Sunday, October 04, 2015

သနပ်ခါး လူတစ်ယောက်နှင့် အိတ်စ်ပို့ဈေးကွက်



သနပ်ခါးဆိုတာ မြန်မာတို့ရဲ့ရိုးရာအလှအပဆိုင်ရာကုန်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရှေးတုန်းကတည်းက ဒီကုန် ပစ္စည်းတွေရဲ့ဈေးကွက်က မြန်မာတစ်ပြည် လုံးမှာရှိနေခဲ့သလို ဒီနေ့ခေတ်ပြည်ပအလှကုန်ပစ္စည်းတွေ တနင့် တပိုးဝင်လာတဲ့အချိန်မှာတောင် သနပ်ခါးဈေးကွက်က ခိုင်ခိုင်မာမာရှိနေတုန်းဖြစ်ပါ တယ်။

ဒီနေရာမှာ သနပ်ခါးဈေးကွက်ဆိုရင် လူအများစုအနေနဲ့ "ရွှေပြည်နန်း" ဆိုတဲ့အမှတ်တံဆိပ်ကို ပြေးမြင်မိကြ မယ် ထင်ပါတယ်။ လက်ရှိဒီတံဆိပ်ဟာ ပြည်တွင်းဈေးကွက်မှာ အောင်မြင်နေရုံ သာမက ပြည်ပဈေးကွက် ကို ပါ ထိုးထောက်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ရွှေပြည်နန်း သနပ်ခါးအနေနဲ့ သူ့ရဲ့ရပ်တည်မှုကို ဘယ်လိုတည်ဆောက် ခဲ့သလဲဆို တာသိနိုင်ဖို့ ဒီလမျက်နှာဖုံးဆောင်းပါးကနေ စီစဉ်တင်ဆက်ပေး လိုက်ပါ တယ်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် ။    ။ B2B Magazine က စီးပွားရေး လုပ်ငန်းရှင်တွေကို အင်တာဗျူး လုပ်လေ့ရှိပါတယ်။ လုပ်ရတဲ့အကြောင်း ရင်းကလည်း အောင်မြင်တဲ့လူတွေကိုအားကျ စေချင်တာ၊ နမူနာ ယူစေချင် တာပေါ့။ အဲဒီတော့ဆရာတို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကြည့်တဲ့ အခါ  နိုင်ငံတော်ကို ပြောင်းချင်ရင် ပုဂ္ဂလိကစီးပွားရေးက အခြေခံပဲ။ အခုဆို ခေတ်တွေစနစ်တွေက ပြောင်းသွားပြီ။ အဲဒီအခါကျတော့ ပုဂ္ဂလိက လုပ်ငန်းမှာလုပ်တဲ့လူ တွေကို ဆရာက တစ်လတစ်ခါ Cover Story   အနေနဲ့လုပ် တာပါ။ အဲဒီတော့ဆရာ ပထမဆုံး နည်းနည်း သိချင် တာကတော့ လုပ်ငန်းစခဲ့တဲ့နောက်ခံလေးကို နည်းနည်းပြောစေ ချင်ပါတယ်။




ဦးကျော်မင်း ။   ။ ရွှေပြည်နန်းကို ၁၉၉၁ ခုနှစ်၊ ဧပြီလမှာစခဲ့ပါ တယ်ဆရာ။ ကျွန်တော် ၁၉၉၀ ပြည့်နှစ်မှာ အိမ်ထောင်ကျပါတယ်။ နောက်တစ်နှစ် ကြာတော့ အဲဒီရွှေပြည်နန်းကိုစခဲ့ပါတယ်။ ကျွန်တော် တို့စခဲ့တဲ့အချိန် တုန်းက အလုပ်သမားလေးယောက်နဲ့စတာပါ။ အဲဒီ အချိန်ကာလမှာရှိတဲ့သနပ်ခါး လုပ်ငန်းရှင် အများကြီးရှိပါ တယ်။ အဲဒီအချိန်မှာ လူငယ်စိတ်လည်းဖြစ်တဲ့ အခါကျတော့ သူများနဲ့ မတူတာကိုပဲလုပ်ချင်တယ်။ အိုင်ဒီယာ နဲ့ ဒီဇိုင်း၊ ထုပ်ပိုးမှုကအစ သူများနဲ့မတူအောင်လုပ်တဲ့အတွက် လူတွေရဲ့အားပေးမှု ကိုလည်း တော်တော် ကိုရသွားပါတယ်။ အဲဒီမှာနေရာတစ်နေရာရပါတယ်။ ရတဲ့အခါကျတော့ အဲဒီအချိန်မှာသနပ်ခါးလုပ်ငန်းဟာ အလှကုန် လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် ရေမွှေးသုံးရပါတယ်။ အဲဒီအချိန်က တိုင်းပြည်က အရမ်းကြီးမပွင့်
သေး တဲ့အခါကျတော့ မြန်မာနိုင်ငံမှာ နာမည်ကြီးရေမွှေးကုမ္ပဏီဆိုရင် တရားဝင်က တစ်ခုလောက်ပဲ ရှိ တယ်။ အဲဒီမှာ Dragoco ဆိုတဲ့ကုမ္ပဏီပေါ့။

အဲဒီကုမ္ပဏီကို လုပ်တာက မစ္စတာရှားမားပေါ့။ သူက မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူ အဖွဲ့ချုပ်ဥက္ကဋ္ဌပေါ့။ သူ့ ဆီက ရေမွှေးဝယ်ရတယ်။ ၀ယ်ရတဲ့အခါ ကျတော့ သူနဲ့ရင်းနှီးသွားပြီးတော့ သူနဲ့ကျွန်တော်တို့နဲ့က အဲဒီအချိန် မှာ အဆင့်အရမ်းကွာပါတယ်။ ဒါပေမဲ့သူ့အနေနဲ့ လူငယ်တွေ ကိုလည်း အားပေးတယ်။ ကျွန်တော်တို့ ရဲ့ ကြိုးစား မှု၊ ရိုးသားမှုကို သူကသိသလို သူ့ Buyer လည်းဖြစ်တာက တစ်ကြောင်း၊ သူ့ရဲ့ စိတ်နေစိတ်ထားက လည်းကောင်းတော့ ကျွန်တော်တို့ကို မျှမျှတတ တန်းတူထားပြီးတော့ဆက်ဆံတယ်။ အဲဒီအချိန်မှာ သူဘာ လုပ်လဲ ဆိုတော့ အမေရိကက Procter & Gamble ကထုတ်တဲ့ပစ္စည်း တချို့၊ ဥပမာ- Vicks တို့၊ Mazfactor တို့၊ အဲဒါလေးကို သွင်းပြီးတော့ရောင်းတယ်။ ဒါပေမဲ့လည်း သိပ်ပြီးတော့မတွင်ကျယ် ဘူး။ 


ကျွန်တော်တို့က လုပ်ငန်းအတွေ့အကြုံရှိပါတယ်။ လုပ်ငန်း အတွေ့အကြုံရှိတယ်ဆိုတာလည်း နမူနာပြော ရင် ကျွန်တော်က ဆယ်တန်းကို ၁၉၇၉ မှာအောင်ပြီးတော့ စာပေးစာယူတက်ပါတယ်။ အလုပ်တစ်ဖက်နဲ့ လုပ်တော့ ကျွန်တော် ရွှေပြည်နန်းကိုစလုပ်တဲ့ အချိန်ဆိုရင် ၁၂ နှစ်လောက်ဖြစ်သွားတာပေါ့။ ကြားထဲမှာ လည်း လုပ်ငန်းအစုံပေါ့။ လုပ်ငန်းဆိုတာ တကယ်တမ်းတော့ ပြင်ပဈေး ကွက်ကို ရောက်သွားတာလည်း ပါ တယ်။ မရောက်သွားတာလည်း ပါတယ်။ အောင်မြင်တာတွေလည်းရှိတယ်။ မအောင်မြင်တာလည်း ရှိတယ်။ လုပ်ငန်းအမျိုးအစားဆိုရင်လည်း ဥပမာ- စာရေးကိရိယာ ဆိုင်၊ ပွေးဆေးလည်းလုပ်ဖို့ကြိုးစားဖူး တယ်။ 

 နောက် ပြီး ခေါင်းဖြီးတဲ့ ဘီး၊ အလှကုန်၊ နောက် အခန်းလေးတွေအရောင်းအ၀ယ်လုပ်တယ်။ အဲဒီအခါ ကျတော့ ပြည်တွင်းဈေးကွက်နဲ့ထိုက်သင့်တဲ့အတွေ့ကြုံရှိ တာပေါ့။ ကျွန်တော့်ရဲ့အဖေကလည်း ၁၉၄၀
 ပြည့်နှစ်လောက် ကတည်းက ပြည်တွင်းအလှကုန်ကိုလုပ်ခဲ့တယ်။ အလှကုန်မျိုးရိုး ရှိပါတယ်။ 

အဲဒီအခါ ပြည်တွင်းနဲ့ပတ်သက်တဲ့ဈေးကွက်အနေ အထားကျတော့ ကျွန်တော်တို့ကကျွမ်းကျင်တယ်။ 
 ရွှေပြည် နန်း ကလည်း ထိုက်သင့်သလောက် နေရာတစ်နေရာရပြီးတော့ အောင် မြင်တဲ့ အဆင့်ကိုရောက် လာတယ်။ ဒါပေမဲ့ အခုလိုတော့မဟုတ် သေးဘူး။ အဲဒီအချိန်မှာ အခုနကပြောတဲ့ ရေမွှေးရောင်းတဲ့ မစ္စတာ ရှားမားနဲ့တွေ့ပြီးတော့ သူကလည်း သူ့ရဲ့ Procter & Gamble ကလုပ်တဲ့ပစ္စည်းတွေကို ပေါ့။ 

Procter & Gamble ဆိုတာလည်း အဲဒီအချိန်ကတည်းက တစ်ကမ္ဘာလုံးမှာ Personal Care ဆို နံပါတ်၂ ပေါ့။ အဲဒီလုပ်ငန်းကို သူနဲ့ရှယ်ယာပေါ့။ တန်းတူပေါ့။ တစ်ယောက်တစ်ဝက်လုပ်ဖြစ်သွားတယ်။ 

လုပ်ဖြစ်သွားတဲ့အခါ ကျတော့ ကျွန်တော်က ပြည်တွင်းဈေးကွက်ဖြန့်ချိရေးကို တာဝန်ယူတယ်။မစ္စတာရှားမား ကတော့ ပြည်ပဆက်ဆံရေးပေါ့။ အဲဒီလိုမျိုး လုပ်ရင်းနဲ့ အောင်မြင်သင့်သလောက် တော်တော်အောင်မြင်ပါ တယ်။ ပစ္စည်းတွေအများကြီးသွင်းဖြစ်ပါတယ်။ ဥပမာ- Head & Shoulder ဆိုရင် အဲဒီတုန်းက မြန်မာနိုင်ငံက လူတွေ အဲဒီခေတ်က လူတွေ သိပ်မသိဘူး။ အဲဒီမှာ ကျွန်တော်တို့ရုပ်ရှင်စိန်ရတုပွဲတော် ရှိတယ်။ အဲဒီမှာ ကျွန်တော်ကိုယ်တိုင် မိုက်တစ်လုံးကိုင်ပြီးတော့ မားကင်းတက်လုပ်တယ်။


    

အဲဒီမှာဘယ်လိုလဲဆိုတော့ မြန်မာရုံးကို အိန္ဒိယ Branch က Control လုပ်တယ်။ အဲဒီကနေပြီးတော့ မန်နေဂျာ
တွေလာတယ်။ လာတော့ကျွန်တော်တို့ကို သူတို့ကဘယ်လိုရောင်း၊ ဘယ်လိုကိုင်ပေါ့။ ဆိုပြီးတော့ ကျွန်တော် တို့ကိုမောင်းတာပေါ့။ တစ်ခါတလေကျရင်လည်း ကိစ္စလေးတစ်ခုအတွက် မနက်မိုးလင်း ကနေ ညမိုးချုပ်ထိ
ငြင်းရတယ်။ သူတို့ကတော့ ရောင်းတဲ့လူဖြစ်တဲ့ အတွက် သူတို့ရဲ့တစ်ကျပ်တန်ပစ္စည်းကို ကွမ်းယာဆိုင်ကို တစ်ကျပ် ဆယ်ပြားလောက်နဲ့ရောင်းစေချင်တယ်။ ကျွန်တော်တို့က ရှင်းပြရ တာပေါ့။ မြန်မာနိုင်ငံမှာ အဲဒီလူ
တွေရောင်းအား အဲဒီလောက်မရှိဘူး။ မင်းတို့ နိုင်ငံလိုမဟုတ်ဘူး၊ လုပ်လို့မရဘူး။ သူတို့လည်းလက်မခံ အဲဒီ လိုနဲ့ တစ်နေကုန်ငြင်းပေါ့။ နောက်ဆုံးတော့လည်း အမှန်ကို သိတော့ သူတို့လက်ခံသွားပါတယ်။

    

အဲဒီမှာ ကျွန်တော်က ဘာကိုရလိုက်သလဲဆိုတော့ သူတို့ တွေရဲ့ပစ္စည်းတစ်ခုကို ဘယ်လိုရောင်းရမယ်၊ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ဟာကို လက်တွေ့သင်တန်းသဘောမျိုးနဲ့ရလိုက်တယ်။ အဲဒီ ကြားထဲမှာပဲ ကျွန်တော် တို့က ကြော်ငြာဖို့လုပ်တဲ့အခါမှာ အဆိုတော် ဆုတင်ဆိုတာရှိတယ်။ သူက အခုဆို ACE Dragon ဆိုတဲ့ကုမ္ပဏီ လုပ်နေတယ်။ NGO တွေနဲ့။ သူက UCLA က ဘွဲ့ရလာတာပါ။ ဘွဲ့ရလာတော့ သူက အဲဒီမှာ DW ရုပ်သံလိုင်းရဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးပေါ့။ အဲဒီကနေပြီးတော့ Free Programme တွေကို မြ၀တီ ကို
ပေး ရတယ်။

 ပေးတဲ့အခါကျတော့ မြ၀တီကလည်း ပြန်ပြီး တော့ကျေးဇူးတင်တဲ့အနေနဲ့ ကြော်ငြာလွှင့်ဖို့ဆိုပြီးတော့
 Air Time တွေပြန်ပေးတယ်။ နိုင်ငံခြားမှာ ပညာသင်လာပေမဲ့ မြန်မာနိုင်ငံရဲ့ ဈေးကွက်အခြေအနေကို အဲဒီ အချိန်မှာ သိပ်ပြီးတော့မသိသေးဘူး။ ကျွန်တော်တို့ကလည်း Maxfactor ကြော်ငြာကိုလုပ်ဖို့ဆက်စပ် မိရင်းနဲ့ အဲဒီမှာသူနဲ့ ကျွန်တော်နဲ့ပေါင်းပြီးတော့ အဲဒီကြော်ငြာ ကုမ္ပဏီတစ်ခုကိုလုပ်ဖြစ်သွားတယ်။ သူရတဲ့ Air Time
 ပေါ့နော်။ ခုနကပြောတဲ့ကြော်ငြာအချိန်ကို ကျွန်တော်က ရောင်းပေါ့။ ရောင်းတဲ့ အခါမှာကျတော့ အဲဒီအချိန် မှာ ၁၉၉၇-၉၈ လောက်ရှိမယ်။

အဲဒီမှာ မာပိုလိုတို့၊ Samsung တို့၊ LG တို့ အဲဒီမှာရှိတဲ့နိုင်ငံခြားကြော်ငြာ တွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ကျွန်တော်တို့ကရတယ်။ အဲဒီ မှာလည်း ကျွန်တော်တို့က ကြော်ငြာနဲ့ပတ်သက်ပြီးတော့ အတွေ့ အကြုံတွေ၊ ဟိုဘက်ကကုမ္ပဏီတွေနဲ့စကားပြောတဲ့အနေအထားမှာ သူတို့အယူအဆ၊ သူတို့အတွေ့အကြုံတွေ၊ အဲဒါ
တွေကိုလည်း ကျွန်တော်ကရတယ်။ ရတော့ဘယ်လို ဖြစ်လဲဆိုတော့ ကျွန်တော်တို့ ဒီ ၁၉၉၈-၉၉ လောက်မှာ ကျတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ ခုနက ကျွန်တော်တို့လုပ်တဲ့အလုပ်က ပစ္စည်းကအောင်မြင်တယ်၊
 ရောင်း ရ တယ်။ အဲဒီလိုအောင်မြင်ပြီး ရောင်းရတဲ့အတွက် ဘယ်လိုပြသနာနဲ့ ရင်ဆိုင်ရလဲဆိုတော့တရုတ်တို့၊ ထိုင်ဝမ်တို့က အတုတွေလုပ်တယ်။ အတုတွေလုပ်တဲ့အခါကျတော့ အမေရိကား P&G ကုမ္ပဏီက ဒီမှာ လာပြီးတရားစွဲဖို့ဆိုတာ စိတ်မ၀င်စားဘူး။ ကျွန်တော်တို့ကို ဘယ်လိုမှ Backing မပေးဘူး။ ကျွန်တော်တို့က ဘာမှဆက်လုပ်လို့မရဘူး။ မရတော့တဲ့အခါကျတော့ အဲဒီမှာ အဲဒီအလုပ်က ကျွန်တော်က နားလိုက်တယ်။ အဲဒီအချိန်မှာလည်း အခုနကပြောတဲ့ကြော်ငြာ လုပ်ငန်းကလည်း ဌာနဆိုင်ရာမှာ လူကြီးတွေအပြောင်းအလဲဖြစ်တဲ့ အခါကျတော့ ခုနကပြောတဲ့ နဂိုအခွင့်အရေးတွေက မရှိတော့တဲ့ အခါကျတော့ ကျွန်တော်တို့က ဆက်လုပ်လို့မရတော့ဘူး။ အဲဒီ အချိန်မှာ ရွှေပြည်နန်းက ထိုက်သင့်သလောက်အောင်မြင်နေပြီ။ ဒီဘက်မှာအာရုံစိုက်ပြီးလုပ်နေတဲ့အချိန်မှာ ကျွန်တော်ရဲ့ရွှေပြည် နန်းကို ကျွန်တော်ရဲ့တူလေး ကိုဝင်းနိုင်ရှိတယ်။ သူငယ်ချင်းရှိတယ်။ အဲဒီမှာ ကျွန်တော်က သူတို့ကိုကြည့်ခိုင်းထားတယ်။ ကြည့်ခိုင်းထား တဲ့အခါကျတော့ ရွှေပြည်နန်းကတော့ နေရာတစ်နေရာကတော့ ရနေတယ်။ ကျွန်တော်အဲဒီမှာမရှိတဲ့အတွက်လည်း ဆုတ်ယုတ်သွား တာမရှိဘူး။ ဒါပေမဲ့ ကျွန်တော်က ခုနကပြောတဲ့ကြော်ငြာနဲ့ ပတ်သက်တာအတွေ့အကြုံတွေနဲ့ နောက် ဟိုဘက်ကအလုပ်တွေ မရှိတော့တဲ့အခါ ဒီဘက်မှာအာရုံနှစ်ပြီးတော့ ကြိုးစားလိုက်တဲ့ အချိန်မှာ ရွှေပြည်နန်းရဲ့အနေအထားက တဖြည်းဖြည်းနဲ့တအား တိုးတက်လာပြီးတော့ ဈေးကွက်ရှယ်ယာဆိုရင်လည်း ၉၀ ရာခိုင်နှုန်း ကျော်လောက်အထိဖြစ်သွားတယ်။
    အဲဒါဟာ ဒီကနေ့အခြေအနေအထိဆိုတော့ အဲဒီမှာမှ ကြားထဲမှာ ကျွန်တော်တို့က သနပ်ခါးကိုလုပ်နေရင်းနဲ့ သနပ်ခါးဟာ ကိုယ့်ရဲ့အဓိကလုပ်ငန်းဖြစ်တဲ့အတွက် သနပ်ခါးကို နိုင်ငံခြားကိုထိုး ဖောက်ချင်တယ်။ ဒီကြားထဲမှာ နိုင်ငံခြားခရီးတွေသွားရတဲ့အခါမှာ တကယ်တမ်းသူ့ဆီကိုသွားပြီးတော့ဖြန့်ချိဖို့က  လက်တွေ့မှာ အလှမ်း ဝေးနေသေးတယ်။ အဲဒီမှာဘယ်လိုစဉ်းစားလဲဆိုတော့ ကျွန်တော့်ရဲ့ မိတ်ဆွေတစ်ယောက်ပေါ့နော်။ အခုလည်း သူတို့အရမ်းအောင်မြင် နေပါတယ်။ Adventure Myanmar ကကျွန်တော့်ရဲ့ငယ် သူငယ်ချင်းကိုအောင်မျိုးမင်းဒင်ရဲ့အစ်ကို ကိုဇေယျမင်းဒင် သူ ကလည်း လက်ရှိ Adventure Myanmar ရဲ့ဟိုတယ်တွေကို သူကိုင်တာပေါ့။ သူက ကျွန်တော်နဲ့ သူငယ်တန်းကတည်းက ကျောင်း နေဖက်သူငယ်ချင်းပါ။ သူက ကျွန်တော့်ကို အကြံပေးတယ်။ မင်း လုပ်ရင် ဗိုလ်ချုပ်ဈေးမှာမလုပ်နဲ့။ ပုဂံသွားလုပ်။ အဲဒါနဲ့ ပုဂံမှာ မြေကွက်တစ်ကွက် ကိုယ့်ဟာကိုယ်ရှာကြံပြီး ညောင်ဦးရဲ့အဓိကကျတဲ့ နေရာမှာဝယ်ပြီးတော့ အဲဒီမှာ သနပ်ခါးပြတိုက်လုပ်ဖို့စီစဉ်တယ်။ ဒီကြားထဲမှာ ပြတိုက်လုပ်ဖို့သာ ကျွန်တော်တို့ကကြံတာ။ တကယ် တမ်းပြောရင် ပြတိုက်နဲ့ပတ်သက်တဲ့ဗဟုသုတ ကျွန်တော်တို့မှာ ဘာမှမရှိဘူး။ ဘာမှမရှိတဲ့အခါကျတော့ ကျွန်တော်တို့မှာ နိုင်ငံခြား ရောက်တဲ့အခါကျရင် အဲဒီမှာရှိတဲ့ပြတိုက်တွေလိုက်ကြည့်၊ နမူနာ ယူပြီးတော့ သနပ်ခါးပြတိုက်လုပ်ဖို့အတွက် ကိုးကားတဲ့စာအုပ် ကလည်း သစ်တောဝန်ထောက် ဦးသာလှရေးတဲ့ စာအုပ်ပါးပါးလေး တစ်အုပ်ပဲရှိတယ်။ အဲဒါလေးကိုင်ပြီးတော့ ကားတစ်စီးနဲ့နယ်တွေ၊ တောတွေအထိလျှောက်သွား၊ လျှောက်သွားပြီးတော့ ရှမ်းပြည် ဆိုလည်း ရှမ်းသနပ်ခါးတွေ၊ အညာမှာဆိုလည်း မုံရွာတို့၊ စစ်ကိုင်းတို့၊ စသည်ဖြင့်ဒေသအသီးသီးကထွက်တဲ့သနပ်ခါးတွေကို အကုန်လိုက် ၀ယ်၊ သနပ်ခါးနဲ့ပတ်သက်တဲ့အထူးအဆန်းတွေ၊ ဥပမာ- သနပ်ခါး သစ်ကွင်းတို့၊ သနပ်ခါးအမြုတေတို့ အဲဒီလိုအစုံပေါ့။ သနပ်ခါး အမြစ်ဆုံတို့ ထူးခြားတဲ့အရမ်းရှားပါးတဲ့ရဖို့ခက်တဲ့သနပ်ခါးတွေကို လိုက်စုပြီးတော့ သနပ်ခါးပြတိုက်လုပ်ဖို့အတွက်ကြိုးစားတာပေါ့။ အဲဒီတစ်ဖက်မှာစဉ်းစားမိတာက ဒီသနပ်ခါးပြတိုက်တစ်ခုတည်းနဲ့ ကျွန်တော်တို့ကရပ်တည်ဖို့က အဲဒီစရိတ်တွေနဲ့မလွယ်ဘူး။ မလွယ် တဲ့အခါကျတော့ ကျွန်တော်တို့က Souvenir ထည့်မှဖြစ်မယ်။ ထည့်မှဖြစ်မယ်ဆိုတော့ ကျွန်တော်တို့ကဘာတွေထည့်ရင်ကောင်း မလဲ။ ကျွန်တော်တို့က လိုက်လေ့လာတဲ့အခါမှာ ပြည်တွင်းဖြစ်ပေါ့။ ရိုးရာအထည်တွေ၊ Jewellery တွေ၊ ဥပမာ- မြန်မာ့ကျောက်စိမ်း ဆိုရင် ကမ္ဘာမှာအရမ်းနာမည်ကြီးတယ်။ နောက် ပတ္တမြားဆိုလည်း အရမ်းနာမည်ကြီးတယ်။ နောက်ပြီးတော့ အင်ကြင်းကျောက်၊ နောက် ၀ါးနဲ့ပတ်သက်တဲ့ဝါးထည်ပစ္စည်းတွေ လုပ်ရင်ကောင်းမယ်ဆိုပြီးတော့ စဉ်းစားတယ်။ တကယ်တမ်းပြတိုက်ဖွင့်ဖြစ်တဲ့အချိန်မှာ ဒီလုပ်ငန်း တွေကို ကျွမ်းကျင်ထားဖို့လိုတယ်။ လိုတဲ့အခါကျတော့ ကျွန်တော်တို့ တစ်ခုချင်းစဖြစ်တယ်။
    အဲဒီလိုနဲ့ ဘာလဲဆိုတော့ ကျွန်တော့်တူတစ်ယောက်ရှိ တယ်။ Textile လောကမှာ၊ ဖက်ရှင်လောကမှာ တာတီးဆိုတဲ့ နာမည်နဲ့ ဖက်ရှင်တွေ၊ ဒီဇိုင်းတွေကိုထွင်တယ်။ သူ့ကိုတော်တော် လည်း အသိအမှတ်ပြုကြတယ်။ ကျွန်တော့်တူလေးနဲ့ပေါင်းပြီးတော့ အရင်ဦးဆုံး မြန်မာချည်ထည်တွေကိုလုပ်ဖြစ်တယ်။ နောက်ပိုင်း ကျတော့အကြောင်းကြောင်းကြောင့် သူက ခွဲထွက်သွားတယ်။ ကျွန်တော်တို့ပဲကျန်ခဲ့ပေမဲ့လည်း သူ့ရဲ့ကျေးဇူးနဲ့ ကျွန်တော်တို့က ဒီလိုင်းကိုဘယ်လိုလုပ်ရမလဲဆိုတာ သိသွားတာပေါ့။ သိသွားတဲ့အခါ ကျတော့ ရွှေနန်းတော်ဝင်ဆိုပြီးတော့ ပိုးထည်ဆိုင်၊ ချည်ထည်ဆိုင်၊ အဲဒီမှာ ကျွန်တော်တို့ဖြစ်သွားတာပေါ့နော်။ အဲဒီမှာလည်း ကျွန်တော့် မှာအားကိုးရတဲ့တူ၊ တူမတွေများတယ်။ ရွှေနန်းတော်ဝင်မှာဆိုလည်း ကျွန်တော့်အမျိုးသမီးနဲ့ ကျွန်တော့်တူမတွဲပြီးတော့ ရွှေနန်းတော်ဝင်ကို Brand အနေနဲ့ ခွဲပြီးသွားလုပ်တာပေါ့။ သူတို့လည်းကြိုးစားတဲ့ အခါကျတော့ ရွှေနန်းတော်ဝင်ဆိုရင် အခုဆို ခြောက်ဆိုင်ဖြစ်သွား ပါပြီ။ မန္တလေးနဲ့ ရန်ကုန်မှာတော့အများစုပေါ့ဆရာရယ်။ ဒီလိုင်း မှာလည်း သူကလည်း အောင်မြင်ပါတယ်။ ချည်ထည်နဲ့ ပိုးထည် ကျတော့ ကျွန်တော်တို့က ယိုးဒယားကနေ၀ယ်တယ်။ မန္တလေး ကလည်းဝယ်တယ်။ အထည်တွေကိုလည်း ကိုယ့်ဟာကိုယ် ဒီဇိုင်နာ တွေနဲ့ချုပ်တယ်ဆိုတော့ ရွှေနန်းတော်ဝင်လုပ်ငန်းက တစ်ခုပေါ်လာ တယ်။ ကျောက်စိမ်းကျတော့လည်း Jewellery ဆိုတော့လည်း ခုနကပြောတဲ့ Souvenir ထဲထည့်ဖို့ကျတော့ ကျွန်တော့်ခေါင်းထဲ ရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ နောက်ထပ်တူမတစ်ယောက် ပေါ့နော်။ ကျွန်တော့်ရွှေပြည်နန်းမှာကျတော့ ကျွန်တော်ရယ်၊ ကျွန်တော့်အစ်ကိုကြီးရယ်၊ ကျွန်တော့်အစ်မရယ် သုံးယောက် ပါတယ်။ ကျွန်တော်ကဦးဆောင်တာပေါ့။ ကျွန်တော့်အစ်ကိုကြီးရဲ့ သမီးက နည်းနည်းအရွယ်ရောက်လာတော့ ကျောင်းပြီးတော့ဘာလုပ် ရမှန်းမသိဘူး။ အဲဒါနဲ့ကျွန်တော်က Jewellery လုပ်ဆိုပြီးတော့ ကျွန်တော်တို့က အောက်ခြေက စလာတာပေါ့။ နားမလည်တာ။ အဲဒီတော့ သူတို့ကိုသင်တန်းတွေတက်ခိုင်း၊ တက်ခိုင်းပြီးတော့ ဗိုလ်ချုပ်ဈေးထဲမှာစစချင်း သနပ်ခါး Show Room တွေကို ဗိုလ်ချုပ် ဈေး ဆိုင်နံပါတ် ၈၁ မှာဖွင့်ထားတယ်။ အဲဒီမှာသနပ်ခါးနဲ့တွဲပြီး တော့စရောင်းပေါ့။ အဲဒီကနေပြီးတော့စတာပေါ့နော်။ သူတို့တစ်တေလည်းအရမ်းကြိုးစားပါတယ်။ ကြိုးစားတဲ့အခါကျတော့ အခုဆိုရင် ဗိုလ်ချုပ်ဈေး ဗဟိုလမ်းမှာ ငါးဆိုင်ပေါ့။ နောက်ပြီးတော့ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့တုန်းက ပြည်လမ်း၊ လမ်းမကြီးမှာ Jewellery အနေနဲ့ပြောရရင် ခြံလိုင်းခေါ်တာပေါ့။ အဲဒီမှာလည်း ၁၂ ရက်နေ့ မှာစဖွင့်ပါမယ်။ ဆိုတော့အဲဒီဟာတစ်ခုထပ်ပေါ်လာတယ်။ ပေါ်လာ တော့တစ်ခါ ကျွန်တော့်ရွှေပြည်နန်းကို Export အနေနဲ့ဆိုကိုယ်နဲ့ အနီးစပ်ဆုံးက ယိုးဒယားပေါ့။ ယိုးဒယားမှာက ရွှေပြည်နန်းက နဂို ကတည်းကတော်တော်ရောင်း ရပါတယ်။ ရောင်းရတယ်ဆိုတာ အဓိကကဘာလဲဆိုတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက အား ပေးကြတယ်။
ယိုးဒယားမှာရှိတဲ့ပြည်သူပြည်သားတွေကိုရောင်းချင် တာ။ ရောင်းချင်တော့ကျွန်တော်တို့က မားကက်တင်းသွားလုပ်တော့ အဲဒီမှာ ကျွန်တော့်ယိုးဒယားမိတ်ဆွေတွေ့ရင်း သူက ပြင်သစ်ကနေ ပြီးတော့ သူယူထားတဲ့ Healthy Shop ဆိုတဲ့ အလှကုန်ပစ္စည်းကို ကျွန်တော့်ကိုကိုယ်စားလှယ်ပြန်ပေးတယ်။ ကိုယ်စားလှယ်ပေးတဲ့ အခါကျတော့ အစပိုင်းမှာကတည်းက သူများအလုပ်ကိုလုပ်ရတာ နည်းနည်းလေးစိတ်ကသိကအောက်ဖြစ်တာပေါ့။ ဘာလို့လဲဆိုတော့ တစ်ခုခုဆိုရင် ကိုယ့်လက်ကိုယ့်ခြေမရှိဘူး။ ဒါပေမဲ့ သူကလည်း အရမ်းသဘောကောင်းပြီး ကျွန်တော်နဲ့အရမ်းရင်းနှီးခဲ့တဲ့အခါ ကျတော့ အားနာပါးနာနဲ့ Healthy Shop ကို ယူလိုက်တယ်။ အဲဒီမှာ အစ်ကိုကြီးရဲ့ဒုတိယသားကို ဆွဲခေါ်ပြီးတော့ Healthy Shop ကိုလုပ်တယ်။ လုပ်ဆိုပြီးတော့ ဈေးကွက်ထဲဆင်းကြည့်တဲ့အခါ ကျတော့ Shopping Mall တွေမှာရော အဓိကကျတဲ့နေရာတွေမှာ ကျွန်တော်တို့ကိုပေးစရာဆိုင်နေရာမရှိဘူး။ သူ့ဟာနဲ့သူအကုန်ပြည့် နေတယ်။
    အဲဒီအခါကျတော့ ကျွန်တော်ကစဉ်းစားတာပေါ့။ ယိုးဒယားမှာလည်း ကျွန်တော့်အစ်ကိုဝမ်းကွဲတစ်ယောက်နေတယ်။ သူ့လည်းကျွန်တော့်ကိုပြောဖူးတယ်ပေါ့နော်။ ယိုးဒယားမှာလည်း Network Marketing က အရမ်းနာမည်ကြီးတယ်။ အဲဒီအခါ ကျတော့ ဒါလေးလည်းစမ်းကြည့်ရင်ကောင်းမလားဆိုပြီးတော့ အဲဒါနဲ့ ကျွန်တော်က Network Marketing ပေါ့၊ Direct Selling ကုမ္ပဏီတစ်ခုကိုလုပ်လိုက်တော့ အဲဒီမှာလည်း ကျွန်တော့်တူတွေ၊ တူမတွေ၊ ကျွန်တော့်အစ်ကိုကြီးရဲ့ဒုတိယသားရယ်၊ ကျွန်တော့်အစ်မ အကြီးရဲ့သမီးရယ်၊ နောက်သူ့ချွေးမ ဆရာဝန်မလေးရယ် သူတို့ တစ်တွေပေါင်းပြီးတော့ အဲဒီမှာလုပ်ကြတဲ့အခါကျတော့ အဲဒီဟာ ကလည်း အောင်မြင်သွားပြန်ရော။ အဲဒီမှာမှလုပ်နေရင်းနဲ့ လုပ်ငန်း လိုအပ်ချက် အရ အဲဒီ Direct Selling မှာကျတော့ ဆေးတွေလည်း ပါတော့ Customer တွေလည်းတောင်းတဲ့အခါကျတော့ အပြင်မှာ ဆိုလည်း ကိုယ့်ရဲ့လိုင်းမဟုတ်တော့သိပ်စိတ်မချဘူး။ ဆိုတော့ ကျွန်တော်တို့ကလည်း မကြာခဏပြောပါတယ်။ ကျွန်တော်တို့ရဲ့ Member တွေကိုဘာလဲဆိုတော့ ကိုယ်နဲ့ဆက်ဆံတဲ့ နိုင်ငံခြားသား က သူထွက်ပြေးရင်ပြေးလို့ရတယ်။ ကျွန်တော်တို့က နာမည်တစ်လုံးနဲ့ နေတာ ပြေးလို့မရဘူး။ အဲဒီကျတဲ့အခါကျတော့ စိတ်ချရတာကြည့် လိုက်တဲ့အခါ Fame က ဒေါက်တာဦးခင်မောင်လွင်ကိုသွားတွေ့ တယ်။ တွေ့တော့ ကျွန်တော်တို့ကအကူအညီတောင်းပြီးတော့ သူ့ကို ကျွန်တော်တို့ကနာမည်ပေးတယ်။ Health Plus ဆိုတဲ့နာမည်ပေါ့။ ဆရာ ကျွန်တော်တို့ကို ဒါလေးကိုတော့ OEM ထုတ်ပေးပါ။ ဒေါက်တာဦးခင်မောင်လွင်ကလည်း ကျွန်တော်တို့ကိုကူညီတယ်။ လုပ်ပေးမယ်ဆိုတော့ အဲဒီ Health Plus ကို တကယ့်သူ့ Fame နဲ့မတူဘဲနဲ့ အဆင့်မြင့်တဲံ့ငါ့ Hight Quality ပေါ့။ အဲဒါကို ဒေါက်တာ ဦးခင်မောင်လွင်လည်းလုပ်ပေးတယ်။ Healthy Shop ရော Health Plus ပါ နှစ်မျိုးစလုံးကိုတွဲလုပ်နေပါတယ်။ အဲဒီမှာတစ်ခါ လုပ်ငန်းလိုအပ်ချက်အရ တဖြည်းဖြည်းနဲ့ Health Plus ကလည်း အခုတော်တော်အောင်မြင်လာပါတယ်။ အလုပ်ကသင်လာတာရော၊ နောက်အတွေ့အကြုံတွေ မိတ်ဆွေတွေရလာတာတဲ့အခါကျတော့ ကိုးရီးယား DAENG GI MEORI ဆိုတဲ့ ကိုးရီးယား Herbal Shampoo မှာ သူက ကိုးရီးယားမှာ မသိတဲ့သူမရှိသလောက်ပါပဲ။ အရမ်းနာမည်ကြီးပါတယ်။ အဲဒီဟာကလည်း ကျွန်တော်တို့က ကုန်စည်ပြပွဲတစ်ခုကနေတွေ့ပြီးတော့ သူကလည်း ကိုယ်စားလှယ် ပေးတာနဲ့ Shampoo ကိုလုပ်တယ်။ ပြီးတော့ ခုနက ကျွန်တော် ပြောတဲ့ သူများပစ္စည်းတွေချည်းလုပ်ရတဲ့အခါမှာ ဘယ်လိုပဲဖြစ်ဖြစ် စိတ်အနှောင့်အယှက်ရှိတဲ့အခါကျတော့ ကိုယ့်ဟာကိုယ် Pretty Story ဆိုပြီးတော့ ကိုးရီးယားမှာလည်း မိတ်ဆွေတွေများတဲ့အခါ ကျတော့ ကိုးရီးယားက မိတ်ဆွေတွေနဲ့ Pretty Story ကို ကိုးရီးယား စက်ရုံမှာအပ်တယ်။ ယိုးဒယားဘက်မှာ Unilever တို့၊ Revlon တို့ အဲဒီလိုနာမည်ကြီးကုမ္ပဏီတွေကို OEM လုပ်ပေးနေတဲ့ကုမ္ပဏီ တစ်ခုရှိတယ်။ နောက်ပိုင်းအဲဒီလိုဆက်စပ်မိရင်းနဲ့ တအားရင်းနှီး သွားတဲ့အခါကျတော့ သူက ကျွန်တော်တို့ကို အဲဒီ Pretty Story ကို ထုတ်ပေးတယ်။ OEM ပေါ့။ အဲဒါကတော့ ကျွန်တော်တို့ Own Brand ပေါ့။ ခုနကပြောတဲ့ ရွှေပန်းတိုင်ကုမ္ပဏီမှာတော့ အဲဒီလို လုပ်ဖြစ်သွားတယ်။ အဲဒီလိုနဲ့ပဲ အဆက်အစပ်တွေရပြီးတော့ မိတ်ဆွေတွေရတဲ့အခါကျတော့ အခု ကိုးရီးယားမှာ အရမ်းနာမည် ကြီးနေတဲ့ Nature Republic ကိုလည်း ကိုယ်စားလှယ်ရလာတဲ့ အခါကျတော့ နောက်ထပ် Nature Story ကုမ္ပဏီအသစ်တစ်ခု ထောင်ပြီးတော့ အဲဒါကိုလည်း အခုလုပ်ဖြစ်နေပါတယ်။ တကယ် တမ်းစတာကတော့ ရွှေပြည်နန်းပါပဲ။ ခုနကဟာတွေ ပေါ်လာတယ် ဆိုတာလည်း ရွှေပြည်နန်းနဲ့ဆက်စပ်ပြီးတော့ ခုနက ပြတိုက်ကို ဖြည့်ဖို့စဉ်းစားရင်းနဲ့ တစ်ခုပြီးတစ်ခု အဲဒီလိုမျိုး ဖြစ်လာတာပေါ့။ ပြတိုက်ကို ၂၀၀၉ ခုနှစ်မှာစဖြစ်ပါတယ်။ စဖြစ်တော့ မြန်မာနိုင်ငံက ပြတိုက်ပညာရှင်တွေ၊ နိုင်ငံခြားကလူတွေလာပြီးတော့ သူတို့တစ်တွေ လည်း တော်တော့်ကိုသဘောကျကြပါတယ်။ အခုလည်း ကျွန်တော် တို့က ပြတိုက်မှာတော့ ဟိုတယ်အသေးလေးတစ်လုံးတော့ စပြီးတော့ ဆောက်နေပါတယ်။ အဲဒါက ဘာကိုကျွန်တော်တို့ပြင်ဆင်တာ လဲ ဆိုတော့ ကျွန်တော်တို့ပြတိုက်နဲ့ တစ်မိုင်လောက်အကွာမှာ ဧက ၁၅၀ လောက်ရှိတဲ့သနပ်ခါးစိုက်ခင်း ရှိပါတယ်။ အပင်ပေါင်းလေးသောင်း ကျော်လောက်စိုက်ထားပါတယ်။ မျိုးထွန်းပြီးသားသနပ်ခါးတွေပါ။ လက်ရှိ ကမ္ဘာ့အကြီးဆုံးသနပ်ခါးစိုက်ခင်းပါ။ မျိုးထွန်းပြီးသား ဆိုတာက တစ်နိုင်ငံလုံးကသနပ်ခါးပင်တွေကို သွားကြည့်ပြီးတော့ အကောင်းဆုံးမျိုးကိုယူပြီးတော့ စိုက်ထားတာပါ။ ကျွန်တော်တို့က သနပ်ခါးပြတိုက်ဆိုလို့ ရှိရင် လည်း ကမ္ဘာမှာ ပထမဦးဆုံးနဲ့ တစ်ခု တည်းသော သနပ်ခါးပြတိုက်ဖြစ်ပါတယ်။ ခုနကပြောတဲ့သနပ်ခါး Farm ကိုလည်း ပထမဆုံးသနပ်ခါး Resort Hotel ကို လုပ်ချင် တာပါ။ ဒါပေမဲ့လည်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လည်း ၂၀၁၂ ခုနှစ် ၁ လပိုင်းကတည်းက အစည်းအဝေးမှာ ခွင့်ပြုချက် ပေးလိုက်ပြီ။ အဆင့်ဆင့် အားလုံးကျော်ဖြတ်ပြီးနောက်ဆုံး ယဉ်ကျေးမှု ၀န်ကြီး ဌာနမှာသွားထစ်ပါတယ်။ အဲဒီမှာ ဒုတိယဇုန်ကိုရောက်
နေ တဲ့အခါကျတော့ ပေးလို့မရဘူး။ ကျွန်တော်တို့လေ့လာကြည့်တဲ့ အခါမှာကျတော့ တကယ့်လုံးဝကို
ဆောက် လို့ မရတဲ့ဇုန်ပေါ့။ အဲဒီ ဇုန်မှာတောင်မှ လက်ရှိံသအနူ ဆောက်နေတဲ့ဟာတွေရှိပါတယ်။ အဲဒီ အခါကျတော့ ကျွန်တော်တို့လည်း နိုင်ငံတော်ကခွင့်ပြုတဲ့ အချိန်ကိုစောင့်နေပါတယ်။ အဲဒီမှာလုပ်ဖို့အတွက်
 လောလော ဆယ်တော့ ခွင့်ပြုချက်ရထားတဲ့ဟိုတယ်မှာတော့ ကျွန်တော်တို့ထုံးစံ အတိုင်း အရင်စပြီးပျိုးရ မှာပေါ့ဆရာ။

ပြောတာတွေအားလုံးနားထောင်ကြည့်တော့ သုံးသပ်ကြည့်တာ ဆရာတို့အနေနဲ့ စီးပွားရေးရှု

ထောင့် ကကြည့်ရင် Business စီးပွားရေးရဲ့မဟာဗျူဟာက ဖြန့်သွားတာပေါ့။ Diversityလုပ်တယ်။ စတုန်းက မိရိုးဖလာသနပ်ခါးလုပ်တာကနေ ပြတိုက်က တစ်ဆင့် အခုလိုအစီအစဉ်တွေအများကြီး ထွက်သွားတာပေါ့။ ဆရာဖြစ်စေချင်တာလေ နဂိုကမိဘလုပ်တာ အလှကုန်လုပ်တယ် ဆိုရင် သနပ်ခါးကို ဘာကြောင့်ရွေးလိုက်သလဲ။ 

    အဲဒီဟာက ကျွန်တော့်သူငယ်ချင်းက အလှကုန်ရောင်းတဲ့ ဆိုင်သမားပေါ့။ ကျွန်တော်ကလည်း အဲဒီတုန်းက အိမ်ထောင်ကျ ပြီးတော့ ဘာလုပ်ရမှန်းမသိဘူး။ မသိတော့ ကိုယ်ပိုင်တစ်ခုခုပေါ့။ အဲဒီအချိန်မှာတော့ လုပ်နေတာက ကျွန်တော့်ရဲ့မိဘတွေလုပ်နေတဲ့ အလှကုန်လုပ်ငန်းကို ဈေးထဲမှာ ဖြန့်ချိရေးတာဝန်ကိုလုပ်နေပါတယ်။ ကျွန်တော်ဘာလုပ်ရင်ကောင်းမလဲဆိုတာသွားတိုင်ပင်တော့ သနပ်ခါး တစ်မျိုးက တော်တော့်ကိုရောင်းရပြီးတော့ ပစ္စည်းမပေးနိုင်ဘူးပေါ့။ ပစ္စည်းမပေးနိုင်လောက်အောင်ဖြစ်နေတယ်။ ဈေးကွက်လိုအပ်ချက် ရှိနေတော့ ဒီအချိန်မှာသာ ဒီပစ္စည်းထွက်ရင်ရောင်းရမယ်ဆိုပြီးတော့ သူကအကြံပေးလိုက်တော့ အဲဒီမှာ ကျွန်တော်ကစတုန်းကတော့ သနပ်ခါးကိုစတဲ့ရည်ရွယ်ချက်က အဲဒါကြောင့် စဖြစ်သွားတာပါ။ ရည်ရွယ်ချက်ကတော့ အရမ်းကြီးမကြီးပါဘူး။ တကယ်တမ်း လက်တွေ့စပြီးလုပ်တဲ့အခါကျတော့ သနပ်ခါးထုတ်တဲ့နည်းပညာနဲ့ အလှကုန်နဲ့က တခြားစီဖြစ်နေတယ်။ အဲဒါကိုတော့ လေ့လာရ ပါတယ်။ အဓိကကျတာက နောက်ပိုင်းမှာ အခုနကပြောတဲ့အလုပ် တွေလုပ်ဖြစ်သွားတာက ဘာလဲဆိုတော့ ပြတိုက်ကိုလုပ်ရင်းနဲ့ ခုနက ပြောတဲ့လုပ်ငန်းတွေပေါ်လာတာပေါ့။ ကျောက်စိမ်း Jewellery လုပ်ငန်းတွေ၊ ပိုးထည်တွေ၊ နောက်ပြီးတော့ ရွှေပြည်နန်းကို နိုင်ငံခြားမှာ မားကက်တင်းသွားရင်းနဲ့ Healthy Shop ပြန်ပါလာ တာတွေ။ နောက်တစ်ခုက အင်ကြင်းကျောက်လုပ်ငန်း။ နောက် ပြီးတော့ ၀ါးထည်လေးတွေလုပ်တဲ့ဟာရှိတယ်။ အဲဒါကတော့ အိမ်တွင်းမှုအဆင့်သာသာလောက်ပဲရှိပါတယ်။ ဒါပေမဲ့ ရွှေပြည် နန်းကိုလုပ်ရင်းနဲ့ နိုင်ငံခြားမှာ ပြတိုက်ကိုလိုက်လေ့လာရင်းနဲ့ ကျွန်တော်က ဘာကိုကြည့်လိုက်လဲဆိုတော့ ကျွန်တော့်အနေနဲ့ တခြားလုပ်ငန်းတွေနဲ့ပြိုင်ရင် ကျွန်တော်က နိုင်ဖို့သိပ်မလွယ်ဘူး။ မြန်မာနိုင်ငံမှာကျတော့ ကျွန်တော်က ငယ်ငယ်လေးကတည်းက ဒီဈေးကွက်ထဲမှာကျင်လည်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့တွေ မြန်မာနိုင်ငံမှာရှိတဲ့ထွက်ကုန်ပေါ့နော် သနပ်ခါးလိုဟာမျိုး၊ Gems & Jewellery တို့၊ မြန်မာ့ တွင်းထွက်ပစ္စည်းတွေပေါ့။ နောက် အင်ကြင်းကျောက်လိုဟာမျိုး၊ အဲဒါတွေဆိုရင် ဘယ်လောက်ပဲ နိုင်ငံ ခြားကလူတွေလာလာ အဲဒီလူတွေကို ကျွန်တော်ယှဉ်နိုင်တယ်။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်။ အဲဒါတွေကလည်း ခုနက ပြောတဲ့ အလုပ်တွေလုပ်ဖြစ်တဲ့အကြောင်းတွေပေါ့ဆရာ။

သနပ်ခါးလုပ်တယ်ဆိုတဲ့အခါကျတော့ Process ကိုနည်းနည်း ရှင်းပြပေးပါ။
    ကျွန်တော်တို့တွေ သနပ်ခါးလုပ်တဲ့အခါကျတော့ စစချင်း ကုန်ကြမ်းကို ကျွန်တော်တို့ယူတယ်။ နယ်ဘက် ကနေ ကုန်ကြမ်း တွေကောက်တယ်။ အဲဒီပစ္စည်းတွေကို သေချာပြန်ပြီးတော့ သန့်စင် ရတယ်။ သန့်စင်ပြီးရင် အမှုန့်ကြိတ်တယ်။ အမှုန့်ကြိတ်သွားပြီးတဲ့ အခါမှာ ကြိတ်ထားတဲ့အမှုန့်တွေကို သနပ်ခါးသွေးသလိုသွေးတဲ့ စက်တွေရှိတယ်။ ဒါကလည်း မြန်မာ့ရိုးရာနည်းတွေပေါ့။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အခုနောက်ပိုင်း လုပ်ငန်းလည်းထိုက်သင့် သလောက်ကြီးလာတဲ့အခါမှာ၊ အဆက်အသွယ်လည်းများလာတဲ့ အခါမှာ အဲဒီလို စက်မျိုးနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားမှာလိုက်ပြီးတော့ ရှာတော့ သူတို့မှာလည်းမရှိဘူး။ မရှိတော့ ကျွန်တော် တို့က မိရိုး ဖလာနည်းနဲ့ပဲကြိတ်တယ်။ ကြိတ်ပြီးတော့မှ ကြိတ်ထားတဲ့ပစ္စည်း တွေကို Packing လုပ်ပြီးတော့ ဘူးပြန်သွင်းပေါ့။ မိရိုးဖလာနည်း ပညာက အရင်ကရှိပြီးသားပါ။ ဒါပေမဲ့ ဘယ်လိုဖြစ်တာလဲဆိုတော့ ကျွန်တော်တို့မတိုင်ခင် အရင်လုပ်တဲ့လုပ်ငန်းရှင်တွေက သနပ်ခါး ဆိုရင် သနပ်ခါးအတိုင်းပဲရောင်းတယ်။ ကျွန်တော်တို့အလှည့်မှာ ခုနကပြောတဲ့ Procter & Gamble မန်နေဂျာတွေက သူတို့က ကိုယ့်ကိုလည်း
 မောင်းတာတွေကိုလည်း ခံခဲ့ရတဲ့အခါကျတော့ နောက်တစ်ခုက ကြောငြာလုပ်ငန်းဆိုလည်း  နိုင်ငံခြား
ကြော်ငြာ နဲ့ ပတ်သက်တဲ့ဟာတွေလည်း လုပ်ခဲ့ဟာတွေလည်း လုပ်ခဲ့တာဆိုတော့ ကိုယ်က ဒီအတိုင်းသွား ရင်တော့ ဒီလိုပဲ မိရိုးဖလာအိမ်တွင်းမလုပ်ငန်းရှင်အနေနဲ့သွားမှာပဲ။ အဲဒီအခါကျတော့ကမ္ဘာမှာအသား ဖြူတာ အရမ်းခေတ်စားတယ်။ ခေတ်စားတဲ့အခါကျတော့ ခုနက ပြောတဲ့ဖော်မြူလာကိုချိန်ပြီးတော့အသားဖြူသနပ်ခါး ၊ သနပ်ခါးနဲ့ ပေါင်းစပ်ပြီးတော့ ထုတ်လိုက်တဲ့အခါကျတော့ အဲဒီမှာ ပစ္စည်းက အရမ်းပေါက်သွားတယ်။ လူတွေကသိသွားတဲ့အခါကျတော့ ကံ့ကော် ၀တ်ဆံသနပ်ခါးတို့၊ နှင်းဆီသနပ်ခါးတို့ အဲဒီလိုပဲ သနပ်ခါးကိုပဲ အခြေတည်ပြီးတော့ နိုင်ငံခြားအလှကုန်ပစ္စည်းတွေလုပ်သလိုပေါ့။ အဲဒီလိုမျိုးချဲ့လိုက်တာ အခုဆိုရင် ၁၄ မျိုးလောက်ရှိပါပြီ။ စက်ရုံ ကတော့ တောင်ဒဂုံမှာပါ။ ကုန်ကြမ်းတွေကို မန္တလေးမှာ အညာဘက်ကနေ
 ကောက် ပါတယ်။

အခုလိုမျိုးလုပ်ငန်းကြီးထွားလာတယ်။ အောင်မြင်လာတဲ့အခါမှာ အနာဂတ်မျှော်လင့်ချက်တွေ၊
 မျှော်မှန်းချက်တွေအကြောင်း နည်းနည်းလေးပြောပေးပါ။ 


    အခုကျွန်တော်တို့က သနပ်ခါးနဲ့ပတ်သက်ပြီးတော့ နိုင်ငံ ခြားဈေးကွက်တွေကို ရအောင်တိုးတာပေါ့။ တိုးတဲ့အခါ ကျွန်တော် တို့က ဘာတွေမြင်လာလဲဆိုတော့ ကျွန်တော်တို့ကိုယ်စားလှယ် ယူထားတဲ့ DEANG GI DEORI ဆိုရင် သူလုပ်တဲ့ဈေးကွက်က Cerriticate Marketing ။ နိုင်ငံတကာက Cerriticate တွေ အများကြီး လိုက်ယူတယ်။ အဲဒါကိုပြန်ပြီးလေ့လာကြည့်တဲ့အခါ ကျတော့လည်း လူရဲ့ယုံကြည်မှုကိုရတာပေါ့။ အဲဒီလို ယုံကြည်မှု ရအောင်ဆိုပြီးတော့ အဲဒါကိုအတုယူပြီးတော့၊ ဥပမာ- ISO ကို ယူတယ်။ ISO ကလည်း ညာယူ လို့မရဘူး။ သူတို့ကလာမယ်။ သူတို့စိတ်တိုင်းမကျရင် ပေးမှာမဟုတ်ဘူး။ ကိုယ့် ပစ္စည်းအပေါ်မှာ ယုံယုံကြည် ကြည်ပဲ နိုင်ငံတကာမှာ  FDA ပေါ့။ ကိုယ့်ပစ္စည်းကို နိုင်ငံတကာမှာရောင်းတယ်ဆိုရင် FDA ကအစ လိုက်
မေးတယ်။ FDA Approve ကောဖြစ်ရဲ့လား။ FDA ဆိုရင် ယိုးဒယားရော၊ စင်ကာပူပါ နိုင်ငံအစုံ လိုက်ယူ ထားတယ်။ ရုရှကလည်း ရထားတယ်။

 နောက်ပြီးတော့ ဆုဆိုရင်လည်း ဖိလစ်ပိုင်က ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်ယူထားတဲ့သူကနေပြီးတော့ သူ့ကိုကိုယ်စားလှယ် ပေးရင်းနဲ့ရောင်းတဲ့အခါ ဖိလစ်ပိုင်ကဆုလည်း ရထားတယ်။ ကျွန်တော်တို့က ကိုယ့် ပစ္စည်းအပေါ်မှာ သနပ်ခါးဆိုရင် သူတို့ တစ်တွေက ဘာမှန်းမသိဘူး။ ကိုယ့်ပစ္စည်းအပေါ်မှာ ယုံကြည် စိတ်ချ မှုရှိအောင် ခုနကပြောတဲ့ Cerriticate Marketing ကိုတော့ လုပ်နေပါတယ်။ လက်ရှိတော့ မလေးရှားနဲ့ ထပ် ပြီးတော့ စာချုပ်ချုပ် ထားတယ်။ ချုပ်ထားတယ်ဆိုတာက ပြီးခဲ့တဲ့ခြောက်လလောက်က ကံအားလျော်စွာ ကျွန်တော်တို့ဘက်ကကြိုးစားမှုမပါဘဲနဲ့ မလေးရှား ဈေးကွက်ကိုရလိုက်ပါတယ်။ ရလိုက်တယ်ဆိုတာက ထိုင်းကလို ရွှေ့ပြောင်းလုပ်သားတွေမဟုတ်ပါဘူး။ ရထားတာက မလေးရှားမှာ အရမ်းနာမည်ကြီးနေတဲ့ မင်းသမီးတစ်လက်ရှိတယ်ဆရာ။ အဲဒီ မင်းသမီးရဲ့အမေက ဟိုးအရင်ကတည်းက မြန်မာနိုင်ငံကနေပြောင်း သွားတယ်။ ပြောင်းသွားပြီးတော့ သူတို့တစ်တွေမွေးတာကတော့ မလေးရှားမှာမွေးတာ။

အဲဒီမင်းသမီးကဘာလုပ်လဲဆိုတော့ မြန်မာ နိုင်ငံနဲ့သံယောဇဉ်ရှိတဲ့အခါကျတော့ သူတို့အိမ်က သနပ်ခါးတွေ လိမ်းတယ်။ လိမ်းတဲ့အခါကျတော့ သနပ်ခါးက ရွှေပြည်နန်းတွေ လိမ်းတယ်။ သူဘာလုပ်လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရွှေပြည်နန်းကို မလေးရှားမှာဝယ်တယ်။ ရွှေပြည်နန်းက မလေးဈေးကွက်မှာရှိပြီး သား။
 ရွှေ့ပြောင်းလုပ်သားတွေသုံးတာပေါ့။ အဲဒါကိုဝယ်ပြီးတော့ သူ့တံဆိပ်ပြောင်းတပ်ပြီးတော့ ရောင်းတယ်။ အဲဒီလိုရောင်းပြီးတော့ အင်တာနက်မှာလည်း တင်လိုက်တယ်။ နာမည်ကြီးမင်းသမီးတင် လိုက်တော့ အဲဒီ မှာပေါက်သွားတယ်။ မလေးရှားမှာ သနပ်ခါး အကုန်ပြတ်သွားတယ်။ သူ့တစ်ခုရှိတာက အသားကိုပဲယူ လိုက် တာ မဟုတ်ဘဲနဲ့ တံဆိပ်တစ်ခုတည်းကိုပဲခွာပြီး ဘူးကိုပါယူလိုက်တာ။ လူတွေက သိကုန်ရော။ ဒါကြီး က
 ရွှေပြည်နန်းပါ။ သိကုန်တော့ အဲဒီနည်းနဲ့ပေါက်သွားတယ်။ သူ့ကိုပဲ ကျေးဇူးတင်မလိုဖြစ်ရတယ်။ ကျွန်တော် တို့ ကလည်း သူဘယ်လိုပဲအနေအထားနဲ့ပဲရှိရှိ၊ ကျေးဇူး တင်ရမယ့်လူတွေကို ရှာကြံပြီးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ကလည်း သူ့ကို Copy Right တွေနဲ့ တရားစွဲတာတွေဘာတွေ မလုပ်ပါဘူး။ သူနဲ့လည်း တရား ၀င် စာချုပ်ချုပ်လိုက်ပါပြီ။ ဟိုလိုတော့ မလုပ်နဲ့ ဒီလိုပဲလုပ်ပါတော့ စာချုပ်ချုပ်ပြီးတော့ မကြာခင် အဲဒီလမ်း
 ကြောင်းကနေသွင်းပါမယ်။ ကိုယ့်ပစ္စည်းကို သူ့နာမည်နဲ့လုပ်ပေး မယ်။ ဒါပေမဲ့ ကျွန်တော်တို့ရွှေပြည်နန်း ဆိုတာတော့ ပါတာပေါ့။

နဂိုကလေ ဆရာစိတ်ဝင်စားတာက Procter & Gamble တကယ့်ကိုကြီးမားတဲ့ လုပ်ငန်းတွေနဲ့ ဆက် စပ်မှု ရှိတော့ အနာဂတ် လုပ်ငန်းတွေအနေနဲ့ သူတို့တစ်တွေနဲ့များအဆက်အသွယ်လုပ်ဖို့ အစီအစဉ်
တွေရှိလား။  

    ကျွန်တော်တို့အနေနဲ့ကတော့ မှန်တဲ့အတိုင်းပြောရရင် လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့က စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ဘယ်လိုကျွန်တော်တို့မှာလည်း အခက်အခဲရှိလဲဆိုတော့ ကျွန်တော့်အတွေ့အ ကြုံပေါ့နော်။ ကုမ္ပဏီအရမ်းကြီးတာနဲ့အမျှ သူတို့ဘက်က အသာစီးယူတဲ့ဟာ အရမ်းများတယ်။ အရမ်းများတဲ့ အခါကျတော့ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ကိုပေးတဲ့ ဏမသ်ငအ မြေါငည က အရမ်းနည်းပါတယ်။ ကပ်ပေးတဲ့အခါကျတော့ လုပ် ပေးရတဲ့အနေအထားမှာ ကျွန်တော်တို့ဘက်က အရမ်းအခက် အခဲရှိပါတယ်။ ကျွန်တော်အဲဒီဟာကို စွန့်တဲ့အထဲမှာ ခုနကပြောတဲ့ အတုတွေလုပ်လို့ ကိုယ့်ဘက်မှာရပ်တည်ပြီး တရားမစွဲ
ပေးတာ တစ်ခုတည်းမဟုတ်ဘူး။ သူ့ပြဿနာကဘာလဲဆိုတော့ ကျွန်တော့်ရဲ့ အခုနကပြောတဲ့ Partner က
သေချာ သူနဲ့ Procter & Gamble နဲ့ စာချုပ်မချုပ်ထားဘူး။ စာချုပ်မချုပ်ထားတဲ့အခါကျတော့ ဘာဖြစ် လဲဆို
တော့ Procter & Gamble က တအားကြီးတယ်။ သူတို့ ကမ္ဘာလုံးဆိုင်ရာအစည်းအဝေးတွေလုပ်တဲ့အခါမှာ တစ်ရက် ကျတော့ ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျွန်တော်တို့ အိန္ဒိယကနေ ကိုင်တဲ့ပစ္စည်းတချို့ကို ယိုးဒယားကိုလွှဲပေးလိုက်တယ်။ ယိုးဒယား လူကလည်း လုံးဝ Respect မရှိဘူး။ ကျွန်တော်တို့ကို မဆက် သွယ်ဘူး။ မဆက်သွယ်ဘဲနဲ့ အဲဒီအချိန်မှာ လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ကုမ္ပဏီတစ်ခုကို သူက ဆက်သွယ်ပြီးတော့ အဲဒီ လူကိုပေးလိုက်တယ်။ အဲဒီအထဲမှာပါသွားတဲ့ပစ္စည်းဆိုရင် ကျွန်တော် တို့ကြိုးစားပြီး
တော့လုပ်ထားတဲ့ Head &  Shoulder က သူ့ဆီပါ သွားတယ်။ Maxfactor နဲ့ Vicks ကျွန်တော်တို့ ဆီကျန်ခဲ့ တယ်။

 နောက်တခြားပစ္စည်းတွေလည်းရှိတယ်။ နောက်ကျန်တဲ့ဟာကျန် တယ်။ ပါသွားတော့ ပြောရရင် ကျွန်တော် က ရှက်ဖို့လည်းကောင်း ပါတယ်။ မင်္ဂလာဈေးမှာသွားပြီးတော့ ပစ္စည်းဖြန့်တဲ့သူတွေကို ထုံးစံ အတိုင်းသွား
တွေ့တဲ့အခါကျတော့ ရိုးရိုးတန်းတန်းတွေ့ရိုးတွေ့စဉ် သွားတွေ့တော့ အဲဒီမှာရှိတဲ့ကုန်သည်တစ်ယောက်က ကျွန်တော့်ကို ပြောတယ်။ ကျွန်တော့်ကို အဲဒီကုမ္ပဏီကပစ္စည်းတွေကို နောက်လက စပြီးတော့ သူတို့ဖြန့်
တော့ မယ်လို့ပြောတယ်။ မဖြစ်နိုင်တာ။ အဲဒီတော့ ကျွန်တော်ကပြန်လည်းပြန်တော့ ကျွန်တော့်ပါတနာ အဘိုးကြီးကို ကျွန်တော်ပြောတယ်။ အဲဒီလိုပဲ ကျွန်တော်ကြားလာတယ်။ မဟုတ်ဘူး။ မဖြစ်နိုင်ဘူး။ ကျွန်တော်က ကြားလာတယ်။

ကျွန်တော် ကျေနပ်အောင် ဖုန်းဆက်ပေးမယ်ဆိုပြီးတော့ အိန္ဒိယကိုဖုန်းလှမ်း ဆက်တယ်။ လှမ်းဆက်တော့ အိန္ဒိယ ဏရွ ရုံးချုပ်က ကျွန်တော့်တို့ ဆီကိုလာနေတဲ့လူက မဟုတ်ဘူးမဖြစ်နိုင်ဘူးလို့ပြောတယ်။ ဆိုတော့ ကျွန်တော့်ရဲ့ပါတနာကတွေ့တယ်မလား။ ခင်ဗျားကို ကျွန်တော် ပြောသားပဲ။ အဲဒီလိုပြောတော့ ကျွန်တော် က ပျော်ရတာပေါ့။ သူနဲ့ ကျွန်တော်နဲ့အာလာပသလ’ာပပြောနေရင်းနဲ့ ၁၅ မိနစ်လောက် အကြာ အဲဒီအိန္ဒိယ က ဖုန်းဝင်လာတယ်။ ဆော့ရီးတဲ့ ဟုတ်တယ်တဲ့။ သူတောင်မသိဘူး။ GM ကနေပြီးတော့ အစည်းအဝေး တက် ပြီးတော့ ဗဟိုကနေဆုံးဖြတ်ချက်ချလိုက်တာ သူတောင်မသိလိုက်ဘူးတဲ့။ ဆိုတော့ကိုယ့်ဘက်က ခိုင် ခိုင်မာမာစာချုပ်ချုပ်ရမယ်ဆိုတဲ့အတွေ့ အကြုံတွေမရှိတာလည်း ပါတာပေါ့နော်။ အရမ်းကုမ္ပဏီကြီး ရင်လည်း သူတို့ဘက်က အသာစီးတအားယူတယ်။ အဲဒီမှာ အဲဒီဇာတ်လမ်းက မပြီးသေးဘူးဆရာ။

အဲဒီလိုပဲနေလိုက်ပြီးတော့ ကျန်တဲ့ပစ္စည်းပဲ ဆက်ဖြန့်နေတာပေါ့။ ဖြန့်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ ခုနက ကျွန်တော်တို့ဆီကယူသွားတဲ့ကုမ္ပဏီက ဟိုလူတွေနဲ့အဆင်မပြေဘူး။ သူတို့သွားပေးတဲ့လူတွေက လုပ်ငန်းတအားကြီးတာ။ သူ့အတွက်က သူအခုလိုမျိုးလိုက်ကျပ်တဲ့အတွက် ဟိုကမခံနိုင်ဘူး။

ဟိုဘက်နဲ့အဆင် မပြေတော့ ကျွန်တော်တို့ဆီပြန်ရောက်လာတယ်။ ခင်ဗျားတို့ပဲ ပြန်လုပ်ပေးပါတဲ့။ လုပ်ပေး ပါဆိုတော့ဟုတ်ပြီပေါ့။ လုပ်ပေးမယ်ပေါ့။ ကျွန်တော်တို့ကိုပေးတဲ့အခွင့်အရေးတွေက တကယ့်ကို ကတ်သီး ကတ်သတ်လုပ်ရတယ်။ Door to Door အတွက် ကားတွေ အများ ကြီးရင်းရမယ်။ ကိုယ့်ဘက်က အရမ်းကြီး
မြုပ်နှံ လုပ်ပြီး လုပ်အား တွေပေးပြီးတော့မှ သူက ဘယ်လောက်အမြတ်ပေးလဲဆိုတော့ ၁၀ ရာခိုင်နှုန်း
 လောက် ပဲပေးတယ်။ ကပ်ပြီးပေးတယ်ဆိုတော့ အဲဒီ ၁၀ ရာခိုင်နှုန်းဆိုတာကလည်း အမြီးနုတ်၊ ခေါင်းနုတ် ဆိုရင် ဘာမှမကျန် တော့ဘူး။ အဲဒါကလည်း သူတို့ကိုကျေးဇူးတင်ပါတယ်။ သူတို့နဲ့ အဲဒီ ဟာမလုပ်ဖြစ်တော့ ဘူး။

မလုပ်ရုံတင်မကဘူး ကျန်တဲ့ဟာတွေကို ဟိုပါတနာနဲ့ထားခဲ့လိုက်တယ်။ အဲဒါကိုမလုပ်ဘဲနဲ့ ကိုယ့်လုပ်ငန်း ကပြန် လုပ်တော့ ဒီလောက်ဖြစ်လာတာ သူတို့ကိုကျေးဇူးတင်ရမယ်။ ခုနကပြောတဲ့အနေအထားမှာကျတော့ ကျွန်တော်တို့အနေနဲ့ ကုမ္ပဏီ ကြီးရင်လုပ်ချင်ပါတယ်။ ကျွန်တော်တို့တွေ့လာတဲ့အတွေ့အကြုံအရ ကုမ္ပဏီ ကြီးပြီဆိုရင် သူတို့ဘက်ကအသာစီးယူတာက လိုတာထက် ပိုများတယ်။ အခုဆိုရင် နောက်ဆုံးကျတော့မှ Nature  Republic ကို ပြန်ပြီးယူဖြစ်တယ်။ သူများပစ္စည်းပြန်ယူတာ။ အမှန်အတိုင်း ပြောရရင် အခုနောက် ပိုင်း ခေတ်ကလည်းပြောင်းလာတယ်။ ဆရာကြီးဆိုရင် ကျွန်တော်တို့ထက်အဆပေါင်းများစွာ  ပိုပြီးတော့ သိပါတယ်။

ကျွန်တော်တို့ မြန်မာလုပ်ငန်းရှင်တွေအနေနဲ့ တော်ရုံ တန်ရုံလက်ချိုးရေလို့ရတဲ့လူတွေကလွဲရင်၊ Traditional လုပ်ငန်း မျိုးကလွဲရင် ကျန်တဲ့ဟာတွေမှာ ကျွန်တော်တို့ သူတို့ကိုယှဉ်နိုင်ဖို့ ဆိုတာ တကယ်တမ်းပြောရင် မဖြစ်နိုင်ပါဘူး။ ဗီယက်နမ်ကို လေ့လာရေးတစ်ခေါက်သွားတော့ ဆပ်ပြာမှုန့်စက်ရုံတစ်ရုံကို သွား လေ့လာ တယ်။

အဲဒီစက်ရုံမှာ အလုပ်လုပ်တဲ့အချိန်ကြီးကို လူတွေ ကျားထိုင်ထိုးနေတယ်။ တစ်ချိန်တုန်းက ဗီယက်နမ်မှာ နံပါတ် ၁ အခု အဲဒီဈေးကွက်ကိုဘယ်သူယူသွားသလဲဆိုတော့ Unilever က ယူသွားတယ်။ အဲဒီတော့ သူက ကျားထိုင်ထိုးရတဲ့ဘ၀ရောက်သွား တယ်။ ကျွန်တော်တို့အနေနဲ့ ဆရာကြီးပြောတဲ့ ၂၀၁၅ အပါအ၀င် ရှေ့ကို ဘယ်လိုမှန်းထားလဲဆိုတော့ ခုနကပြောတဲ့ ကျွန်တော်တို့နဲ့ OEM လုပ်ထားတဲ့ကုမ္ပဏီတွေရှိတယ်။ အဲဒီလို ကုမ္ပဏီတွေနဲ့ဖက်စပ် လုပ်ဖို့ စကားပြောထားပါတယ်။

သူတို့ကလည်း ဆရာကြီးရယ် မြန်မာ နိုင်ငံရဲ့အခြေအနေကို တစ်ဖက်မှာကြည့်နေတာပေါ့။ လောလော ဆယ်မှာတော့ သူတို့နဲ့ကျွန်တော်တို့နဲ့ ပထမဆုံးမှာ သူတို့ဆီကလုပ်တဲ့ ပစ္စည်းတွေကို ကျွန်တော်တို့က လက် ရှိ ဒီမှာရောင်းမယ်။ ဒုတိယ အဆင့်မှာ ဒါသူတို့နဲ့ကျွန်တော်တို့နဲ့ နှစ်ယောက်ပိုင်ပေါ့နော်။ Packing Factory ကို ဒီမှာလာပြီးတော့ထောင်မယ်။ တတိယ အဆင့် ခုနက အစစအရာရာသူတို့တစ်တွေ မြန်မာနိုင်ငံ နဲ့ပတ်သက် ပြီးတော့ ယုံကြည်စိတ်ချမှုရှိပြီဆိုတဲ့အချိန်ရောက်ပြီဆိုရင် စက်ရုံ အတူထောင်ဖို့တော့ အစီအစဉ် ကတိစကား ရှိပါတယ်။

အခုလို အချိန်ပေးရှင်းပြပေးတဲ့အတွက် ဆရာနားလည်တာက စီးပွားရေးကို တကယ်လုပ်တဲ့အခါမှာ  အခက် အခဲတွေကနေ အခွင့်အရေးပေါ်လာတာ။ ဆရာထင်တယ် စာဖတ်ပရိသတ်တွေ  ဦးကျော်မင်းဆီ ကနေရ တဲ့အတွေ့အကြုံဟာ အင်မတန်တန်ဖိုး ရှိပါတယ်။ အခုလို ဆရာ့ကိုအချိန်ပေးပြီးဖြေကြားပေးတဲ့ အတွက်
 ကျေးဇူး အများကြီးတင်ပါတယ်။

ဤမျက်နှာဖုံးဆောင်းပါးဖြစ်မြောက်ရေးအတွက် မအားလပ်သည့်ကြားမှ အချိန်ပေးကူညီသော
ပါမောက္ခဒေါက်တာအောင်ထွန်းသက်နှင့် ဦးကျော်မင်း တို့အား ကျေးဇူးအထူးတင်ရှိပါသည်။

Subscribe Us