Tuesday, March 29, 2016

နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး

 



နွားနို့သောက်တဲ့ အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေ ထည့်ပြီးသောက် တာထက် နနွင်း ထည့်သောက် ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်း လက်ဖက်ရည်ဇွန်း ဝက် ဒါမှမဟုတ် လတ်လတ် ဆတ်ဆတ် နနွင်းတက် တစ်လက်မ အရွယ်လောက် ထည့်ပြီး ၁၅ မိနစ် လောက်နေ ရင် သောက်လို့ရပါပြီ။


နနွင်းက သဘာဝဆေးဖက်ဝင် ပစ္စည်းဖြစ်တာ မို့ နွားနို့ နဲ့ရောသောက်ပေးတဲ့ အခါ အအေးမိ၊ ချောင်း ဆိုး ဝေဒနာ အမျိုး မျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။


နောက်ပြီး သွေးများကို သန့်စင်စေကာ သွေးလည် ပတ်မှု ကောင်း မွန်စေပြီး အသည်း ကျန်းမာရေး အတွက်ပါ အကျိုးပြုပါတယ်။ နနွင်း မှာ ရောင်ရမ်းတာတွေ သက်သာစေနိုင်စွမ်း ရှိတာကြောင့် အဆစ် အမြစ်နာကျင် ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေ ဖြစ်ရင် အကောင်းဆုံးသဘာဝ ဆေးဖြစ်လို့ အရိုး အဆစ်တွေသန် မာဖို့အတွက်ဆိုရင် ပုံမှန်သောက်ပေးသင့်ပါတယ်။


နနွင်းမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ အာဟာရ ဓာတ်တွေ ရှိတာကြောင့် ခေါင်းကိုက်တာ တွေ သက်သာပျောက်ကင်းစေ ပါတယ်။ အထူးသဖြင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ခေါင်းကိုက် တာမျိုးတွေကို အထူးသက်သာစေတယ်လို့ ဆိုပါတယ်။


ဒါတင်မက ကိုယ်ခံစွမ်းအား ကိုမြှင့်တင်ပေးနိုင်စွမ်းရှိပြီး ရောဂါပိုးမွှားတွေ မဝင်အောင်လည်း ကာ ကွယ်ပေးနိုင် ကာ အသည်းရောင်အသားဝါ၊ ကင်ဆာနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ အယ်လ်ဇိုင်းမားရော ဂါတွေ မဖြစ်အောင်လည်း ကာကွယ်နိုင် ပါတယ်။


အိပ်မပျော်သူတွေဆိုရင်လည်း အိပ်ခါနီးမှာ နနွင်းရောထားတဲ့နွားနို့ ပူပူလေးသောက်ပေးရင် စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အမျိုးသမီးတွေ ဓမ္မတာကြောင့် နာကျင်ကိုက်ခဲရင် နနွင်းနွားနို့ပူပူလေး သောက်ပေးသင့် တယ်လို့ ဆိုပါတယ်။


နောက်ပြီး နနွင်းနို့က အသားအရေကို အရွယ်တင်နုပျို ကျန်းမာစေတာကြောင့် လှချင်ပချင်သူတွေတော့ အကြိုက်တွေ့ကြမှာပါ။ နနွင်းက ခန္ဓာကိုယ်ထဲက အဆီတွေကို ဖယ်ရှားပေးတာမို့ ကိုယ်အလေးချိန် လျှော့ ချချင်သူတွေ နွားနို့ထဲ သကြားတွေထည့်သောက်မယ့်အစား နနွင်းထည့်ပြီးသောက်ကြည့်လိုက်ပါ။


—Ref: healthmeup

7Day Daily

Subscribe Us