Saturday, July 05, 2014

အစွမ်းကုန်ကြိုးစားလုပ်ဆောင်ပါ

 

အလုပ်လုပ်တဲ့နေရာမှာ တချို့တွေက ထိပ်တန်းအောင်မြင်မှုတွေ ရရှိကြပါ တယ်။ တချို့ကတော့ သာမန်ပါပဲ။ တချို့တွေကတော့ အဆင်မပြေမှုတွေ ရှုံးနိမ့်မှုတွေနဲ့ပဲ တွေ့နေရတတ်ပါတယ်။ ဒီလိုအောင်မြင်မှုတွေကွာခြားသွား ကြတာဟာ သူတို့ရဲ့ အားထုတ်လုပ်ဆောင်မှုတွေ လုံ့လ ဝီရိယတွေ ကွာခြား သွားကြလို့ပါပဲ။

ရှုံးနိမ့်မယ့်သူတွေကတော့ စိတ်မပါတပါ လုပ်ကြပါတယ်။ လုပ်ချင်ယောင်ဆောင်တတ်ကြပါတယ်။ အဖြစ်သဘောလုပ်တတ်ကြပါတယ်။ သာမန်သူတွေကတော့ တတ်နိုင်သလောက် ကြိုးစားလုပ်ကြပါတယ်။ အဆင်ပြေသလိုလုပ်ကြတာလည်းရှိပါတယ်။ လူတော်တွေကတော့ အကောင်းဆုံးလုပ်ဆောင်တတ်ကြပါတယ်။ အလုပ်ဖြစ်အောင်လုပ်တတ်ကြ ပါတယ်။ အောင်မြင်မယ့်သူတွေကတော့ အစွမ်းကုန်ကြိုးစားလုပ်ဆောင်တတ် ကြပါတယ်။ ဝီရိယပြင်းပြင်းနဲ့ လုံ့လစိုက်ပြီး လုပ်ဆောင်တတ်ကြပါတယ်။

လူတစ်ယောက်ဟာ မိမိမှာရှိနေတဲ့ အစွမ်းအစတွေကို ထုတ်သုံးဖို့ စိတ်အား မထက်သန်တဲ့အခါ ခြေထော့ကျိုးအရှုံးသမား စိတ်ဓာတ်မျိုးတွေ ဝင်လာတတ် ပါတယ်။ ခြေထော့ကျိုး အရှုံးသမားဆိုတာက ဒီလိုပါ။ ဘောလုံးပွဲတစ်ပွဲတစ်ပွဲ ကို သွားကြည့်တဲ့အခါမှာ တစ်ဖက်အသင်းက ဘောလုံးသမားတွေ က နောက်ခံလူတွေကို ကျော်တက်သွားတယ်။ နောက်ဆုံး ဂိုးဧရိယာထဲ ကို ရောက်အောင် အဆင့်ဆင့်ပေးပြီး ကစားသွားကြတယ်။ နောက်ခံလူတွေ က အသည်းအသန်ပြေးလိုက်ကြတာပေါ့။ ဂိုးဧရိယာနဲ့ ကိုက် (၂၀) လောက် အကွာ ရောက်လာတဲ့အခါ တစ်ဖက် နောက်ခံလူက ဒီလူကို မမီနိုင်တော့ပါ ဘူးဆိုပြီးလက်လျှော့လိုက်တယ်။ ဒီအခါ အဲ့ဒီ နောက်ခံလူက ခြေထောက် ကို ထော့ကျိုး-ထော့ကျိုး လုပ်ပြလိုက်တာပေါ့။

ပရိသတ်ကတော့ သူမမီတာ သူ့ခြေထောက်တစ်ခုခု ထိခိုက်သွား လို့ဖြစ်မှာပါလို့ ပြောကြတယ်။ဒါကိုပဲ ခြေထော့ကျိုးအရှုံးသမားစိတ်ဓာတ် လို့ ခေါ်တာပေါ့။ သင်ရော အောင်မြင်မှုတစ်ခုကို ရရှိဖို့အတွက် ကြိုးပမ်းအား ထုတ်နေတဲ့အချိန်မှာ မဖြစ်နိုင်တော့ပါဘူး၊ ရမှာမဟုတ်ပါဘူး ဆိုပြီး ယုံကြည်မှု လျော့နည်းတဲ့ပုံစံမျိုးနဲ့ ခြေထော့ကျိုး အရှုံးသမားလို မူယာ မာယာ များခဲ့ဖူးပါသလား။

အောင်မြင်သူတိုင်းဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို မလျော့သော ဇွဲလုံ့လနဲ့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်သင့်ပါတယ်။ ဘယ်တော့ မှ ခြေထော့ကျိုးအရှုံးသမားလို့လုပ်ဖို့ မစဉ်းစားပါနဲ့။ အောင်မြင်ချင်တာ မှန် တယ်ဆိုရင်ပေါ့။ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေကို အကုန်ထုတ် မသုံးကြခြင်း ဟာ ခြေထော့ကျိုး စိတ်ဓာတ်ဝင်နေကြလို့ပါပဲ။ အောြင်မင်မှုရချင်ရင် ဒီစိတ် ဓာတ်ကို အရင်ဆုံး ဖယ်ရှားပစ်ရပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် အစွမ်းကုန်ထုတ်သုံးပြီး ကြိုးစားလုပ်ဆောင်ကြတဲ့ အခါ မှာ အောင်မြင်မှုတွေ ရရှိခဲ့တာကို ကြုံဖူးကြမှာပါ။ တစ်ခါတစ်ရံမှာ လူတွေရဲ့ အစွမ်းသတ္တိတွေဟာ အခက်အခဲတွေ၊ ဘေးကျပ်နံကျပ် အချိန်မျိုးတွေမှာ ထွက်ပေါ်လာတတ်ပါတယ်။ အိမ်မီးလောင်နေတဲ့အချိန်မှာ လူတစ်ယောက် အနေနဲ့ သယ်မဖို့မဖြစ်နိုင်တဲ့ မနိုင်ဝန်မျိုးတွေကို သယ်ဆောင်ပြေးလွှားနိုင် ကြပါတယ်။ အန္တရာယ်ပေးမယ့် တစ်စုံတစ်ယောက် အနောက်က လိုက်လာ ရင်လည်း ရိုးရိုးပြေးမှာမဟုတ်ပါဘူး။ ရှိသမျှ အစွမ်းတွေအကုန်ထုတ်ပြီး လွတ်အောင်ပြေးလွှားမှာ ဖြစ်ပါတယ်။

ဒီလိုအချိန်မျိုးတွေမှာမှ လူတွေက ကိုယ့်မှာ ရှိနေပြီးသား အစွမ်းတွေ ကို အစွမ်းကုန်ထုတ်သုံးမယ့်အစား ကြိုးစားအားထုတ်မှုတိုင်းမှာသာ အစွမ်းကုန်လုပ်ဆောင်မယ်ဆိုရင် အောင်မြင်မှုဟာ ပြေးလို့ မလွတ်ပါဘူး။ ဘဝမှာ အောင်မြင်မှုတွေ ရရှိချင်တာ သေချာရင်ရုန်းကန်နေရုံနဲ့ မပြီးပါ ဘူး။ ရုန်းထွက်မှသာလျှင် လွတ်မြောက်မှာ ဖြစ်ပါတယ်။ အများစုကတော့ ရုန်းကန်ဖို့ပဲ စဉ်းစားကြတယ်။ဘာအစွမ်းအစမှ ထက်ထက်သန်သန်မပါ ဘဲနဲ့ပေါ့။
ရုန်းကန်နေရင် လှုပ်ရှားနေရမယ်။ ရုန်းထွက်မှ လွတ်မြောက်မှာ ဖြစ်ပါ တယ်။ ကြွက်တစ်ယောက်ဟာ ကြောင်ကြီး တစ်ယောက်လိုက်လို့ ပြေးတဲ့ အခါမှာ လွတ်မြောက်လိုစိတ်နဲ့ အစွမ်းကုန်ပြေးတာဖြစ်ပါတယ်။ ဘဝမှာ ကြုံတွေ့ရတဲ့ ဒုက္ခအခက်အခဲတွေဟာ ကိုယ့်နောက်က လိုက်နေပြီဆိုရင် ရပ်တန့်နေရုံ၊ ရုန်းကန်နေရုံနဲ့ မပြီးပါဘူး။ ဒီဒုက္ခ ဆင်းရဲတွင်းတွေ၊ အခက် အခဲတွေကနေ လွတ်မြောက်ဖို့အတွက် အားကုန်ရုန်းထွက်လိုက်ဖို့လိုပါတယ်။

တစ်ခါက ပညာရှိကြီးတစ်ယောက်ဆီကို သူပညာသင်ပေးခဲ့တဲ့ တပည့် တစ်ယောက်က ရောက်ရှိလာပါတယ်။ ပြီးတော့ သူက ဆရာကြီးကို ရန်ရှာ တယ်။ “ဒီမယ်ဆရာကြီး - ဆရာကြီးက ကျုပ်နဲ့ ကျုပ်သူငယ်ချင်းကို ပညာတွေ အတူတူသင်ကြားပေးခဲ့တယ်။ဒါပေမဲ့အခုချိန်မှာ ကျုပ်သူငယ်ချင်းကအောင်မြင် ချမ်းသာနေပြီ။ ကျုပ်ကတော့ ဘာမှ မဖြစ်သေးဘူး။သေချာတာကတော့ ဆရာ ကြီး ကျုပ်သူငယ်ချင်းကို ကျုပ်မသိအောင် ပညာတွေ ပိုသင်ပေးထားလို့ပဲဖြစ် ရမယ်။ ဆရာကြီးက မျက်နှာလိုက်တာလားဗျ။”

ဒီအခါမှာ ဆရာကြီးကဘာမှ ခွန်းတုန့်ပြန်ပြီး ပြောမနေတော့ဘဲ သူ့ကို ရန်လာရှာတဲ့ သူ့တပည့်ကို ဦးခေါင်းကနေကိုင်ပြီး ရေဇလုံကြီး တစ်ခုထဲကို ဆွဲနှစ်တော့တာပါပဲ။ တပည့်လည်း ဘုမသိ ဘမသိနဲ့ ရေထဲ အနှစ်ခံလိုက် ရပါတယ်။ အတင်းရုန်းပေမယ့် ဆရာကြီးရဲ့ ခွန်အားကြောင့် တော်ရုံနဲ့ ရုန်းလို့ မရနိုင်ပါဘူး။ ကြာတော့ ရေထဲမှာ တော်တော်မွန်းကြပ်လာတယ်။ ပါးစပ်တွေ နှာခေါင်းတွေထဲ ရေတွေအလုံးအရင်း ဝင်ရောက်လာတယ်။ သူရုန်းတာပဲ။ ရုန်းလို့မရဘူး။ ဒီအတိုင်းဆို မကြာခင်သူသေရ တော့မယ်။ ဒါနဲ့ပဲ ရှိသမျှ အားအင်တွေစုပြီး အစွမ်းကုန် ကြိုးစားရုန်း ထွက်ပစ်လိုက်တယ်။

ရေဇလုံကြီးလည်း မှောက်သွားတယ်။ ဆရာကြီးကိုလည်း တွန်းလှဲပစ် လိုက်တယ်။ ရေတွေကို အန်ထုတ်ပြီးလေကို အဝရှုပစ်လိုက်တယ်။ ပြီးတော့ ဆရာကြီးကို ပြောတယ်။ “ဒီမယ် ဆရာကြီး- ခင်ဗျားက ကျုပ် ကို အောင်မြင်အောင်မသင်ပေးရုံမကဘူး ကျုပ်ကို ပါသေကြောင်းကြံနေ တာ လားဗျ” လို့ အော်ဟစ်မေးတယ်။

ဒီတော့မှ ဆရာကြီးကမေးပါတယ်။ “မင်း ရေထဲမှာ နစ်မွန်းနေတော့ ဘာဖြစ်သလဲ” တဲ့။

“ဟာ ဆရာကြီး - ခင်ဗျားမေးမှ မေးရက်တယ်။ ရေထဲနစ်နေတော့ အသက်ရှုကြပ်တာပေါ့။ မွန်းကြပ်တာပေါ့။ ဒီလို ဒုက္ခမျိုး ခင်ဗျားခံစားကြည့် ပါလား။” လို့ ပြန်အော်တယ်။

ဆရာကြီးက “ ဒီတော့ မင်းဘာဖြစ်ချင်သလဲ၊ ဘာလုပ်ခဲ့သလဲ” လို့ မေး တယ်။

“ဟာ .. ဒီအတိုင်းနေရင် ကျုပ်သေသွားမှာပေါ့။ ဒီတော့ ကျုပ် ရှိသမျှ ခွန်အားနဲ့ အစွမ်းကုန် ရုန်းထွက်ခဲ့တာပဲ။”

ဒီတော့မှ ဆရာကြီးက သူ့တပည့်ကိုပြောလိုက်ပါတယ်။ “ အေး... မင်းသူငယ်ချင်းကအဲ့လို ကြိုးစားခဲ့လို့ အောင်မြင်ခဲ့တာကွ။ မင်းတို့ကို ငါပညာ သင်ပေးခဲ့တာ အတူတူပဲ။ မင်းရေနစ်နေတုန်းက လွတ်မြောက်ချင်တဲ့ စိတ်ပြင်းပြမှုဖြစ်သလို ဘဝမှာ အဲ့လို စိတ်ဓာတ်နဲ့ အစွမ်းကုန် ကြိုးစား လုပ်ဆောင်မယ်ဆိုရင် မင်းသူငယ်ချင်းလိုပဲ မင်းအောင်မြင်မှုတွေရလာမှာပါ” လို့ သင်ခန်းစာပေးခဲ့ပါတယ်။

ကံချင်းတူရင် ဉာဏ်သာတဲ့သူက ပိုအောင်မြင်သွားမှာပါပဲ။ ကံချင်း ဉာဏ်ချင်း တူတယ်ဆိုရင်တော့ ဝီရိယသာတဲ့သူက ပိုအောင်မြင်မှာဖြစ်ပါ တယ်။ စာဖတ်သူတွေလည်း အောင်မြင်မှုတစ်ခုရရှိဖို့အတွက် ဘယ် လောက် အထိ ဝီရိယပြင်းပြင်းစိုက်ထုတ်လုပ်ဆောင်ခဲ့ဖူးပါသလဲ။ အောင်မြင်လိုတဲ့ အရာတစ်ခုအတွက် အစွမ်းကုန်ကြိုးစား လုပ်ဆောင်ခဲ့ဖူးပါသလား။ ဘယ်နယ် ပယ်မှာမဆို အောင်မြင်မှု ထိပ်တန်းတစ်နေရာကို အမြန်ဆုံးရောက်ချင်တယ် ဆိုရင်တော့ ကိုယ့်မှာ ရှိသမျှ အစွမ်းအစတွေကို အကုန်ထုတ်သုံးပြီး ကြိုးစား လုပ်ဆောင်မှ ရပါလိမ့်မယ်။ ဒါကြောင့် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ရင်းနဲ့ ထိပ်တန်းအောင်မြင်မှုတွေရရှိနိုင် ပါစေလို့ နှစ်သစ်ဆုမွန်ကောင်း တောင်း လိုက်ပါတယ်ဗျာ။

Let's Fly Together !
ဖူးကျော်ဇင် (Future Wave)

Subscribe Us