Thursday, June 30, 2016

အမယ်ဘုတ်၏ ချည်ခင်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသို့ သုံးရက်ကြာ သွားရောက်ခဲ့သော သတင်းက ပြည်တွင်းပြည်ပရှိ မီဒီယာ မျက်နှာ စာပေါ်တွင် နေရာယူ ခဲ့သည်။ ခေတ်အဆက်ဆက် အောက် ကျနောက်ကျနိုင် ခဲ့သော မြန်မာအလုပ်သမားများ၏ မျှော်လင့်ချက်ရောင်ခြည် က တောက်ပလာခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယုသ်ချန်အို ချာနှင့် ဒေါ်အောင်ဆန်းစုကြည် တို့ ပြု လုပ်သော ပူးတွဲသတင်းစာရှင်း လင်း ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မိမိအနေဖြင့် အချိန်အခါသင့်သောအခါ မြန်မာနိုင်ငံမှ ရွှေ့ ပြောင်း အလုပ် သမားအားလုံးကို နိုင်ငံသို့ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း ကတိပြုပြော ဆိုခဲ့သည်။

အကယ်စင်စစ် ပြည်ပသို့သွားရောက်ကာ အလုပ်လုပ်နေကြသော ထိုသို့ များပြားလှသည့် အလုပ်သမား
များသည် ပြည်ပနိုင်ငံ၌ လွယ်လင့် တကူချော မွေ့စွာ နေထိုင်လုပ်ကိုင်ကြရသည်မျိုးမဟုတ်။ အာဏာပိုင် များ၊ အဖွဲ့အစည်းများ၊ အလုပ် ရှင်များက အလုပ်သမားများအပေါ် ကိုယ်ကျိုးရှာအမြတ်ထုတ်မှုမျိုးစုံ ကျူး လွန်ခြင်း များကို လည်း ခံကြရသည်။ ထို့အပြင် မြန်မာအလုပ်သမားများသည် ဥပဒေမဲ့ဗိုလ်ကျစိုးမိုးမှုများ အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အမှုဆင်ထောင်ချခြင်း၊ သတ်ဖြတ်ခြင်းများကိုလည်းခံနေကြရ သည်။

ပြည်ပရောက်မြန်မာများကို ကာကွယ်ပေးရန် တာဝန်ရှိသော မြန်မာသံရုံးများအနေဖြင့်လည်း အားနည်း ချက်များ၊ လျစ်လျူရှုမှုများရှိခဲ့သည်။ ထို့ကြောင့် ပြည်ပနိုင်ငံများတွင် အကျဉ်းကျနေသော နိုင်ငံသား များအား
မြန်မာသံရုံးများအနေဖြင့်အကာအကွယ်ပေးရန်နှင့် ထောင်ဝင်စာမှန်မှန်ပို့ရန် ဒေါ်အောင်ဆန်းစုကြည်က
တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ များပြားလှသည့် အလုပ်သမားများသည် ပြည်ပနိုင်ငံ၌ လွယ်လင့်တကူချော မွေ့စွာ နေထိုင် လုပ်ကိုင် ကြ ရသည်မျိုးမဟုတ်။ အာဏာပိုင်များ၊ အဖွဲ့အစည်းများ၊ အလုပ် ရှင်များက အလုပ်သမားများအပေါ် ကိုယ် ကျိုးရှာအမြတ်ထုတ်မှုမျိုးစုံ ကျူးလွန်ခြင်းများကို လည်း ခံကြရသည်။ ထို့အပြင် မြန်မာအလုပ်သမားများသည် ဥပဒေမဲ့ဗိုလ်ကျစိုးမိုးမှုများ အပြင် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ အမှုဆင်ထောင်ချခြင်း၊ သတ်ဖြတ်ခြင်း များ ကိုလည်း ခံနေကြရသည်။ ပြည်ပရောက်မြန်မာများကို ကာကွယ်ပေးရန် တာဝန်ရှိသော မြန်မာ သံရုံး များအနေဖြင့်လည်း အားနည်းချက်များ၊ လျစ်လျူရှုမှုများရှိခဲ့သည်။ ထို့ကြောင့် ပြည်ပနိုင်ငံများတွင်အကျဉ်း ကျနေသော နိုင်ငံသားများအား မြန်မာသံရုံးများအနေဖြင့် အကာအကွယ်ပေးရန်နှင့် ထောင်ဝင်စာမှန်မှန် ပို့ရန်ဒေါ်အောင်ဆန်းစုကြည်ကတိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံရှိ ဘန်ခွမ်အကျဉ်းထောင်တွင် အကျဉ်းကျမြန်မာနိုင်ငံသား များ ထောင် ဝင်စာလာတွေ့ သူမရှိ သဖြင့် အခက်တွေ့နေကြောင်း" ဒေါ်အောင်ဆန်းစုကြည်အား ထိုင်း နိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမား အခွင့် အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက တင်ပြခဲ့ပြီးနောက် ထိုသို့ တိုက်တွန်းပြောကြား လိုက်ခြင်းဖြစ် သည်။ ထို့ပြင် ဒေါ်အောင်ဆန်း စုကြည်က 'အလုပ်သမားဝန်ကြီးဌာနတွေ၊ သံရုံးတွေက ကိုယ့်နိုင်ငံသူနိုင်ငံ သားတွေကို ကာကွယ်စောင့်ရှောက်ရမယ်။ ပေးသင့်ပေးထိုက်တဲ့ အကူ အညီအားလုံးကို ပေးရမယ်။ ဘယ်
တော့မှ ပစ်ပယ်မထားဘူး။ အိမ်ရှင်နိုင်ငံ ရဲ့ဥပဒေကို လေးစားပြီးတော့ တာဝန်ယူရ မယ်''ဟု ပြောခဲ့သည်။

စင်စစ် သံရုံးသည် မိမိနိုင်ငံသားများကို မိမိတာဝန်ကျသည့်နိုင်ငံတွင် ကူညီကာကွယ် ထောက်ပံ့ရန် တာဝန် အပြည့် ရှိသော အဖွဲ့အစည်းဖြစ်သည်။ သို့သော် ယခင်အစိုးရများ လက်ထက်ရှိ သံရုံးဝန်ထမ်းများမှာ မိမိ တာဝန် ကျရာနိုင်ငံရှိ မြန်မာနိုင်ငံသားများထံမှ အခွန်ငွေကောက်ခံရန်အတွက်သာ တာဝန်ရှိသည်ဟု မှတ်
ယူထားပြီး နိုင်ငံသားများကြုံ တွေ့နေရသည့် အခက်အခဲပြဿနာများကို ခေါင်းခံဖြေရှင်းခြင်းမပြုဘဲ မျက်နှာ လွှဲခြင်း မျိုးများသာ ရှိခဲ့သည်။


ထို့ကြောင့် ပြည်ပရောက်မြန်မာအများစုက မြန်မာသံရုံးအား သံရုံး ဟုမခေါ်ဘဲ အခွန်ရုံးဟု ခေါ်ဝေါ် သည်များ အထိရှိခဲ့ကြောင်း သိရသည်။

အကယ်စင်စစ် ပြည်ပရောက် မြန်မာအလုပ်သမားအရေးသည် အမယ်ဘုတ် ၏ ရှုပ် ထွေးနေသော ချည်ခင် လိုရှင်းလင်းရန် ခက်ခဲနေသောကိစ္စရပ်ဖြစ်aပသည်။ ထို့ကြောင့် ယခုတစ်ပတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ယင်းအခက် အခဲ၊ ပြဿနာများကို သုံးသပ်ဝေဖန် သည့် ဆောင်းပါးတချို့အား ထည့်သွင်းဖော်ပြထား ပါကြောင်း

အယ်ဒီတာ
Yangon Media Group

Subscribe Us