Tuesday, August 01, 2017

ထိုင်းရောက်မြန်မာလုပ်သားများ မောတောင်နယ်စပ်ဂိတ်မှ(၁၉၃၂)ဦး . ဝင်ရောက်ခဲ့ကြ


တနင်္သာရီ - ဇူလိုင်လ ၃၁ ရက်


ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်အထောက်အထားပါမစ်မရှိသည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံ၊ဒန်စင်ခွန်း နယ်စပ်ဖြတ်သန်းဂိတ်မှတစ်ဆင့် တနင်္သာရီမြို့နယ်-မောတောင်နယ်စပ်စစ်ဆေးရေးဂိတ်သို့ ဇူလိုင်လ (၁ရက်နေ့ နံနက်ပိုင်းမှစ၍ ၃၁ရက်နေ့ ညနေ၆နာရီ နယ်စပ်ဂိတ်ပိတ်အချိန်အထိ) ပြန်လည်ဝင်ရောက်လာ သည့် စာရင်းမှာ အမျိုးသား(၁ဝ၄၁)ဦးနှင့်အမျိုးသမီး(၈၉၁)ဦး….စုစုပေါင်း(၁၉၃၂)ဦးရှိပြီဖြစ်ကြောင်း မြို့မရဲစခန်းမှသိရှိရသည်။




ထိုသို့ထိုင်းနိုင်ငံ၌နေထိုင်ခွင့်အထောက်အထားမရှိ၍ မောတောင်နယ်စပ်စစ်ဆေးရေးဂိတ်သို့ ပဲခူးတိုင်း
ဒေသကြီး၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်. စသည့်ဒေသအသီးသီး မှမြန်မာများနှင့်တိုင်းရင်းသားများဖြစ်ကြကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်လာသည့် မြန်မာအလုပ်သမားများအား အမှတ်(၁၇)ခြေလျင်တပ်ရင်းမှဒုဗိုလ်မှူးကြီးစိုးမင်းအောင်နှင့်အရာရှိများ၊တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးဒု-ရဲမှူးထွန်းလှိုင်၊ မောတောင်မြို့ အုပ် ချုပ်ရေးမှူး ဦးဇာနည်ဖြိုးထွန်းနှင့်ဝန်ထမ်းများ၊မောတောင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ရဲအုပ်မောင်မောင်
နှင့် တပ်ဖွဲ့ဝင်များ၊မောတောင်နယ်မြေရဲစခန်းမှရဲအုပ်အေးနိုင်နှင့်တပ်ဖွဲ့ဝင်များ၊မောတောင်မြို့ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်နှင့်ဝန်ထမ်းများ၊စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ ဒုတပ်ကြပ်တာဦး၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့ ရဲအုပ်ဇော်နေမင်း၊မှုခင်းရဲတပ်ဖွဲ့မှရဲအုပ်သိန်းကျော်၊ မောတောင်သတင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဗိုလ်ဗိုလ်အောင်၊ မောတောင်မြို့လူဝင်မှု ှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးမှူး ဦးမိုးကျော်ဦးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြပြီး၊ နေရပ်ပြန်ရန်အခက်အခဲရှိသူများကိုလည်း လိုအပ်သည့်ပံ့ပိုးကူညီမှုများကိုစီစဉ်ဆောင်ရွက်ပေးကြကြောင်း သတင်းရရှိသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)


Subscribe Us