Thursday, June 30, 2016

မြန်မာနှင့် ဂုဏ်သိက္ခာ


ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဖြေရှင်းရေးဆိုင်ရာကိစ္စတွေမှာ ဂုဏ် သိက္ခာဆိုတာ အင်မတန်အရေး ကြီးပါတယ်။
 မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးမရှိဘူး။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ များပြားတယ်လို့ လူ သိများပါတယ်။ အဲဒီလို ငြိမ်းချမ်း မှုမရှိခြင်း၊ ပဋိပက္ခတွေများပြားရ ခြင်းရဲ့ နောက်ကွယ်မှာ အကြောင်းအချက်များစွာ ရှိနိုင်ပါ တယ်။ အ များကတော့ အလွယ်ပဲမြန်မာနိုင် ငံမှာ ပဋိပက္ခများကြီးမားခြင်းရဲ့ နောက်ကွယ်က အကြောင်း တရား က မြန်မာနိုင်ငံဟာ နှစ်ပေါင်းများ စွာ အာဏာရှင်စနစ်အောက်မှာ ကျရောက်ခဲ့ရလို့လို့ဆိုတတ်ကြပါ တယ်။ အဲဒါက အမှန်တရားပါ။ ငြင်းဆန်လို့ မရပါဘူး။ သို့သော် တစ်ချိန်လုံး အဲဒီအမှောင်ခေတ်ကို ပဲ အပြစ် တင်နေလို့ ဘာမှဖြစ်လာ မှာမဟုတ်ပါဘူး။ မြန်မာ့ယခင် ပြဿနာ၊ ယခုပြဿနာနဲ့ နောက် လာမယ့်
 ပြဿနာ များကို အရင်း စစ်ချင့်တွက်ကြည့်ရင် အကြောင်းအချက်တစ်ခုက ဒီနိုင်ငံမှာ ဂုဏ် သိက္ခာနည်း ပါးခြင်း ဆိုတာကို တွေ့ရပါလိမ့်မယ်။

အဲဒီဂုဏ်သိက္ခာဆိုတဲ့အရာ ဟာ တိုက်တွေ၊ ကားတွေ၊ လမ်း တံတားတွေလို လက်ဆုပ်လက် ကိုင်ပြနိုင်တဲ့ အရာမျိုးမဟုတ်လေ တော့ ဂဃနဏမြင်သိတိုင်းတာ နိုင်ဖို့ကတော့ ခဲယဉ်းတတ်ပါ တယ်။ တကယ်တော့
 မြန်မာနိုင်ငံ ဟာ ဂုဏ်သိက္ခာပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဘာလုပ်လုပ် ဂုဏ်သိက္ခာဝန်း ကျင်နည်းပါးပါတယ်။ တစ်ခုခုဆို လိုက်မေးနေရတယ်။ ဒီနိုင်ငံမှာ လူလူချင်းဆက်ဆံရတဲ့ ကိစ္စတွေ ကများတော့ ပဋိပက္ခတွေက ကြီး တတ်တယ်။ အစိုးရရုံးတွေ သွား ကြည့်၊ ၀န်ထမ်းတွေနဲ့ လူချင်းမ ဆက်ဆံရတဲ့ဌာနဆိုတာ မရှိသ လောက်ပဲ။ ရထားလက်မှတ်၊ ကားလက်မှတ်ဝယ်တာတောင် လူလူချင်း ဆက်ဆံဖို့ လိုတယ်။ တချို့ကတော့ လူလူချင်းမဆက် ဆံရင် ဘယ်သူနဲ့ ဆက်ဆံရမှာတုံးလို့ အငေါ့တူးစရာ ရှိပါတယ်။စက်နဲ့ ဆက်ဆံရမှာပေါ့။ ဟိုးအဝေးက ဂျပန်တို့၊ ကိုရီးယားတို့ မပြောနဲ့။ အိမ်နီးချင်း ထိုင်းတို့၊ မလေးရှားတို့၊ မြန်မာနိုင်ငံနဲ့ နယ်ချင်းထိစပ်နေတဲ့ တရုတ်နိုင်ငံယူနန်ပြည်နယ်မှာတောင် ၀န်ဆောင်မှုအများ စုက စက်တွေနဲ့ ဖြစ်နေပြီ။ လက်မှတ်ဝယ်တာ၊ အစိုးရရုံးတွေမှာချိန်းဆိုတာတွေကအစစက်တွေအသုံးပြု
နေပြီ။ 

ဘတ်စ်ကားတွေ၊ တက္ကစီတွေဆိုလည်း စက်တွေ၊ မီတာတွေနဲ့ ဖြစ်နေပြီ။ ဒီမှာသာ ဘာလုပ်လုပ် လူလူချင်း ဆက်ဆံနေရတာဆိုတော့ လက်မှတ်ဆိုလည်း လက်သိပ်ထိုးရောင်းလိုက်သလား။ အစိုးရရုံးတွေနဲ့ ဆက်ဆံ တဲ့ နေရာမှာလည်း အမှန်လိုအပ်လို့ ချိန်းဆိုတယ်ဆိုရင်တောင် ရစ်များရစ်လိုက်သလားဆိုတာမျိုး လူတွေ က တွေးတတ်ကြတယ်။ နှစ်ဖက်စလုံးအတွက် ဂုဏ်သိက္ခာမရှိဘူးပေါ့ဗျာ။


မြန်မာနိုင်ငံမှာ ဂုဏ်သိက္ခာ ဆိုတာကို သမိုင်းနဲ့ ချီပြီး သုံးသပ် လိုက်တော့ နိုင်ငံရေးပေါ့။ အဲဒါ သွားတွေ့ တယ်။ နိုင်ငံရေးမကောင်းခဲ့ဘူးပေါ့။ ဒီမှာက အာဏာရှင် လက်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရ တာ
လေ။ မြန်မာဘုရင်တွေ လက်ထက်ကတည်းက နည်းနည်း မှ မလှုပ်ရဲဘူး။ နောက်အင်္ဂလိပ် လက်ထက်၊ ဂျပန်လက်ထက်ဆို တာလည်း တိုင်းတစ်ပါးလက် အောက်လေ။ ဘယ်မှာဂုဏ်သိက္ခာရှိရှိ နေနိုင်ပါ့မလဲ။ လွတ် လပ်ရေးရပြီးတော့လည်း အချင်း ချင်းမသင့်မြတ်။ နောက်တော့ ဆို ရှယ်လစ်စနစ်၊ စစ်အာဏာရှင် လက်ထက်မှာ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာဆိုတာဆုံးပြီးရင် ဆုံး ရှုံး။ ဒီမှာကတော့ ဘာဖြစ်ဖြစ် အဆင် မပြေ တာတွေဖြစ်ရင် အစိုးရကို စနစ်ကိုပုံချနေတာကတော့ အကျင့်လို ဖြစ်နေပြီလေ။ 
တကယ် တော့ နိုင်ငံသားတွေကိုယ်တိုင်က နိုင်ငံသားကောင်း အရည်အသွေး တွေ အားနည်းတယ်။ ပြည့်ဝ ရင့် ကျက်မှု အားနည်းတယ်။ ဖျက်ဆီး တယ်ဆိုတာ တစ်ဖက်က ဖျက် ဆီးချင်တိုင်း ဖျက်ဆီးလို့ မရဘူး။ အသိ စိတ်ရှိရင်၊ အသိစိတ်ကြီးရင် ဖျက်ဆီးလို့ မရဘူး။ လုပ်တယ် ဆိုတာ လုပ်လို့ရလို့သာ လုပ်တာ ဖြစ်တယ်။ မရရင် မလုပ်ဘူး။ ဒီမှာက မင်းအလှည့်ပြီး ငါ့အလှည့်ဆို တာမျိုးကများနေတယ်။ ဝေဖန် မယ်၊ ပြစ်တင်မယ် ဆိုရင်တောင် အခုမှ လာပြောမနေနဲ့။ အရင် တုန်းက ပြောခဲ့လို့လား။ ပြောရဲလို့လားဆိုတာမျိုးရှိတယ်။

တကယ်တော့ နိုင်ငံရေးမှာ ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီဆိုတာ ဆက်စပ်နေတယ်။ အာဏာရှင် စနစ်မှာ ဂုဏ် သိက္ခာဆိုတာ အုပ် ချုပ်သူလူတန်းစားတစ်ရပ်ကိုပဲ ကိုယ်စားပြုတယ်။ ပြည်သူတွေ ဟာ အုပ်ချုပ်သူတွေရဲ့ မျက်နှာကိုကြည့်ရတယ်။ ရာထူး၊ အာဏာ၊ အခွင့်အရေးရဖို့ အုပ်ချုပ်သူတွေနဲ့ အဆင်ပြေအောင်ပေါင်း ရတယ်။ လိုအပ်ရင်လူနဲ့ပါ ရင်းရတယ်။ ဒီမိုကရေစီစနစ်မှာကျတော့ ဂုဏ် သိက္ခာဆိုတာ အုပ်ချုပ်သူရော
၊ ပြည်သူကိုရော ကိုယ်စားပြုတယ်။အုပ်ချုပ်သူတွေဟာ ပြည်သူတွေ ရဲ့ မျက်နှာကို ကြည့်ရတယ်။ 
အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံဆိုတာ တစ်ပြေး ညီပဲ ဖြစ်ရမယ်။ ဒါတွေက ယေဘု ယျပြောတာဖြစ်တယ်။ ဒီကမ္ဘာ ကြီးမှာ လေ့လာကြည့်ရင် ဒီမိုက ရေစီနိုင်ငံတိုင်း ဂုဏ်သိက္ခာဆို တာကိုတော့ အာမခံနိုင်တာတော့ မဟုတ်ဘူး။ တချို့ဒီမိုကရေစီနိုင်ငံ တွေလည်း စုတ်ပြတ်နေတာရှိ တယ်။ နိုင်ငံတစ်ခုဟာ စီးပွားရေး၊ ပညာ
ရေး၊ လူမှုရေးအောက်တန်း၊ နောက်တန်းကျသွားပြီဆိုရင် တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာဆိုတာ ပါ ထိခိုက် ကျဆင်းသွားတတ် တယ်။ အာဏာပိုင်နိုင်ငံဖြစ်သော် လည်း စီးပွားရေးတစ်ပြေးညီဖွံ့ဖြိုး တိုးတက်အောင် စွမ်းဆောင်နိုင် ရင် တစ်မျိုးသားလုံးဂုဏ်သိက္ခာ မြင့်မားတတ်တယ်။

ဒီနိုင်ငံမှာ ဂုဏ်သိက္ခာဆိုတာနေရာတိုင်းမှာ ပျောက်ဆုံးနေတာ သတိပြုမိကြပါလိမ့်မယ်။ တချို့ ကတော့ ဂုဏ်သိက္ခာဆိုတာ ဘာ မှန်းလဲကို မသိကြပါဘူး။ ဂုဏ် သိက္ခာကင်းမဲ့တဲ့ ၀န်းကျင်မှာ ကြီး ပြင်း၊ ပညာက နည်း၊ အမှုမဲ့ အမှတ်မဲ့နေ၊ အမှား၊ အမှန်ကို မဝေဖန်၊ မပိုင်းခြားနိုင်၊ ငွေရဖို့က အဓိကပဲ။ ကိုယ်နဲ့ ကိုယ့် မိသား စုအဆင်ပြေ ဖို့က အဓိကပဲ။ ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်ဘူး။ ငါတစ်ယောက်တည်း ပြောင်းလဲလို့ ဘာမှ ထူး မှာ မဟုတ် ပါဘူးဆိုတဲ့ လူတွေများတဲ့ လူ့အ ဖွဲ့အစည်းဟာ ကြောက်ဖို့ ကောင်းတယ်။ အတ္တတွေများကြတာပေါ့။ ဂုဏ်သိက္ခာဆိုတာ နေရာတိုင်းမှာ ပျောက်ဆုံးနေတယ်လို့ ပြောခဲ့ 
တယ်နော်။ မြန်မာ့နေ့စဉ်ဝန်းကျင် ကို ဂုဏ်သိက္ခာနဲ့ဆက်စပ်ပြီး နည်းနည်းကြည့်ရအောင်။ 
ဘတ်စ်ကားတွေကြည့်၊ စီးတဲ့သူရော၊ မောင်း တဲ့သူရော ဂုဏ်သိက္ခာဆိုတာမရှိ ဘူး။ ခုံတွေစုတ်တယ်။ ကားတွေ စုတ်တယ်။ လမ်းတွေ မကောင်း ဘူး။ ကားသမား၊ စပယ်ယာတွေ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ကြမ်းတမ်းတယ်။ ကားထဲမှာ တွန်း ထိုးအဆက်အဆံခံရတယ်။ ကား ပေါ်က ဆွဲတင်ခံရ၊ တွန်းချခံရ တယ်။
 မောင်းသူရော၊ စီးသူရော ဂုဏ်သိက္ခာမဲ့တယ်ဗျာ။ နေ့စဉ် ရောင်းဝယ်မှုကိစ္စတွေမှာဆိုလည်း ငွေကြေး ပိုက်ဆံကိုပဲ အဓိကထား အသုံးပြုရတယ်။ အရင် ခေတ်တွေကထက်စာရင် ပိုက်ဆံအဟောင်း ကိစ္စနည်း သွားတယ်ဆိုပေမယ့် အခုထိ မကြာမကြာတွေ့နေရ တုန်းပါပဲ။ ပိုက်ဆံထုတ်ဝေတဲ့ နိုင်ငံတော်ရော၊ သုံးစွဲ ရတဲ့ ပြည်သူ တွေရော ဂုဏ်သိက္ခာမဲ့တယ်ဗျာ။ အစိုးရဌာနတွေနဲ့ ဆက်ဆံရင် ခဏစောင့်ပါဦး။
 နောက်တစ်နေ့ လာ ကြည့်ပါ။ 
လုပ်လိုက်ပါ့မယ်ဆိုပြီး မျှောထားတာ စောင့်ရတဲ့ ပြည်သူ တွေအဖို့ အဲဒါဂုဏ်သိက္ခာပဲ ဖြစ် ပါတယ်။ ပြည်သူတွေဘက်က လည်း အစိုးရ၀န်ထမ်းတွေဆို ထစ်ခနဲရှိရစ်တတ်ကြတဲ့ အကျင့် သိက္ခာမရှိ တောင်းရမ်းတတ်သူ တွေလို့ မြင်တာ ဂုဏ်သိက္ခာပဲ ဖြစ်ပါတယ်။ အစိုးရ၀န်ထမ်းတွေရော၊ဆက်ဆံရတဲ့ ပြည်သူတွေရော ဂုဏ်သိက္ခာမဲ့တယ်ပေါ့ဗျာ။

ပြည်တွင်းမှာတင် မဟုတ်ဘူး။ ပြည်ပမှာလည်း မြန်မာလူ မျိုးတွေ ဂုဏ်သိက္ခာမဲ့တာ အားလုံးသိပါတယ်နော်။
 ပြည်တွင်းမှာက အမှုမဲ့၊ အမှတ်မဲ့နေလို့ရပေ မယ့် ပြည်ပမှာကျတော့ အလုပ် ကြမ်းလုပ်ကြရတဲ့ မြန်မာတွေ
က အများစုလေ။ တစ်လောကပဲ ထိုင်းမှာ ပြည့်တန်ဆာခန်းဝင်ဖမ်း တယ်။ ဖမ်းဆီးရမိသူ မိန်းကလေး တစ် ၀က် မက မြန်မာမိန်းကလေး တွေတဲ့။ ထိုင်းမီဒီယာတွေမှာတော့ ၉၀ ရာခိုင်နှုန်းဆိုပြီး သတင်းတွေ တက်နေ ခဲ့ တယ်။ တချိန်ကတော့ မြန်မာတချို့က ထိုင်းနိုင်ငံကို တစ် နိုင်ငံလုံးပြည့်တန်ဆာလုပ်စားနေ တဲ့ နိုင်ငံ၊ ဘာ၊ ညာနဲ့ ၀ဋ်ဆိုတာ လည်တတ်တယ်နော်။ ဒီအစိုးရ အသစ်လက်ထက်မှာ တစ်ချီတစ် မောင်းတော့ ရုန်းကြည့်ဦးပေါ့ မြန်မာရယ်။ ဒီတစ်ခေါက်အဆင်မ ချောဘူးဆိုရင်တော့ ရင်လေး တယ်ဗျာ။ စာရေးသူက တက္ကစီစီးလေ့ရှိတာကြောင့် တက္ကစီသမားတွေနဲ့ စကားပြော ရင် တချို့အတော်များများက ထိုင်းပြန်တွေ၊ မလေးပြန်တွေဖြစ်နေတတ်တယ်။ သူတို့ ဟိုမှာ ဘယ်လိုအနေရကျပ်တယ်။

ဂုဏ်သိက္ခာမဲ့တယ်ဆိုတာမျိုးတွေ ပြောပြကြတယ်။ ကိုယ်က သူတို့နိုင်ငံသားမှ မဟုတ်တာပဲလေ။ သူများကို မကျေနပ်ရင် သူများထက်သာအောင် ကြိုးစားပြရတယ်။ မကျေမနပ်တက်ခေါက်နေလို့တော့ အရင်လိုသူများနိုင်ငံကို ၀ါးရင်းတုတ်နဲ့ တက်သိမ်းလို့ရတယ်ဆိုတဲ့ ခေတ်ကကျန်ခဲ့ပြီ။ အခုခေတ်က ပညာနဲ့ သိမ်းရတဲ့ခေတ်။ မြန်မာအများစုဟာ ၀မ်းနည်းစရာပဲ။ ဆင်းရဲခြင်းကလည်း လွတ်ကင်းအောင် မလုပ်ဆောင်နိုင်။ ပညာကနည်း။ သူများနိုင်ငံမှာ အလုပ်ကြမ်းလုပ်။ ပြန်လာ။ တက္ကစီမောင်း၊ ကွမ်းစား၊ ဆေးလိပ်သောက်၊ ဘီယာဆိုင်ထိုင်၊ အနှိပ်ခန်းသွား၊ အားလုံးတော့ မဟုတ်ပါဘူး။ လူ့ဘ၀ရတုန်း လူ့အရသာခံချင်တဲ့သူများနေတယ်ဗျာ။ နောက်မျိုးဆက်ကို ပညာအမွေ၊ ဂုဏ်သိက္ခာအမွေလက်ဆင့်ကမ်းမယ်ဆိုတဲ့ သူမျိုးက အနည်းစုလို ဖြစ်နေတယ်။

ဒီလောက်ပဲဗျာ။ ဂုဏ်သိက္ခာဆိုတာ ရေးရင် အများကြီးရတယ်။ပြည်တွင်းငြိမ်းချမ်းရေးကနေ ဒုက္ခသည် ပြန်လည်နေရာချထားရေး အထိ ဆက်စပ်တယ်။ ဒီနိုင်ငံမှာ ဂုဏ်သိက္ခာရှိတဲ့ အခင်းအကျင်း တစ်ရပ်မဖော်ဆောင်နိုင်ဘဲ စစ် မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ဆိုတာ မ လွယ်လှပါဘူး။ ပြည်ပအိမ်နီးချင်းနိုင်ငံခြား တိုင်းပြည်တွေဆိုရင် လည်း လူမှုအဆင့်အတန်းမြင့်လာ တာနဲ့အမျှ တစ်မျိုးသားလုံးရဲ့ ဂုဏ်သိက္ခာဆိုတာလည်း အလို အလျောက် မြင့်တက်လာတယ်။ ဒီမှာကတော့ အမေစုကို တိုင်တည်တာနဲ့တင် ပတ်ချာလည်ရိုက်နေ သလားလို့ တွေးမိတယ်။ ကိုယ် တိုင်ကျတော့ လိုက်ပါကျင့်ကြံ ပြောင်းလဲနိုင်ဖို့ စိတ်ကူးနည်း တတ်ကြတယ်။ အမေစုကြိုးစား သလို ကြိုးစားကြလေ။ အမေစုရဲ့ တစ်ဝက်ပဲ ကြိုးစားအားထုတ်မှု ပြုပါ။ တစ်နိုင်ငံလုံး ဂုဏ်သိက္ခာ ဆိုတာ အထိုက်အလျောက်တိုး တက်လာလိမ့်မယ်။ ဗိုလ်ချုပ်တုန်းကလည်း ဒီလိုပဲ။ ဗိုလ်အောင်ဆန်း လိုသူရဲကောင်းတွေ မွေးကြရမယ်ဆိုပြီး နောက်ဆုံးအချင်းချင်းထ သတ်ကြတာပဲလေ။ ခေတ်ကို ချည်းပဲ အပြစ်မတင်နဲ့။ အဖိနှိပ်ခံ ရတိုင်း ဂုဏ်သိက္ခာဆိုတာ ဆုံးပါး တာ မဟုတ်ဘူး။ ကိုယ့်အပေါ်မှာ အများကြီးမူတည်တယ်။ ဘယ် အခြေအနေမှာပဲ ဖြစ်ဖြစ် ကြိုးစား အားထုတ်ရင် ဂုဏ်သိက္ခာရှိရှိ နေ ထိုင်ရှင်သန်နိုင်ပါလိမ့်မယ်။



အောင်အောင်(IR)
Thursday, June 30, 2016
7 Day Daily

Subscribe Us