Monday, September 18, 2017

မယ်ဆောက် CIစင်တာသို့အလုပ်သမားသံအရာရှိသွားရောက်စစ်ဆေး



 ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ စာရင်းကောက်ယူထားသည့် အထောက်အထားမဲ့ မြန်မာအလုပ် သမားများကို စက်တာဘာလ ၁၅ရက်နေ့မှ စတင်၍ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ်များပြု လုပ်ပေး လျက်ရှိရာ မယ်ဆောက်မြို့ရှိ CIထုတ်ပေးရေးစင်တာသို့လာရောက်ပြီး Ciစာအုပ်ပြု လုပ်ကြသည့် မြန်မာအလုပ်သမားများနှင့်အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်သည် ယနေ့၌( ၁၇.၉. ၂၁၀၇၊)တွေ့ဆုံ၍ အလုပ်သမားရေးရာကိစ္စရပ်များနှင့်CIအကြောင်းသိကောင်းစရာများကို အလုပ်သမား များနှင့်အပြန်လှန်ဆွေနွေး မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။




အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်သည် မြဝတီမြို့ ကျောက်လုံးကြီး အလုပ်သမားကြိုဆိုရေး စခန်းသို့သွားရောက်ခဲ့ပြီး အလုပ်သမားရေးရာကိစ္စရပ်များနှင့်ပက်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာအလုပ်သမားများကို အချိန်နှင့်တပြေညီကူညီပေးနိုင်ရန် လိုအပ်သည်များမှာကြား ခဲ့ကြောင်းသိရသည်။

Subscribe Us