Saturday, November 15, 2014

လောကတ္ထစရိယ


မိမိတို့ စိတ်အစဉ်တို့သည်
ကြည် လင်ဖို့လို၏။
စိတ်ကြည်လင်လျှင်
သစ္စာ၏အရိပ်အရောင်တို့သည်လည်း
ပဲ့တင်ရိုက်ခတ်၏။
သစ္စာ နှင့်ယှဉ်လျှင်
မှန်မမှန် ဒွိဟ ဖြစ်စရာမလို
ဆုံးဖြတ်ချက် မှန်လေ၏။

ဆုံးဖြတ်ချက်မှန်လျှင်
လုပ်ဆောင်ချက်လည်းမှန်ကန်မည်ဖြစ်သည်။
လုပ်ဆောင်ချက် မှန်ကန်လျှင်
လောကအကျိုး၊ အများအကျိုးကို
ဆောင်ရွက်ရာရောက်၏။
ဤသည်ကို လောကတ္ထစရိယ ဟုခေါ်၏။

 ဆရာကြီးဦးရွှေအောင်

Subscribe Us