Thursday, August 10, 2017

ပက်စပိုစ့်စာအုပ်အသိမ်းခံထားရသည့် အလုပ်သမတစ်ဦးကို အလုပ်သမားသံအရာရှိကူညီ


 ၁၀.၈.၂၀၁၇၊ ဘန်ကောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နယ်၊ ဘန်ကပိနယ်မြေ လက်ဖလောင်ရပ်ကွက်၊
လမ်းနံပါတ် ၁၀၁ရှိ နေအိမ်အတွင် အိမ်ရှင်ဖြစ်သူက  အိမ်ဖော်အဖြစ်အလုပ်
လုပ်နေသူ မနန်းအိအိ ကိုင်ဆောင်သည့် ပက်စပိုစ့်ကိုသိမ်းထားပြီး
အလုပ်မှထွက်ခွင့်မပေးသည့်အတွက် အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က
ကူညီပေးခဲ့ကြောင်းသတင်းရှိရပါသည်။

မနန်းအိအိ(အသက် ၂၂နှစ်)သည် အဆိုပါနေအိမ်အတွင် အလုပ်လုပ်ကိုင်
နေသည်မှာ ၁လခန့်ရှိပြီးဖြစ်သော်လည်း အလုပ်ရှင် မိသားစု၏ ဝေယျာဝစ္စ
အ၀၀တို့၏ တာဝန်ဆောင်းရွက်မပေးနိုင်သဖြင့် အလုပ်ထွက်ခွင့်တောင်း
သော်လည်းအလုပ်ရှင်ဖြစ်သူက ထွက်ခွင့်မပေးသည့်အပြင် သူမကိုင်ဆောင်
ထားသည့် ပက်စပိုစ့်ကိုလည်း သိမ်းဆည်းခြင်းခံရကြောင်းသူက ရှင်းပြပါသည်။

“အလုပ်ရှင်မိသားစုရဲ့ဝေယျာဝစ္စတွေတင်မကဘူး သူတို့မွေးထားတဲ့ခွေးကိုပါ
ထိန်းကြောင်းပေးရနဲ့  အဲဒါ ညီမ ဒီအလုပ်မှာဆက်ပြီးမလုပ်နိုင်တော့လို့
ထွက်ခွင့်တောင်းတာ ထွက်ခွင့်မပေးတဲ့အပြင် ပက်စပိုစ့်ပါသိမ်းလိုက်တယ်၊
ပက်စပိုစ့်ကလည်း အခု၈လပိုင်း ၁ရက်နေ့မှာ ရက် ၉၀တုံးထုရတော့မယ်၊
အဲဒါလည်းသူတို့မလုပ်ပေးဘူး နောက်ပြီး သမီးကိစ္စရှိလို့အပြင်သွားလာမယ်ဆိုလည်း
ပက်စပိုစ့်မပေးဘူး ဒီအတိုင်းသွား ဘယ်သူမှမဖမ်းဘူးလို့ပြောတယ်၊ တကယ်တမ်း
ဒုက္ခရောက်ရင်သမီးပဲရောက်မှာ အဲဒါဘယ်လိုပဲတောင်းပန်ပြီးပြောပြော၊မရတော့တာ
နဲ့ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်ထံဖုန်းဆက်အကူညီတောင်းခဲ့ရတာပါ”



“ ကျွန်တော်တို့ နိုင်ငံသားတွေ ဥပဒေအရအကာကွယ်ပေးနိုင်မို့ ကျွန်တော်တို့အနေနဲ့
ထိုင်းသက်ဆိုင်ရာအဖွဲ့စည်းတွေနဲ့ရော နယ်မြေခံမြန်မာအလုပ်သမားကူညီရေးအဖွဲ့
စည်းတွေနဲ့ပါချိတ်ဆက်ပြီးအကူညီပေးမှုတွေ အစွမ်းကုန်ဆောင်ရွက်နေပါတယ်၊ အလုပ်သမား
တွေအနေနဲ့ အလုပ်သမားအခွင့်ရေး၊လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေရှိပါက ကျွန်တော်တို့
ထံ ဖုန်းဖြင့်သော်လည်းကောင်း၊ ဒါမှမဟုတ် အလုပ်သမားသံအရာရှိရုံးသို့လည်း လာရောက်
ဆက်သွယ်အကူညီတောင်းခံနိုင်ပါတယ်” လို့ အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင် မှ
ပြောသည်။


မနန်းအိအိ(အသက်၂၂နှစ်)သည် အလုပ်ရှာဖွေပေးရေး အေဂျင်စီတစ်ခု၏ ဆက်သွယ်ပေးမှု
ဖြင့်  ၂၀၁၇ခုနှစ် မေလ  ၂၄ရက်မှ  ဇူလိုင်လ ၂ရက်နေ့အထိ  ယခုလို အိမ်ဖော်အလုပ်မျိုးကို
ဘန်ကောက်မြို့နယ် စကိုဝိတ်ရပ်ကွက် လမ်းနံပါတ် (၁၀၁ )မှာ အလုပ်လုပ်ကိုင်ခဲ့ဖူးရာတွင်
အလုပ်ရှင်ဖြစ်သူ ဆရာဝန်မ၏ ခြိမ်းခြောက်မှုမျိုးစုံကိုခံခဲ့ရပြီး အိမ်ရှင်ဖြစ်သူက ပိုက်ဆံခိုးကြောင်း
စွပ်စွဲပြောဆိုပြီး ရဲခေါ်ပြီး ဖမ်းခိုင်မယ်အထိ ခြိမ်းခြောက်မှုကို ခံရသဖြင့် အဆိုပါနေအိမ်မှ
ထွက်ပြေးလာခဲ့ပြီး သူငယ်ချင်းဖြစ်သူ၏ ဆက်သွယ်ပေးမှုကြောင့် ယခုအလုပ်လုပ်ကိုင်ရာ
လက်ဖလောက်ရပ်ကွက်ရှိ နေအိမ်သို့ရောက်လာခဲ့ကြောင်း သူမက ရှင်းပြပါသည်။




Subscribe Us