Sunday, August 13, 2017

လူကုန်ကူးခြင်းခံရသော မြန်မာနိုင်ငံသား ၈ဦးကို အလုပ်သမား သံအရာရှိ ကယ်တင်



ဘန်ကောက် သြဂုတ် ၁၃ ၊ အလုပ်သမားဟစ်တိုင်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင် လေဆိပ်အနီး ဒွန်မောင်ရွာ လမ်းအမှတ် ၁၃ရှိ နေအိမ်တွင် လူကုန်ကူးခံရပြီး ချုပ်နှောင် ခံထားရသော မြန်မာအလုပ်သမား၈ ဦးကို သြဂုတ်လ ၁၃ရက်က မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က ကယ်တင် နိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

လူကုန်ကူးသည့် ပွဲစားဖြစ်သူ ဦးကျော်စွာ(ခ) သန့်ဇော်က ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ ညောင်ခုံကျေးရွာသို့ရောက်ရှိလာပြီး မိုးရွှေဇင်အေဂျင်စီမှဖြစ်ပြီး ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တွင်အလုပ်လုပ် ကိုင်လိုပါက ရေသန့်ဗူး စက်ရုံးတွင် အလုပ်လုပ်ကိုင်ရရှိမည် တစ်ဦးလျှင် မြန်မာငွေ ၅သိန်းပေးရမည်ဟု ပြောဆို စည်းရုံးခဲ့ရာ ဦးအောင်ကျော်မိုး (၄၀နှစ်)အပါ အဝင် မိတ်ဆွေ သူငယ်ချင်းများကလည်း တောင်း သည့်ငွေကိုပေးကာ လာခဲ့ကြောင်း ဦးအောင်ကျော်မိုးက ပြောသည်။



အဆိုပါ ဦးကျော်စွာ(ခ) သန့်ဇော်က ဦးအောင်ကျော်မိုး အပါအဝင်၈ဦးကို ရန်ကုန်မြို့သို့ခေါ်ဆောင်လာပြီး 
ပက်စပိုစ့်ပြုလုပ်သည့် မသီတာချို  
   ပွဲစားထံ ပို့ဆောင်းပေးပြီး PJအမျိုးစား ပက်စပို့စ်များပြုလုပ်ပေးခဲ့ကြောင်း၎င်းကရှင်းပြသည်။




“ကျွန်တော်တို့သူငယ်ချင်း၈ယောက်ကို ရန်ကုန်ကနေ မြိတ်ကို ကားနဲ့ပို့ဆောင်းပေးခဲ့တယ်၊ပြီးတော့ မောတောင်ကနေ ဘော်ဒါပက်စာအုပ်တွေကျွန်တော်တို့ကိုလုပ်ပေးပြီး၊ ဘန်ကောက်ကိုခေါ်လာတယ်၊ ဒီရောက်တော့ရေသန့်ဗူးစက်ရုံးလည်းမဟုတ်ဘူး၊ဆောက်လုပ်ရေးလုပ်ခိုင်းတယ်၊ဒီရောက်တော့မှ ကျွန်တော်တို့ကို Ciစာအုပ်တွေထပ်လုပ်မယ်လို့ပြောတယ်၊ကျွန်တော်တို့ကိုနယ်စပ်ကနေ ကားနဲ့လာခေါ် တဲ့ ကျော်စွာ(ခ) သန့်ဇော်သူငယ်ချင်းက မင်းတို့ကို ငါက ပုလိပ်အဖမ်းမခံရအောင် ကယ်လာခဲ့တာ အဲဒါကြောင့် တစ်ယောက်ကို ၅၀၀၀ဘတ်ပေးရမယ် လောလောဆယ်မရှိရင် အလုပ်လုပ်ပြီး ဆပ်ကြ လို့ပြော တယ်”ဟု၎င်းက ပြောဆိုသည်။

ခေါ်ဆောင်ခံရသူများမှာ အသက်  ၂၆နှစ် မှ အသက် ၅၅နှစ် ကြားရှိ ဦးဇော်ဇော်(အသက်-၃၆နှစ်) ၊ ဦးအောင်ကျော်မိုး(အသက် ၄၀နှစ်) ၊ဦးအံကျော်(အသက်၃၈နှစ်)၊မောင်ကောင်းမြတ်ဇော် (အသက် ၂၆နှစ်)၊ဒေါ်စန္ဒီဝင်း(အသက်၄၁နှစ်) ၊ဦးအုန်းဌေးဝင်း(အသက်၄၁နှစ်)၊ဦးတင်ဝင်း(အသက် ၅၄နှစ်) ၊ဦးတင်အောင်မိုး(အသက်၄၄နှစ်) စုစုပေါင်း အမျိုးသား ၇ ဦး နှင့်အမျိုးသမီး၁ ဦးတို့ဖြစ်သည်။


၎င်းတို့ထက် ယခင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃ဦးကိုလည်း မည်သည် နေရာသို့ပို့ဆောင် ခဲ့ကြောင်း သတင်းအစနမရရှိခဲ့ရာမှ စိုးရိမ်းစိတ်ကြီးလာခဲ့ပြီး မည်သူကို အကူညီတောင်းခံရမည် ဆိုတာ မသိရှိမီ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဖော်ပြထားသည့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံး အလုပ်သမားသံ အရာရှိ များ၏ ဖုန်းနံပါတ်ကို တွေ့ရှိပြီး ဆက်သွယ် အကူညီတောင်းခံခဲ့ကြောင်း ဦးအောင်ကျော်မိုး က ပြောသည်။

“သူတို့တွေက ဆက်သွယ် အကူ အညီတောင်းခံလာတာနဲ့ အချိန်နဲ့တပြေးညီသွားရောက်ကယ်ထုတ်လာ ခဲ့ပြီး၊ ဒီနေ့ညမှပဲမြန်မာနိုင်ငံကိုပြန်လည်းပို့ဆောင်းရေး အပါဝင်၊ လိုအပိတာတွေပါ စီစဉ်ပေးခဲ့ပါ တယ်၊ အခုဖြစ်စဉ်နှင့်ပက်သက်ပြီး ဆက်လက် လုပ်ဆောင်ရမည့် ကိစ္စရပ် တွေကိုလည်း ကျွန်တော်တို့ ဆက်လက် ဆောင်ရွက်နေပါတယ်၊ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်ပမှာ အလုပ်လုပ်ချင်တယ်ဆို မိမိတို့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့ အလုပ်သမားဌာနတွေမှာသွားရောက်စုံစမ်းမေးပြီးမှလာကြပါ” ဟု အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောသည်။


ယခုလူကုန်ကူးခံရသူများမှာ ဧရာဝတီ တိုင်ဒေသကြီး မြန်အောင်နှင့်ကြံခင်းမြို့နယ်များမှဖြစ်ပြီး သြဂုတ် ၂၀ရက်တွင် ထပ်မံ၍ ပွဲစား ဦးကျော်စွာ(ခ) သန့်ဇော်က အဆိုပါ မြို့နယ်များမှ အမျိုးသမီး ၁၈ဦးနှင့် အမျိုးသား ၂ဦးတို့ကို ထပ်မံခေါ်ဆောင်ရန်စီစဉ်နေသဖြင့် ထပ်မလာရန် ဦးအောင်ကျော်မိုးကရွာသို့ဖုန်းဆက်အကြောင်းကြားထားကြောင်းသိရသည်။



Subscribe Us