Wednesday, August 09, 2017

တရားမ၀င်နည်းဖြင့် ထိုင်းနိုင်ငံသို့ဝင်လာကြသည့် မြန်မာ၂၅ဦး ပြည်ဝင်ခွင့် ၅နှစ်အပိတ်ခံရ




သြဂုတ် ၉ ၂၀၁၇၊ မယ်ဆောက်

Temporary Border Pass တွေနဲ့ Chonburi ထိ တရားမဝင် သွားမည့် မြန်မာ ၂၅ ဦးကို မယ်ဆောက်မြို့အထွက်  -၉ကီလိုမီတာအကွာရှိပထမဆုံးစစ်ဆေးရေးဂိတ်(ဟွေဟင်ဖုံးဂိတ်)မှာ.  ထိုင်းအာဏာပိုင်များက ယနေ့တွင်း ဖမ်းစီးရမိခဲ့ပါသည်။

ထို့သို့ ဖမ်းစီးခံရသည့် မြန်မာ ၂၅ယောက်တို့ကို ပြစ်ဒဏ်တစုံတရာမကျခံစေရန် အလုပ်သမားသံအရာရှိ ဦးအောင်ခင်မြင့်မှ မယ်ဆောက်မြို့ရှိ ထိုင်းလဝကဖြင့် ညှိနှိုင်းပြီး မြန်မာပြည်သို့ နေ့ချင်ပြန်လည်း
ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။



အလုပ်သမားသံအရာရှိ၏ပန်ကြားချက်အရနှစ်နိုင်ငံတရားဝင် လွှဲပြောင်းခဲ့သော်လည်း ထိုင်းလ၀က ဥပဒေ(ဘီအီး-၂၅၂၂)အေဒီ၁၉၇၉အက်ဥပဒေအရ ၎င်း၂၅ယောက်သည် ထိုင်းနိုင်ငံသို့ ၅နှစ်အတွင်း
ပြည်ဝင်ခွင့်ပိတ်ပင်ခံရကြောင်းသိရသည်။

“မြန်မာရွှေ့ ပြောင်းအလုပ်သမားတို့ သည်မိမိတို့ ကိုင်ဆောင်ရမည့် စာရွက်စာတမ်းအထောက်အထား
တို့ ၏သဘောသဘာဝ၊ နယ်မြေအကန့် အသတ်၊အခြားလိုက်နာရမည့်စည်းကမ်းများကို ထိုင်းသို့ 
မသွားမီနှင့်သွားနေစဉ်တွင်နားလည်ကြရန်လိုအပ်ပါတယ်၊ မသိပါက နီးစပ်ရာအလုပ်သမားသံအရာရှိ ဖုန်းနှင့်အလုပ်သမားအဖွဲ့ အစည်းများ၏ဖုန်းများကိုခေါါ်ဆိုကာမေးမြန်းကြရန်လိုအပ်ပါတယ်၊ နောက်ပြီး
ပွဲစားဆိုလျှင်မည်သည့်ပွဲစားစကားမှနားမယောက်ကြရန်အထူးသတိထားကြရန်လိုအပ်ပါကြောင်း”
မယ်ဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုတော်မတီ(JACBA)ဥက္ကဌဦးမိုးကြိုး (ခေါ်)ဆရာမိုးကဝေဖန်ထောက်ပြသည်။



ပွဲစားစကားယုံစားပြီး တရားမဝင် လမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ခြင်း လုံးဝ(လုံးဝ) မပြုလုပ်ကြ ရန်အသိပေးအပ်ပါသည်။

အလုပ်သမားဟစ်တိုင်

Subscribe Us