Monday, August 24, 2015

ယောနသံ ဇင်ယော်


ယောနသံဆိုသည်မှာ ပင်လယ်စင်ရော်တစ်ကောင်ပင်ဖြစ်သည်။ သို့သော် သူသည် သာမန်ငှက်များနှင့် မတူပဲ တမူထူးခြားလှသည်။ သူ့ထံတွင် ထူးခြားသော အစွမ်းအစများရှိသည်။

ပင်ကိုယ်အစွမ်းအစများမဟုတ်ပဲ သူ၏ လေ့ကျက်မှုများဖြင့် ရရှိလာသော အတွေ့အကြုံများအပေါ်တွင် အခြေတည်ကာ အရည်အချင်းကောင်းများကို ပိုင်ဆိုင်လာသူဟုဆိုရလျှင် မမှားပေ။
.
တောင်ပံတစ်စုံ၊ ခြေတစ်စုံ၊ စူးရှတဲ့ မျက်ဝန်းတစ်စုံ အားလုံးနီးပါး တူညီမှု ရှိသော်လည်း တမူထူးခြားသည့် အရည်အသွေးများမှာ သူများနဲ့မတူသည့် နှလုံးသားတစ်ခု၊ စဉ်းစားကွန့်မြူးတတ်သည့် ဥာဏ်ရည်၊ ထက်မြက်သည့်အတွေးအခေါ်၊ လုံ့လ၊ ဇွဲ၊ ၀ီရိယ၊ သတိ၊ အတ္တ၊ မာန်န အားလုံးကို ပိုင်ဆိုင်ထားပြန်သည်။
.

ငှက်တကာတို့ ပျံသန်းသည့် ပျံသန်းမှုမျိုးကို မနှစ်သက်ပေ။ သူတကာတို့ထက် အမြင့်ဆုံးကို ရောက်လိုသည့် ဆန္ဒကို ရင်ထဲမှာ ငယ်စဉ်ဘ၀ ကတည်း က မွေးမြူထားခဲ့ပေသည်။
.
ငှက်တစ်ကောင်ရဲ့ အမြင့်ဆုံးပျံသန်းမှုဟာ လူတစ်ယောက်အတွက် မဆန်းပေမယ့် ဘ၀တူအသိုင်းအ၀န်း မှာတော့ ဆန်းကျယ်လှပေလိမ့်မည်။ သူဖြတ်သန်းရာ လမ်းတစ်လျှောက်၊ မြင်ကွင်းအဖုံဖုံ ပြောင်းလဲမှု၊ ပတ်ဝန်းကျင်ပြောင်းလဲမှုများမှ တွေ့ကြုံသိခွင့်ရသမျှကို သူလို ဘ၀တူ ငှက်များကို ပြန်လည်မျှဝေတတ်သည့် အမူအကျင့်များပိုင်ဆိုင်သော ယောနသံ
.
ယောနသံ ဇင်ယော် (ဘသန်း-ဓမ္မိက)-

Subscribe Us