဘာအထောက် အထားမှမရှိသူတွေကိုဖမ်းတာ။ ပြီး ရင် မြဝတီကြို
ဆိုရေးစခန်းကို ပြန်ပို့ တဲ့အတွက် ဒီနေ့ ကျွန်မလည်းကြို ဆိုရေးစခန်း
ကို ရောက်လာခဲ့တာပါ""ဟုဖမ်းဆီးခံရပြီး ပြန်ပို့ခံရသည့် မကွေး မြို့မှ မသီသီအောင်က ပြောသည်။

ဇွန် ၃ ရက် ညနေ ၄ နာရီခွဲ က အထောက်အထားမဲ့ မြန်မာအ လုပ်သမား အမျိုးသား ၉၁ ဦး၊ အ မျိုးသမီး ၂၄ ဦးသည် မြဝတီမြို့ ကျောက်
လုံးကြီးလမ်းရှိ ပြန်လည် ကြိုဆိုရေးစခန်းသို့ ရောက်ရှိလာ ခဲ့ကြသည်။

""မဲဆောက်မှာ ဒီနေ့မနက် ပိုင်းက လူ ၂၀ လောက်ဖမ်းတယ်။ ဒါပေမဲ့ အထောက်အထားအစုံ အလင်ပြန်လုပ်ဖို့ ပညာပေးပြော ကြားပြီး
ပြန်လွှတ်လိုက်ပါတယ်""ဟု မုတ္တမမြို့မှ ကိုမျိုးဝင်းက ပြော သည်။ မဲဆောက်မြို့ရှိ ဆောက်လုပ် ရေးနှင့် မဲဆောက်ဈေးအတွင်း၌
လည်းကောင်း၊ အခြားလုပ်ငန်းများ နှင့် စက်ရုံအလုပ်ရုံများ
တွင်လည်း ကောင်း ဇူလိုင် ၂ ရက်က လိုက်လံဖမ်းဆီးခဲ့သည့်
အတွက် မြန်မာဘက် ကမ်းရှိ မြဝတီမြို့သို့ ရှောင်တိမ်းလာ သူလည်းရှိသည်။

KKTM(MWD)
#Democracytoday

Subscribe Us