Wednesday, October 25, 2017

ဖိနပ်စက်ရုံအလုပ်သမားများဆန္ဒပြပွဲ အလုပ်သမားသံအရာရှိ သွားရောက်ဖြေရှင်း


သတင်း၊အလုပ်သမားဟစ်တိုင် 

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့နယ်၊ စမဲဒန်နယ်မြေ၊ ဘန်ခွန်ထီယန် (၁၀) လမ်းရှိADDA ဖိနပ်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ် သမားများဆန္ဒပြမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ 

အဆိုပါ ဆန္ဒပြပွဲသို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်၊ ထိုင်းအလုပ်သမားဝန်ကြီးဌာန ရုံးချုပ်(ဘန်ကောက်)မှ ညွှန်ကြားရေးမှူး မစ္စတာပါတရာဝစ်နှင့်အဖွဲ့၊ ခရိုင်ညွှန့်မှူး၊ဆဝါဒီကန်ရုံးမှ အရာရှိများသွားရောက်ဖြေရှင်းညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။ 



 ဖြစ်စဉ်မှာ ADDA ဖိနပ်စက်ရုံမှ ပန်းရောင်ဘတ်သက်တမ်းကုန်ဆုံးတော့ မည့်အလုပ်သမား ၂၇၁ယောက်အား ကနဦးတွင် မြန်မာပြန်၍MOU စနစ်ဖြင့် ပြန်လည် ဝင်ရောက်အလုပ်လုပ်ကိုင်ရန် သဘောတူညီထား သလို အလုပ်သမားတစ်ဦးလျှင် ၁၂၅၀၀ဘတ်နှုန်းစီကောက်ခံထားကြောင်းသိရသည်။ 


သို့ရာတွင် စက်ရုံဘက်မှ လုပ်ငန်းခွင်၏လိုအပ်ချက်အရ အလုပ်သမားများကိုမြန်မာပြန်လွှတ်၍ MOUဖြင့်ပြန်ခေါ်ရန်အဆင်မပြေမှုများရှိနေသဖြင့် CIစာအုပ်ပြုလုပ်ရန်ပြန်လည်းပြင်ဆင်ခဲ့ပြီးနောက် အေဂျင်စီတစ်ခု နှင့်ချိတ်ဆက်၍ CIစာအုပ်ပြုလုပ်ရန်ပြင်ဆင်ရာ CIစာအုပ်ပြုလုပ်ရန် ဘတ်ငွေ ၁၂၅၀၀ကုန်ကျမည်ဟု ပြောဆိုခဲ့ရာ အလုပ်သမားများက ယခုလို CIကုန်ကျငွေမှာ အဆမတန်များနေသဖြင့် စက်ရုံဘက်သို့ပြန်လည်တင်ပြရာမှ အစပြု၍ အလုပ်သမားများနှင့် စက်ရုံမှတာဝန်ရှိသူများနှင့် နာလည်းမှုများ လွဲမှားပြီးနောက် ယခုလိုဆန္ဒပြပွဲ ဖြစ်ပွားခဲ့ရကြောင်းသိရသည်။

 “စက်ရုံဘက်တွေကလည်း ဘာအားနည်းချက်ရှိနေလဲဆိုတော့ ၊ CIစာအုပ်လုပ်မယ်ဆို ဘယ်လောက် ကုန်ကျစရိတ်ရှိတယ်ဆိုတာမသိတော့၊ CIစာ အုပ်လုပ်မို့ချိတ်ဆက်လိုက်တဲ့ အေဂျင်စီတစ်ခုရဲ့ ပြောတဲ့ဈေးနှုန်းအတိုင်း သူတို့ကလည်းအလုပ်သမားတွေထံကနေ ငွေကောက်ခံတော့ အလုပ် သမားတွေ က CIစာအုပ်လုပ်မယ်ဆို ဘယ်ဈေးရှိတယ်ဆိုတာ သိနေကြ တယ်လေ၊ အခုတော့ ယခင်စီစဉ်ထားတဲ့ MOUစနစ်အတိုင်းပဲသွားတော့ မယ်လို့ စက်ရုံနဲ့အလုပ်သမားတွေ သဘောတူညီချက်ရရှိသွားပြီး ” ဟု အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်က ပြောသည်။ 

 ဆက်လက် အဆိုပါစက်ရုံမှ အလုပ်သမားများထံမှ အလုပ်ရှင်မတူကြသူများ အလုပ်ရှင်အမည်ပြောင်းရန် ကောက်ခံထားသည့် ဘတ်ငွေ ၁၀၀၀စီအား ယခုအပတ် လုပ်အားခထုတ်ပေးချိန် ပြန်ပေးရန်အလုပ်သမား သံအရာရှိဦးမိုးအောင်ခိုင်က စက်ရုံတာဝန်ရှိသူများအား အထူးသတိပေးပြောဆိုခဲ့သလို လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိသူအချို့ကိုလည်း ရသင့်ရထိုက်သည့် နစ်နာကြေးများပေးရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Subscribe Us