Saturday, January 17, 2015

ထောပတ်သီးစားခြင်းဖြင့် မကောင်းသော ကိုလက်စထရောများ လျော့ကျစေနိုင်သလား

 


ကျန်းမာပြီး ကိုယ်အလေးချိန်ပိုနေသူများနှင့် အဝလွန်သူများ ထော ပတ်သီးအပါအဝင် နှလုံးကိုကျန်းမာစေသော အစားအသောက်များ စားပေးခြင်းဖြင့် ဆိုးရွားသော ကိုလက်စထရောဓာတ်များ လျော့ကျ သွားနိုင်ကြောင်း လေ့လာမှုအသစ်တစ်ခုအရ သိရသည်။

သို့သော် မိမိတို့ နေ့စဉ်စားသောက်နေသော အစားအစာများ တွင် ထောပတ်သီးများထည့်စားလိုက်ရုံဖြင့် ယင်းသို့ကိုလက်စထ ရောများ လျော့သွားမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ကျန်းမာရေးနှင့် ညီသော အစားအစာများတွင် ထောပတ်သီးများပါထည့် စားပေးခြင်းဖြင့် သိပ်သည်းဆနည်းနေသော လီမိုပရိုတင်း(LDL)ကိုလက်စထရောဓာတ်ကို လျှော့ချပေးနိုင်ကြောင်း လေ့လာမှုကဖော်ပြသည် ဟု သုတေသီများက ပြောသည်။

‘ကိုယ်စားနေတဲ့ အစားအသောက်တွေထဲ ထောပတ်သီးတွေပါ ထည့်စားရမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်တွေထဲမှာ ထောပတ်သီးကိုပါ ထည့်စား ပေးရမှာပါ’’ ဟု အမေရိကန်နှလုံးကျန်းမာရေးဌာန၏ အာဟာရကော်မတီဥက္ကဋ္ဌ ပန်နီခရစ်အီသာတွန်က ပြောသည်။ ၎င်းမှာပင်ဆယ်ဗေးနီးယားပြည်နယ် တက္ကသိုလ်မှ အာဟာရကျွမ်းကျင်ပညာရှင်လည်း ဖြစ်သည်။

‘‘နှလုံးရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်တွေလျော့ပါးသွားအောင် လူတွေနှလုံးကို ကျန်းမာစေတဲ့ အစားအသောက်တွေ စားပေးရပါ မယ်’’ဟု မစ္စစ်ခရစ်အီသာတွန်နှင့် လုပ်ဖော်ကိုင်ဖက်များက အမေရိ ကန်နှလုံးကျန်းမာရေး ဂျာနယ်တွင် ဖော်ပြထားသည်။

ကျန်းမာရေးအတွက် မကောင်းသော အဆီများအစား ကျန်းမာရေးနှင့်ညီသော အဆီဓာတ်ပါဝင်သည့် ဖက်တီးအက်စစ်များနှင့် ကိုလက်စထရောများအဖြစ်သို့ အလွယ်တကူပြောင်းလဲ သွားလေ့မရှိသော အဆီတို့ကို အစားထိုးစားပေးသင့်သည်။


မြေထဲပင်လယ်ဒေသတွင် စားသုံးလေ့ရှိသော သဘာဝသံလွင် ဆီ (သို့မဟုတ်)အခွံမာသီး အရောအနှောတို့တွင် ကျန်းမာရေးနှင့် ညီသော အဆီဓာတ်ပါဝင်သဖြင့် လေဖြတ်ခြင်းနှင့် နှလုံးရောဂါထ ခြင်းကဲ့သို့ နှလုံးသွေးကြောဆိုင်ရာ ပြဿနာများ ကြုံတွေ့နေရသည့် သက်ကြီးရွယ်အိုများ ငါးနှစ်ခန့် စားပေးပါက ယင်းရောဂါများ ဖြစ်နိုင်သည့် အန္တရာယ်များကို ၃၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း အစောပိုင်းလေ့လာမှုတစ်ခုအရ သိရသည်။

ထောပတ်သီးတွင် ကျန်းမာရေးနှင့်ညီသော အဆီဓာတ်ပါဝင် ပြီး ဗီတာမင်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တို့ကဲ့သို့ အခြားသော ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာလည်း ပါဝင်ကြောင်း သုတေ သီများက ပြောသည်။

ထောပတ်သီးတွင် ပါဝင်သော ဓာတ်များကဲ့သို့ အလားတူ အကျိုးများသော အခွံမာသီးများ (သို့မဟုတ်) ဟင်းသီးဟင်းရွက်များ၊ အခြားသစ်သီးများ စားပေးခြင်းဖြင့်လည်း ကျန်းမာရေးအကျိုးကျေး ဇူးများ ရရှိနိုင်သည်ဟု အာဟာရပညာရှင်ခရစ်အီသာတွန်က ပြောသည်။-Reuters

Subscribe Us