Tuesday, June 23, 2015

အောင်မြင်မှုအတွက် ပတ်ဝန်းကျင်ကောင်း


- ကောင်းဆက်နိုင်

လူတစ်ယောက် ထူးထူးခြားခြား အောင် မြင်ဖို့က ပတ်ဝန်းကျင်ကောင်းတစ်ခု တော့လိုတယ် ။ အောင်မြင် မယ့်သူဟာ အဲဒီပတ်ဝန်းကျင် သူ့မှာ အရင်ကမရှိခဲ့ရင်လည်း ရှိအောင် ဖန်တီးဖို့ ကြိုးစားကြတယ်။ တစ်ခါတစ်ရံ ကိုယ်မသိလိုက် ဘဲနဲ့တောင် အဲဒီလို ပတ်ဝန်းကျင်ကောင်းကို မသိစိတ် ရဲ့ဦးဆောင်မှုနဲ့ ဖန်တီးတတ်ကြတယ်။ အဲဒါကိုပဲ ကံတ ရားလို့ ခေါ်ကြတယ်။

ဘုရားတောင်မှ အမှီရှိမှဖြစ်တယ်ဆိုတဲ့ စကား ရယ်၊ အရှင်အာနန္ဒာကို ဗုဒ္ဓက ဟောဖူးတဲ့'မိတ်ဆွေ ကောင်း ရရှိခြင်းဟာ အောင်မြင်မှုအတွက် ၁ဝဝ ရာခိုင် နှုန်း သေချာတယ်'လို့ ဟောကြားချက်ရယ်၊ တွေးကြည့် လိုက် တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်း၊ မိသားစုကောင်း နဲ့ မိတ်ဆွေကောင်းတွေဟာ လူတစ်ယောက်အောင်မြင် မှုအတွက် အထောက်အကူဖြစ်တာ သေချာတယ်။

အောင်မြင်နေတဲ့ တိုင်းပြည်တစ်ခုဟာ ဆင်း ရဲနိမ့်ကျနေတဲ့ တိုင်းပြည်တစ်ပြည်နဲ့ ဘာကွာခြားသလဲ ။
 အောင်မြင် တဲ့ တိုင်းပြည်တစ်ပြည်မှာ လူတွေအောင်မြင် ဖို့ ပတ်ဝန်းကျင်ကောင်းတွေ အများကြီး ဖန်တီး
ပေးနိုင် တာ တွေ့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန် တီးပေးနိုင်တယ်။ ပညာရေး အခင်းအ ကျင်းတွေ ပြည်သူ တွေ ကျန်းမာသန်စွမ်းနေဖို့ အားကစားလုပ်နိုင်ဖို့ နေရာ ထိုင်ခင်းတွေ၊ အဆောက်အ အုံတွေ၊ လူတွေ ဘဝလုံခြုံ စိတ်ချပြီး စိတ်အေးလက်အေးနေနိုင်ဖို့ လူ့အခွင့်အရေး အပြည့်အဝရှိနေဖို့ အစစအရာရာ ဖန်တီးပြီး ဖြစ်နေ တယ်။ မပြည့်စုံတာတွေကိုလည်း ထပ်ထပ်ပြီး ဖြည့်နေ ကြတယ်။ တစ်ဖွဲ့ နဲ့တစ်ဖွဲ့၊ တစ်ယောက်နဲ့တစ်ယောက် အောင်မြင်မှုဆီကို တွန်းတင်ပေးတယ်။ တချို့က ကိုယ့် ကိုယ်ကိုယ် အနာခံပြီးတောင် တင်ပေးတယ်။ တိုင်းပြည်နဲ့ လူမျိုးကိုချစ်တာ လက်တွေ့ပြပြီး ကြိုးပမ်းကြတာဖြစ်တယ်။

ဆင်းရဲတဲ့နိုင်ငံတွေမှာ ဒါတွေ တစ်ခုမှမရှိဘူး။ တစ်ယောက်ကိုတစ်ယောက် တွန်းတင်မပေးတဲ့အပြင် တစ်ယောက်ပေါ်တစ်ယောက် တက်နင်းကြတယ်။ ချမ်း သာတဲ့နိုင်ငံတွေနဲ့ ကြီးကြီးမားမား ကွာခြားသွား တဲ့နေရာ ရှိတယ်။ သိသိသာသာကြီး ကွာခြားနေတာ။ အဲဒါက သူတို့ဆီမှာ ပညာရေးစနစ်က ဆရာ၊ ဆရာမတွေဟာ ကျောင်းသားတွေကို သိသိသာသာ တွန်းတင်ပေးနိုင် တယ်။ စိတ်ရောကိုယ်ပါနှစ်ပြီး တွန်းတင်ပေးတယ်။ သူ တို့နိုင်ငံတွေက အောင်မြင်သူတိုင်းရဲ့ အောင်မြင်ခဲ့တဲ့ အကြောင်းရင်းထဲမှာ ဆရာ၊ ဆရာမတွေရဲ့ တွန်းအားက အဓိကနေရာက ပါဝင်တယ်။ ဥပမာ ဘီလ်ဂိတ်၊ ဘီလ် ဂိတ်ကို သူ့ရဲ့ ဆရာ၊ ဆရာမတွေက အားတက်သရော မြေတောင်မြှောက်လာခဲ့ကြတယ်။

အိုင်းစတိုင်းဟာ ငယ်စဉ်က စကားနည်းတဲ့ အပြင် ပြောရင် ထုံထုံထိုင်းထိုင်းနဲ့ ဥာဏ်ရည်မပြည့်တဲ့ ကလေးတစ်ယောက်များလားလို့တောင် ထင်မှတ်ကြရ တယ်။ သူ့အတွက် ပတ်ဝန်းကျင်တွန်းအားကတော့ အင် ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ဦးလေးနဲ့ မိတ်ဆွေ ဆေးကျောင်းသားလေး တစ်ယောက် ဖြစ်ပါ တယ် ။ သူ့ရဲ့ ထင်ရှားတဲ့ Relativity သီအိုရီဟာ သူ့ရဲ့ရူပဗေဒပတ် ဝန်းကျင်ကောင်းတွေ သုတေသီ
ကောင်းတွေ ကြားထဲ မှာ တောက်ပြောင်လင်းလက်ခဲ့ပါတယ်။ သူ့ရဲ့အောင် မြင်မှုအတွက် ပတ်ဝန်းကျင်
ကောင်းကိုလည်း သူဖန်တီး တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ကို တစ်ယောက် တွန်းတင်ရင်းနဲ့ သူတို့အားလုံး မြင့်တက် လာကြတယ်။

အမေရိကန်နိုင်ငံဟာလည်း တစ်ယောက်နဲ့ တစ်ယောက် တွန်းတင်ခဲ့တဲ့နိုင်ငံထဲမှာ အပါအဝင်ဖြစ် တယ်။ သူတို့ဆီမှာ တကယ်တော်ပြီး အကျင့်စာရိတ္တ ကောင်းရင် ဆင်းရဲသားလည်း သမ္မတဖြစ်နိုင်တယ်။ လူ မည်းလည်း သမ္မတဖြစ်နိုင်တယ်ဆိုတာ ပြခဲ့ပြီ။

အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်တဲ့ ဂျော့ရှ်ဝါရှင်တန်ဆိုရင် ကျောင်းစာ ဖြစ်ဖြစ်မြောက်မြောက် မသင်ခဲ့ရပါဘူး။ မြေတိုင်းပညာရပ်ကို ဝါသနာပါတဲ့အ တွက် သချာင်္ကိုပဲ အသေအချာ လေ့လာသင်ကြား ခဲ့တာ ပါ။ သူဟာ အမေရိကန်နိုင်ငံကို အင်္ဂလိပ်လက်အောက် က လွတ်မြောက်အောင် ကြိုးပမ်းခဲ့တဲ့ သူရဲ
ကောင်းလည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ လွတ်လပ်စ အမေရိကန်နိုင်ငံကိုအမေရိကန်ပြည်ထောင် စု ရယ်လို့ ပျိုး ထောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

သတ္တမမြောက် အမေရိကန်သမ္မတဟာ ငယ် ရွယ်စဉ်ဘဝက တော်လှန်ရေးတပ်ဖွဲ့မှာ တပ်သားလေး ပါ။
 နောက်ပိုင်းတိုက်ပွဲတွေမှာ အောင်ပွဲရ စစ်ဗိုလ်ချုပ် တစ်ဦးဖြစ်လာပြီးနောက်ပိုင်း ရွေးကောက်ပွဲဝင်ပြိုင်ရာ မှာ ပထမအကြိမ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယအကြိမ်ရွေး ကောက်ပွဲကျမှ ရွေးကောက်ပွဲမှာ အနိုင်ရပြီးသမ္မတ
 ဖြစ် ခဲ့ပါတယ်။ သူ့အရင် လူချမ်းသာတွေချည်း သမ္မတဖြစ်ခဲ့ တဲ့အတွက် အုပ်ချုပ်ရေးဟာ လူချမ်းသာတွေ အတွက် သီး သန့်နေရာလို ဖြစ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ပြီး လုပ်ကြံခံ ရပေမယ့် မသေခဲ့ပါဘူး။ သူကတော့ သမ္မတအင်ဒရူး ဂျက်ဆင် ဖြစ်ပါတယ်။

ဆင်းရဲသားမိသားစုက သမ္မတဖြစ်တဲ့ နောက် တစ်ယောက်က မာတင်ဗန်ဗြူရင်ဖြစ်ပါတယ်။ ဒတ်ခ်ျ(နယ်သာ လန်)မျိုးရိုး ဖြစ်ပါတယ်။ အင်္ဂလိပ်မျိုးနွယ် မဟုတ်တဲ့အထဲမှာ ပထမဆုံးသော အမေရိကန်သမ္မတ လည်းဖြစ် ပါတယ်။ နယူးယောက်မြို့နားက ရွာကလေး တစ်ရွာမှာ မွေးဖွားခဲ့တာပါ။ သူ့မိသားစုမှာ လယ်မြေ လေး တစ်ကွက်နဲ့ ဆိုင်ငယ်လေးတစ်ဆိုင်ပဲ ပိုင်ဆိုင်ခဲ့ပါ တယ်။ ရွာကျောင်းမှာနေရာကနေ ၁၄ နှစ်သားမှာ တ ရားရုံးမှာ ဝင်အလုပ်လုပ်ရင်း အသက် ၂၁ နှစ်အရွယ် မှာ ရှေ့နေဖြစ်ပါတယ်။ အောင်မြင်တဲ့ ရှေ့နေ ဘဝက နေ နိုင်ငံရေးဘက်မှာ လေ့လာလိုက်စားရာကနေ ဥပဒေ အရာရှိ၊ တရားသူကြီး အထက်လွှတ်တော် အမတ်၊ နိုင်ငံ ခြားရေးဝန်ကြီး၊ ဒုသမ္မတ စတဲ့ ရာထူးတွေ အဆင့်ဆင့် တက်လှမ်းရာကနေ နောက်ဆုံး အမေရိကန်နိုင်ငံရဲ့ အဋ္ဌမမြောက် သမ္မတဖြစ်ခဲ့တာပါ။

၁၃ ယောက်မြောက် အမေရိကန်သမ္မတဖြစ် တဲ့ 'မီလတ်ဖီးလ်မိုး' ကို နယူးယောက်အနောက်ဘက် က သစ်လုံးအိမ်လေးမှာ မွေးဖွားခဲ့ပါတယ်။ ကျောင်း မနေဖူးခဲ့တဲ့ အမေရိကန်သမ္မတပါ။ ၁၄ နှစ်အရွယ်မှာ စက်ချုပ်ဆိုင်တစ်ဆိုင်မှာ ဝင်ကူညီ လုပ်ကိုင်ပေးရင်းနဲ့ ဥပဒေပညာကို စိတ်ဝင်တစား လေ့လာလိုက်စားရင်း ၂၃ နှစ်အရွယ်မှာ ရှေ့နေဖြစ်နေပါပြီ။ ကိုယ်ထူးကိုယ် ချွန်ခဲ့ရသူ ဖြစ်ပါတယ်။ နောက်တစ်ဆင့် နိုင်ငံရေး
လောက ထဲဝင်ရောက်ကြိုးစားရင်း ဒုသမ္မတဖြစ်လာတယ်။

၁၅ ယောက်မြောက် အမေရိကန်သမ္မတဟာလည်း စစ်သားဘဝကနေ ကြိုးစားရင်း အောင်မြင်တဲ့ ရှေ့
နေဖြစ်လာရာကနေ ပြည်နယ်လွှတ်တော်၊ အောက် လွှတ်တော်၊ အထက်လွှတ်တော်ကနေ တစ်ဆင့်ပြီး တစ်ဆင့် တက်လာရင်း နောက်ဆုံး သမ္မတရာထူး ရခဲ့ပါတယ်။

 နောက်တစ်ဦးကတော့ ၁၆ ယောက်မြောက် သမ္မတဖြစ်တဲ့ 'အေဗရာဟင်လင်ကွန်း'ပါ။ ဂျော့ခ်ျဝါ ရှင်တန် ပြီးရင် နာမည်အကျော်ကြားဆုံး သမ္မတပါ။ နိုင်ငံ တကာကအစ မသိတဲ့သူ မရှိသလောက်ပါ။ ငယ်စဉ် မှာ အလွန်ဆင်းရဲ နုံချာခဲ့ပါတယ်။ အမေဖြစ်သူက သူ ကိုးနှစ်သားအရွယ်မှာ ဆင်းဆင်းရဲရဲ သေဆုံးခဲ့ရပါတယ်။ အမေကဆင်းရဲပေမယ့် အသိမဆင်းရဲတော့ သားဖြစ် သူကို ပညာသင်ယူဖို့နဲ့ ကမ္ဘာမှာ ကျော်ကြားအောင် ကြိုး စားဖို့ မကွယ်လွန်မီ မှာကြားသွားပါတယ်။ မိထွေးရလာ ပြန်တော့လည်း လင်ကွန်းကို အကျင့်စာရိတ္တ
ကောင်းမွန်ရေးအတွက် လမ်းပြရင်း တွန်းတင်ခဲ့ပါတယ်။

ငယ်စဉ်မှာ ဖခင်ရဲ့ လက်သမားအလုပ်ကိုလည်း အရွယ်နဲ့မမျှအောင် ဝင်ကူညီခဲ့ရပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်ဖြစ်လာမယ့် လင်ကွန်းလေးဟာ မီးခွက်၊ ဖယောင်း တိုင်တောင်မတတ်နိုင်လို့ မီးလင်းဖိုဘေးမှာ ရတဲ့ အလင်းရောင်လေးနဲ့ စာဖတ်ခဲ့ရပါတယ်။ ပျဉ်ချပ်ပေါ်မှာ မီးသွေးခဲနဲ့ စာရေးကျင့်ခဲ့သူပါ။ ကုန်စုံဆိုင်အရောင်း

သမား၊ မြေ တိုင်းစာရေး ဝင်လုပ်ရင်း ရှေ့နေစာမေးပွဲ ဖြေဆိုအောင် မြင်ခဲ့ပါတယ်။ နောက်တစ် ဆင့်က လွှတ်တော်အမတ် လုပ်ခဲ့ပါတယ်။ စကားပြောကောင်းတဲ့ ရှေ့နေအဖြစ်လည်း နာမည်ကြီးနေပါပြီ။ နောက် ဆုံးမဲအပြတ်အသတ် နဲ့ သမ္မတဖြစ်လာခဲ့ပါတယ်။ ဒုတိယအကြိမ်မှာလည်း လင်ကွန်းဟာ သမ္မတအဖြစ် အရွေးခံခဲ့ရပြန်ပါတယ်။

ပြည်တွင်းစစ်ဖြစ်တဲ့အထိ သမ္မတလင်ကွန်း ဟာ အသားအရောင်ခွဲခြားမှုနဲ့ ကျွန်စနစ်ကို ပြတ်ပြတ် သားသား ဆန့်ကျင်ခဲ့လို့ ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီအ ကြောင်းကြောင့်ပဲ သမ္မတလင်ကွန်းဟာ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ပေမယ့် နာမည်မသေခဲ့တဲ့ သမ္မတဖြစ်တယ်။

၁၇ ဦးမြောက် အမေရိကန်သမ္မတလည်း ထူး ခြားပါတယ်။ သမ္မတလင်ကွန်း လုပ်ကြံခံရလို့ ဒုသမ္မတ ကနေ သမ္မတဖြစ်ခဲ့သူပါ။ သူ့ရဲ့ထူးခြားချက်က သူဟာ စာတတ်ပေတတ် တစ်ယောက်မဟုတ်ခဲ့ဘဲ အသက် ၂ဝ
 ရောက် မှသာ ဇနီးဖြစ်သူ ကူညီသင်ကြားပေးလို့ စာရေး တတ် ဖတ်တတ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ သို့သော် သူ့ကို ဥာဏ်ကောင်းသူတစ်ယောက်အဖြစ် အသိအမှတ်ပြု ကြရပါတယ်။ သူ့နာမည်က 'အင်ဒရူး ဂျွန်ဆင်'ဖြစ်ပါတယ်။

၂ဝ ယောက်မြောက်သမ္မတက 'ဂျိမ်းစ်အေဂါ ဖီး'ဖြစ်ပါတယ်။ သူလည်း ဆင်းရဲသားဘဝကလာတဲ့ သမ္မတပါ။ သစ်လုံးအိမ်နဲ့ ကြီးပြင်းခဲ့ရတဲ့ မုဆိုးမသား တစ်ယောက် ဖြစ်ပါတယ်။ အလုပ်ကြမ်းသမား၊ ဆင်းရဲ သားဘဝ ကနေ အပတ်တကုတ် ကြိုးစားအားထုတ်လို့ ပါမောက္ခဖြစ်လာသူ။ နောက်ပိုင်း ဗိုလ်ချုပ်၊ အောက်လွှတ်တော် အမတ်ကနေ သမ္မတဖြစ်လာခဲ့ပါတယ်။

၃၃ ယောက်မြောက် သမ္မတလည်း ကျော် ကြားပါတယ်။ သူ့နာမည်က 'ဟာရီထရူးမင်း'ဖြစ်ပါတယ်။ သူ လည်းငယ်စဉ်က တောင်သူလယ်သမားသား ဖြစ်ခဲ့တာပါ။ မိဘတွေကို ကူညီလုပ်ကိုင်ရင်း အထက်တန်း
 ကျောင်းမှာ ကျောင်းတက်ခဲ့ပါတယ်။ သူလည်း အလုပ် စုံအောင်လုပ်ရင်း ဘဝကို ရုန်းကန်ခဲ့ ရသူ ဖြစ်ပါ တယ်။ မီးရထားအလုပ်သမား၊ သတင်းစာခေါက်သူ၊ ဘဏ် စာရေးစာရင်းကိုင် အလုပ်တွေအပြင် ဖခင် ကွယ်လွန် တော့ မိခင်ထံပြန်လာပြီး လယ်ယာလုပ်ငန်းခွင်ဝင်ရတဲ့ လယ်သမား စတာတွေဟာ သူဖြတ် သန်းခဲ့ရတဲ့ ဘဝတွေ ဖြစ်ပါတယ်။

နောက်ပိုင်းလည်း အလှည့်ကျစစ်မှုထမ်း အပြင် ဗိုလ်ကြီးဘဝ၊ အထည်ဆိုင်သမား ပြီးမှနိုင်ငံ ရေးလောက ထဲဝင် တရားသူကြီးကနေ တရားသူကြီး ချုပ်၊ နောက်ပိုင်း အထက်လွှတ်တော်အမတ်၊ ဒုသမ္မတ ကနေ သူ့ရှေ့က ရုစဗဲ့ကွယ်လွန်တော့ သူသမ္မတဖြစ် လာပါတယ်။ ဒုတိယအကြိမ်မှာလည်း သမ္မတအ ဖြစ် အရွေး ခံခဲ့ရပြန်ပါတယ်။ လူသတ်သမားရဲ့လုပ် ကြံတာခံရပေမယ့် မသေခဲ့တဲ့သမ္မတဖြစ်ပါတယ်။

'ဂျင်မီကာတာ'ကတော့ ၃၉ယောက်မြောက် အမေရိကန်သမ္မတဖြစ်ပါတယ်။ သူလည်း ငယ်စဉ်က ဆင်းရဲတဲ့ ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဂျင်မီကာ တာလေးဟာ မိသားစုမြေပဲခင်း၊ ထင်းရှူးတောနဲ့ လယ်ကူလီတွေကြား မှာ လူလားမြောက်ခဲ့ရတဲ့တော သားလေးတစ်ဦးပါ။ ပတ်ဝန်းကျင်ကောင်းအဖြစ် အဖေ ဆီကနေ အလုပ် ကြိုးစား မှု၊ ချွေတာစုဆောင်းတတ် မှုနဲ့ စီးပွားရေးမှာ လာဘ်မြင်မှုတွေကို တွန်းအားတစ် ရပ်အဖြစ် လက်ခံ ရရှိခဲ့ပါတယ်။

မေတ္တာတရားနဲ့ စာပေလိုက်စားမှုကို မိခင် ဆီကသူရခဲ့ပါတယ်။ တိုင်းပြည်စီးပွားရေးကပ်ဆိုက် ချိန်မှာ ကာတာဟာ အထက်တန်းအောင်ပေမယ့် ကော လိပ်တက်ဖို့ ငွေကြေးအဆင်မပြေပါဘူး။ ပြည်နယ်
 ကောလိပ်မှာ နှစ်နှစ်အခမဲ့တက်လို့ရတဲ့ ရေတပ်ဗိုလ် သင်တန်းကို သူဝင်ခွင့်ရခဲ့ပါတယ်။ ရေငုပ်သင်္ဘော မှာ တာဝန်ထမ်းဆောင်ရင်း ပြည်ထောင်စုကောလိပ် မှာ အဏုမြူဘာသာရပ်နဲ့ စက်မှုဘာသာရပ်တွေသင် ယူဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဖခင်ရဲ့လယ်ယာမြေ ကို စက်မှုလယ်ယာပြောင်းလုပ်ရာက အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရေး လောကထဲဝင်ပြီး အထက်လွှတ်တော် အမတ်ဖြစ်၊
 ဂျော်ဂျီယာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်ပြီး နောက် ဆုံး သမ္မတရာထူးကိုရရှိခဲ့ပါတယ်။ဒါတွေ ကတော့ ငယ်စဉ်ဆင်းရဲတဲ့ဘဝက နေ ကိုယ့်ခြေပေါ်ကိုယ်ရပ်ပြီး သမ္မတဖြစ်တဲ့အထိ အောင်မြင်အောင် ကြိုးစား ခဲ့သူတွေဖြစ်ပါတယ်။ သူ တို့မှာလည်း ပတ်ဝန်းကျင်ကောင်းတွေ ကိုယ်စီကြုံတွေ့ ရင်း တွန်းအားတွေဖြစ်ခဲ့ မယ်ဆိုတာ သေချာပါတယ်။

‪#‎TheFlowerNews‬

Subscribe Us