Tuesday, May 15, 2018

ထိုင်းတောင်ပိုင် အလုပ်သမားများအရေး အလုပ်သမားသံအရာရှိဆောင်းရွက်လျက်ရှိ

 


ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီခရိုင် ထာ့ချမ်းမြို့ရှိ Girut ရာဘာသစ်ခွဲစက်ရုံသည် ယခုနှစ် ဧပြီလ ၃၀ရက်နေ့ မှစ၍ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်သွားသည့်နောက် စက်ရုံရှိမြန်မာအလုပ်သမား၃၅ဦးကို ယခင်လုပ်ငန်းအစား စက်ရုံသန့်ရှင်းရေးလုပ်ငန်းများခိုင်စေးခဲ့ရာ အလုပ်သမားများက မလုပ်နိုင်သဖြင့် အလုပ်သမားသံအရာရှိထံဆက်သွယ်အကူညီတောင်းခံခဲ့ကြကြောင်းသိရသည်။

အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး၏ လမ်းညွှန်ချက်ဖြင့် ပြည်ပအလုပ်လုပ်ကိုင်ရှာဖွေရေးအေဂျင်စီများအဖွဲ့ချုပ်(MOEAF)အဖွဲ့သည် ထိုင်းတောင်ပိုင်း မြန်မာ အလုပ်သမားစောင့်ရှောက်ရေးကော်မတီ(MPC)နှင့် Girut ရာဘာသစ်ခွဲစက်ရုံရှိ အလုပ်သမားများနှင့်သွားရောက်တွေ့ဆုံပြီးနောက် ထိုင်းအလုပ်သမားဥပဒေအတိုင်းနစ်နာကြေးများရရှိစေရန်ဆောင်းရွက်ပေးခဲ့ကြောင်းသိရသည်။

“အခုလိုအလုပ်နားလိုက်ရတဲ့အတွက် MOUစည်းကမ်းချက်အတိုင်း အလုပ်သမားတစ်ယောက်ကို နစ်နာကြေးတစ်လစာ၉၆၀၀ဘတ်နဲ့အလုပ်သမားတွေစတင်အလုပ်နားရတဲ့အချိန်ကနေယနေ့အချိန်ထိ လုပ်အားခ၁၂ရက်စာ၃၈၄၀ဘတ်တို့ကိုပါတစ်ခါတည်းပေးခဲ့သလို အဲဒီအလုပ်သမားတွေအလုပ်သစ်ကိုပြောင်းရွှေ့ဖို့ပါဆက်လက်ဆောင်းရွက်ပေးလျက်ရှိပါတယ်”လို့ အလုပ်သမားသံအရာရှိဦးစန်းမောင်ဦးကပြောသည်။


ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရာဘာလုပ်ငန်း၊ဆီအုန်းလုပ်ငန်းနှင့် ပင်လယ်စာထုတ်လုပ်ခြင်းလုပ်ငန်းများကိုအများဆုံးလုပ်ကိုင်လျက်ရှိပြီး၊ ၎င်းလုပ်ငန်းများတွင် မြန်မာအလုပ်သမားအများအပြားအလုပ်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။


ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် မြန်မာအလုပ်သမားများအနေဖြင့်မိမိတို့အလုပ်လုပ်ကိုင်လျက်ရှိသည့်စက်ရုံးသည် အခြေအနေအရပ်ရပ်အရ ရပ်ဆိုင်းခဲ့သည့်နောက် ဥပဒေအတိုင်းအကျိုးခံစားခွင်များကို လုပ်ငန်းရှင်မှ မဆောင်ရွက်ပေးပါက အလုပ်သမားများကိုယ်တိုင် အလုပ်သမားသံအရာရှိရုံး ဖုန်းနံပါတ်များသို့လည်းကောင်း ၊ Viber , Line , Facebook မှ လည်းကောင်းဆက်သွယ်အကြောင်းကြားနိုင်ပြီ အလုပ်သမားသံအရာရှိရုံးအနေဖြင့် သက်ဆိုင်ရာနိုင်ငံ ၏ဥပဒေနှင့်အညီ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။

-----------------------------------------

ဦးစန်းမောင်ဦး ၀၉၄၈၈၄၅၄၈၄

ဦးသန်းနိုင် ၀၆၅၂၂၀၆၉၅၂

ဦးဇော်မင်းအောင် ၀၆၅၂၂၀၆၉၅၁ (တောင်ပိုင်း၊ရနောင်း)

ဦးအောင်မင်း ၀၆၅၂၂၀၆၉၅၃ (မဲဆောက်)

ဦးဦးခင်မောင် ၀၉၉၀၅၉၂၃၅၂ (ချင်းမိုင်)


အလုပ်သမားသံအရာရှိရုံး

ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ

Subscribe Us