Thursday, December 04, 2014

နိင်ငံသားတိုင်း ခေါင်းဆောင်ဖြစ်ခွင့်ရှိတယ်


◇မိုးရွာရင် ရေပါပြီး ၊ မိုးပျောက်ရင် ရေခြောက်ရသလို◇ ဒေါ်စု ၊ ပွင့်လင်းတို့ တစ်နေရာ တစ်မြို့မှာ ပွဲတစ်ခု ကျင်းပချိန်ဆို လူတွေက ကြက်ပျံမကျ စည်ကား ၊ အနီရောင် အလံတွေ ၊ ခေါင်းစည်းတွေ ၊ ပုဝါတွေ
လှိုင်းထအောင်များပြား အားရစရာ၊သွေးကြွစရာ ။


သူတို့တွေ ပြန်သွားပြီဆိုတော့မှဖြင့် စောစောက လှိုင်း တွေလို လူတွေ ၊ ဝံ့ကြွားမှုတွေ ၊ သတ္တိတွေ ၊ စည်းလုံးမှု တွေက အလံတွေပုဝါတွေနဲ့အတူပျောက်ကွယ်သွားကြ။ မိုးရွာရင် ရေပါလာပြီး မိုးပျောက်ရင် ရေခြောက်ရသလို၊

 ခေါင်းဆောင်မှုကို မျှော်တဲ့ အကျင့်ဆိုးတွေ စွဲကပ်နေတဲ့  ကျွန်တော်တို့ သာမာန် ပြည်သူလူထုတွေ ။ အချိန်ပြည့်  ဦးဆောင်ပေးဖို့ လိုဘမပြည့်တော့ အလိုမကျလာကြ ။ တစ်ကယ်ဆို ခေါင်းဆောင်သူတွေ မှားတယ် မဆိုနိင် ဘူး ။ သူတို့မှာလည်း ကိုယ်လိုသူလို လူတစ်ယောက်၊


ကိုယ်ခွဲလို့ မရသလို ၊ ခေတ်နဲ့ကွင်းဆက်ပြက်မှုအချိန် တွေက ပကတိအရ ငြင်းမရစွာ ဖြတ်သန်းခဲ့ရသူတွေ ။
နေရာဒေသတစ်ခုတည်းမှာ အချိန်ပြည့် တာဝန်ယူ ဦးဆောင်ဖို့ဆိုတာ သူတို့ဘက်ကလည်း ခက်ခဲနေရ ။
တစ်ကယ်ဆို ကျွန်တော်တို့ နိင်ငံမှာက ခေါင်းဆောင် ကောင်းတွေ အလွန်လိုအပ်နေတဲ့ အခြေအနေ ။
မြင်ကြည့်မယ်ဆို ဒီကနေ့ ခေါင်းဆောင် ဆိုသူတွေဟာ တစ်ချိန်က သူလိုငါလို သာမာန် ပြည်သူတစ်ယောက်
အဖြစ် ဘဝ စခဲ့ကြသူတွေသာ ။

စိတ်တိုင်းကြတဲ့ ခေါင်းဆောင်တွေ ကို ရှာနေတာထက် ကျုပ်တို့ အညတရ သာမာန်ပြည်သူတွေအနေနဲ့ ကိုယ် မျှော်လင့် လိုချင်တဲ့ ခေါင်းဆောင် အရည် အသွေးမျိုး ကိုယ်တိုင် ကျင့်ကြံရင်း တိုင်းပြည်အတွက် လိုအပ်နေ တဲ့ ခေါင်ဆောင်တွေဖြစ်လာဖို့ ကြိုးစားကြစေချင်တယ်။

ကြိုးစားကျင့်ကြံရင် လူချင်းတူတူမို့ လိုချင်သလောက်  မဟုတ်တောင် လုပ်သလောက် ခေါင်းဆောင်နိင်မဲ့သူ
တွေ ဖြစ်လာကြမယ်လို့ ကျွန်တော် ယုံကြည်တယ် ။ ခေါင်းဆောင် မမျှော်ဘဲ ခေါင်းဆောင်ပေါ်အောင်
ကိုယ်စီ တာဝန်ယူ တာဝန်ခံဝံ့တဲ့ ခေါင်းဆောင်စိတ်ကို စနစ်တကျ လေ့ကျင့် မွေးမြူကြစေချင်တယ် ။
လက်တွေ့မှာ နောက်လိုက်ကောင်းအဖြစ် ဖျက်သန်းလို့ မိမိအလှည့်မှာဦးဆောင်ဖို့ အသင့်ဖြစ်နေ မဲ့ခေါင်းဆောင် တွေအဖြင့်ကျုပ်တို့ရဲ့နိင်ငံသားတိုင်းကိုမြင်ချင်လှတယ်။

မိမိကိုယ်တိုင်လည်း နိင်စွမ်းသမျှ အလှည့်ကျရင် မနွဲ့ စတမ်း ခေတ်ဝန်ကို ထမ်းဖို့ နောက်လိုက်ကောင်း အဖြစ်ကြိုးစားရင်း ခေါင်းဆောင် အကျင့်အကြံများကို လေ့လာစည်းပူနေမိတယ် ။

အချိန်တစ်ခုမှာ ကျုပ်တို့ အညတရ နိင်ငံသားတွေ အားလုံး သံပြိုင်. . .

◆ကျွန်တော် ကျွန်မတို့သည် ခေါင်းဆောင် တစ်ယောက် ဖြစ်ကြသည်◆လို့ ကမ္ဘာကို ညီညီ ညာညာ အော် ဟစ်ပြကြရအောင် ဗျာ ။

အဲဒီအချိန်ဆို ဘယ်အာဏာရှင်နဲ့အာဏာရှင်စနစ်မှ အမြစ်တွယ် ခိုကပ် မနေနိင်တော့ဘူးလေ ။
အရည်အသွေးမြင့်လာတဲ့ နိင်ငံသားတွေများတဲ့ နိင်ငံမှာ အစိုးရဆိုးတွေ ကြာရှည် ရှိမနေနိင်ဘူးပေါ့ဗျာ ။

လေးစားလျှက်
ဝလုံး

Subscribe Us