Monday, May 21, 2018

မြင်းကောင်းပြေးရာ ခွာကျိုးကန့်လန့်


တစ်နွယ်ငင် တစ်စင်ပါ ဆိုစကားကဲ့သို့ နိုင်ငံတစ်ခု၏ စီးပွားရေးအပြောင်းအလဲ၌ဖြစ်စေ နိုင်ငံရေးအပြောင်းလဲကြောင့်ဖြစ်စေ ဖြစ်ပေါ်လာသည့် အခြေနေအမျိုးမျိုးတို့ကို နိုင်ငံသားများသာမက အဆိုပါနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံခြားသားများပါအနည်းနဲ့အများကြုံတွေ့ရစမြဲဖြစ်သည်။

ကုန်လွန်ခဲ့ပြီ ၄နှစ်ခန့််က ထိုင်းတောင်ပိုင်းမှာဖြစ်နေသလို ဖြစ်စဉ်နဲ့ပုံစံတူပေမယ့် အထိခိုက်အဆုံးရှုံးအနေနဲ့ ယခုဖြစ်စဉ်ထက် အဆပေါင်းများစွာထိခိုက်နစ်နာမှုများခဲ့သည် ဖြစ်ရပ်တစ်ခုကို မြန်မာအလုပ်သမားပေါင်းများစွာကြုံတွေ့ခဲ့ရသည် တောင်ပိုင်းသစ်စက်ကိစ္စထက်ပိုမိုပြင်းထန်းခဲ့သည် ၎င်းဖြစ်စဉ်မှာ လူကုန်ကူးမှုကိစ္စရပ်များနဲ့ပက်သက်၍ ထိုင်းနိုင်ငံမှထွက်ရှိသည့် ပင်လယ်ရေထွက်ပစ္စည်းများကို EUအပါဝင်အနောက်နိုင်ငံများက အဆိုပါနိုင်ငံများသို့ တင်သွင်းခွင့်ယာယီရပ်ဆိုင်ခဲ့ရာ အုတ်အုတ်သောင်းနင်းဖြစ်ခဲ့ရပြီ ရေလုပ်ငန်ရှင်တွေထိခိုက်ခဲ့ရသလို အဆိုပါလုပ်ငန်းများ၌ ၀င်ရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအပြားလည်းအတော်ကိုရင်စည်းခံခဲ့ရသည်။ အထောက်ထားမရှိသူများ အထောက်ထားမပြည့်စုံသူများ ဖမ်းကြဆီးကြနဲ့ အလုပ်ပြုတ်သူတွေလည်းမနည်းသလို အချိန်ပို(OT)ပါမရကြသဖြင့် ကသောင်းကနင်းဖြစ်ခဲ့ရသည်။




ယခုလည်း ထိုင်းနိုင်ငံမှထွက်ရှိသည့် သစ်များကိုအဓိကထားဝယ်ယူနေသည့် တရုတ်နိုင်ငံမှသစ်ကုမ္ပဏီ
က သစ်ဝယ်ယူမှုရပ်ဆိုင်လိုက်သဖြင့် ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ သစ်စက်လုပ်ငန်းများရပ်ဆိုင်လုနီးပါး
အခြေနေများသို့ရောက်ရှိသွားခဲ့ကြရာအလုပ်ရှင်များက အလုပ်သမားများကို အလုပ်ပုံမှန်မပေးနိုင်တော့
သည့်အခြေနေသို့တဖြေးဖြေးရောက်ရှိလာကြပြီဖြစ်သည်။

ထိုင်းတောင်ပိုင်းဒေသရှိသစ်စက်များကြုံတွေ့နေရသည့် ကိစ္စအ၀၀မှာမည်သူတစ်ဦးတစ်ယောက်မှ မမျှော်လင့်ထားသည့် အခြေနေဆိုးတစ်ရပ်ဖြစ်ရာ အဆိုပါအခြေနေအရပ်ရပ်ကို အလုပ်သမားသံအရာရှိက ထိုင်းနိုင်ငံ၏ဌာနဆိုင်ရာများအေဂျင်စီများအဖွဲ့ချုပ်(MOEAF)တို့အနေဖြင့် ပူးပေါင်း၍ အချိန်မီထိန်းသိမ်းမှုများ ယခုထက်ပို၍ မလုပ်နိုင်ပါက ယခုဖြစ်စဉ်များကို အခြေခံကာ ဘေးပယောဂမျိုးစုံ ဝင်ရောက်နှောင့်ယှက်မှုများနှင့် သွေးထိုးလှုံ့ဆော်မှုအမျိုးမျိုးတို့ကြောင့် အပ်နှင့်ထွင်းရမည့်ကိစ္စ
ပုဆိန်နှင့်ပေါက်ရမည့် အခြေနေသို့ရောက်ပေမည်။

ယခုအရေးနှင့် ပတ်သက်၍ မြန်မာအလုပ်သမားများ၏ ရသင့်ရထိုက်တဲ့ အကျိုးခံစားခွင့်တို့ရရှိစေရန် အလုပ်သမားသံအရာရှိရုံးကထိုင်းနိုင်ငံ၏ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်စနစ်တကျဖြေရှင်းဆောင်ရွက်ပေးလျက်ရှိတာကိုတွေ့ရသည်။ထို့သို့ဖြေရှင်းဆောင်ရွက်ပေးသည့်နေရာမှာလည်း အလုပ်ရှင်သာမကအလုပ်သမားများ၏ သဘောဆန္ဒအတိုင်း ဥပဒေဘောင်ထဲမှအကောင်းဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနေတာကိုတွေ့ရပါသည်။

အလုပ်ရှင်နဲ့အလုပ်သမားအကြား မည်သည့်အချိန်၌မဆို အကြောင်းကိစ္စတစ်ရပ်ရပ်ဖြစ်ပေါ်လာပါက နှစ်ဦးနှစ်ဖက်စလုံးသည် ဥပဒေဘောင်အတွင်းမှဖြေရှင်းရန် အလုပ်သမားများအနေနဲ့ သက်ဆိုင်ရာနိုင်ငံမှပြဋ္ဌာန်းထားသည့် ဥပဒေများကိုလေ့လာထားရှိရန်အထူးလိုအပ်လှပါသည်။ ဥပဒေများကို မသိနားမလည်ပဲ အလုပ်သမားကိစ္စများဖြေရှင်းပါက ခုတ်ရာတခြား ရှရာတလွဲဖြစ်တတ်၍ အလုပ်ရှင်နဲ့အလုပ်သမား
နှစ်ဖက်စလုံးအတွက် အကျိုးမရှိဖြစ်သွားတတ်ပါသည်။

အရေးကြီးသည်မှာ MOUအလုပ်သမားတစ်ယောက်သည် ဘေးပယောဂကြောင့် မိမိလက်ရှိလုပ်နေသည့် အလုပ်နေရာမှ မိမိသဘောဆန္ဒအလျောက် ထွက်သွားပါက ၃ရက်ပြည့်မြောက်သည့်အခါ တရားမ၀င်အလုပ်သမားအဖြစ်သို့ရောက်ရှိသည်ကို သတိပြုရမည်ဖြစ်သည်။

အလုပ်သမားသံအရာရှိရုံးက ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများအတွက် ပိုမိုထိရောက်ကောင်းမွန်မည့် အကူညီပေးရေးလုပ်ငန်းစဉ်များကို ရှာဖွေရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေဘောင်အထဲမှ လုပ်ဆောင်နေရသည်ကိုလည်း နားလည်ပေးကြရမည်ဖြစ်သည်။ အဓိကလိုအပ်ချက်မှာ အလုပ်သမားသံအရာရှိရုံးနဲ့အလုပ်သမားများအကြား စိတ်ထားခံယူချက်ပြောင်းလဲလာရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် အထူးလိုအပ်သည်။

သို့ဖြစ်ရာ ထိုင်းနိုင်ငံတောင်ပိုင်းရှိသစ်စက်အလုပ်သမားများအရေးကို အလုပ်သမားသံအရာရှိနဲ့တာဝန်ရှိသူများက အလေးထားဆောင်ရွက်နေချိန်တွင် တောင်ပိုင်းအရေးကိုအသုံးချ၍ အခြေနေများဆိုးရွားသွားစေမည့် မီးလောင်ရာလေပင့်လုပ်ဆောင်သူများကလည်း အလုပ်သမားများကို ပြင်ပသို့ ခေါ်ထွက်နေသည့် လုပ်ဆောင်မှုများကြောင့် မြင်းကောင်းပြေးရာ ခွာကျိုးကန့်လန့် ဖြစ်ကြောင်းအလေးအနက်သတိပေးလိုပါသည်။

Subscribe Us