Wednesday, June 11, 2014

"အလုပ်ကောင်းကောင်းရဖို့နည်းလမ်းများ" " တွေးခေါ်ပါ"




မိမိလိုချင်တဲ့ အလုပ်အကိုင်ကောင်းကောင်းတစ်ခုကို ရရှိပိုင်ဆိုင်ပြီးပြီဆိုရင် အဲ့ဒီအ လုပ်အကိုင်မှာတည်မြဲဖို့၊ စွမ်းဆောင်ရည်မြင့်မားဖို့၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ဖို့ ကြိုးစား အားထုတ်ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ မြန်မာ လူမျိုးတော် တော်များများဟာ ဘွဲ့တစ်ခုခုရပြီး အလုပ်အကိုင် ကောင်းကောင်း တစ်ခု ရရှိပြီးပြီဆိုတာနဲ့ မိမိတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တားဆီးစေနိုင် တဲ့ ထောင်ချောက် ၂ ခုထဲကို တိုးဝင်သွားလေ့ ရှိပါတယ်။ အဲ့ဒီနှစ်ခုကတော့-

(၁) သင်ယူမှုကို ရပ်တန့်ပစ်လိုက်ခြင်းနဲ့
(၂) တွေးခေါ်မှုကို ရပ်တန့်ပစ်လိုက်ခြင်းတို့ပဲဖြစ်ပါတယ်။


(၁) သင်ယူမှုကို ရပ်တန့်ပစ်လိုက်ခြင်း
သင်ယူမှု (Learning) ဆိုတာက ဘယ်တော့မှ ရပ်တန့်ပစ်လိုက်လို့ မရပါဘူး။ သင်ယူမှုဆိုတာ တန့်နေတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူး။ သင်ယူမှုဆိုတာ တက်ရင်တက်နေ၊ ဒါမှမဟုတ် ကျရင်ကျနေဆိုပြီး နှစ်မျိုးပဲ ရှိပါတယ်။ ဒါကြောင့်မို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေ ချင်တယ်ဆိုရင် ဘဝတစ်သက်တာလုံး စဉ်ဆက်မပြတ်သင်ယူနေ (Life Long Continuous Learning) လုပ်နေရမှာဖြစ်ပါတယ်။ တချို့က လုပ်ငန်းခွင်ထဲမှာ အဆင့်တစ်ခု ကိုရောက်ပြီ၊ ရာထူးတစ်ခုကို ရပြီဆိုတာနဲ့ ငါတော့ အစစအရာရာ ပြီးပြည့်စုံ သွားပြီ၊ ဘာမှသင်ယူစရာ မလိုတော့ဘူးဆိုပြီး သင်ယူမှုကို ရပ်တန့်ပစ် လိုက်လေ့ ရှိပါတယ်။

တကယ်တော့ စာရေးသူတို့အနေနဲ့ လုပ်ငန်းခွင်ထဲကို ရောက်လာလေ၊ ရာထူးအဆင့်အတန်း တွေ မြင့်လာတာနဲ့အမျှ ပိုမိုပြီးသင်ယူဖို့ လိုအပ်လာ မှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်ထဲမှာ မိမိလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ပိုမို ထိရောက်ကောင်း မွန်စွာ လည်ပတ်လုပ်ဆောင်နိုင်ဖို့၊ စွမ်းဆောင်ရည် မြင့် မားလာစေဖို့ စဉ်ဆက်မပြတ် လေ့လာ သင်ယူနေဖို့ လိုအပ်ပါတယ်။

(၂) တွေးခေါ်မှုကို ရပ်တန့်ပစ်လိုက်ခြင်း
မိမိတို့မြန်မာလူမျိုး အများစုဟာ ဟာသ အနေနဲ့ပြောရရင် တွေးမ လား၊ သေမလား (Think or die) ဆိုရင် သေမယ် (die) ဆိုပြီး ရွေး ရလောက်အောင် တွေးခေါ်ရမှာ ကို ကြောက်ကြပါတယ်။ ဒီအချက်ကပဲ ယခုလက်ရှိ မိမိတို့ နိုင်ငံနဲ့ လူမျိုးရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို တိုက်ရိုက် ထင်ဟပ်နေ တာ ဖြစ်ပါတယ်။ တကယ်တော့ တွေးခေါ်မှု (Thinking) ဟာ စာရေးသူတို့ကို လုပ်ငန်းခွင်ထဲမှာ များစွာအကျိုးရှိစေပါတယ်။

ကိုယ်က ကိစ္စသေးသေးလေးတွေကို ဆောင်ရွက်လုပ်ကိုင်နေလင့် ကစား ကြီးကြီး မားမား စဉ်း စားတွေးခေါ်ခြင်းအားဖြင့် ကိုယ်လုပ်နေတဲ့ ကိစ္စ သေးလေးတွေကို ထိထိရောက်ရောက်နဲ့ မှန်ကန် တဲ့ လမ်းကြောင်း ကိုရောက်အောင် ဆောင်ရွက်နိုင် မှာ ဖြစ်ပါတယ်။

နာဇီအာဏာရှင် အဒေါ့ဖ်ဟစ်တလာ ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အဲဒါက-
“မစဉ်းစား မတွေးခေါ်တဲ့သူတွေရှိတာဟာ အာဏာရှင်တွေအတွက် အလွန် ကံကောင်း တာပဲ”
စာရေးသူတို့အနေနဲ့ မစဉ်းစားမတွေးခေါ်တာနဲ့အမျှ ဦးဆောင်မှုအဆင့် (Leading Role) ကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့ ထိပ်တန်းအောင်မြင် တဲ့သူ တော်တော်များများကို လေ့လာကြည့်ကြ တဲ့အခါ မှာ မတူညီတဲ့ အားသာ ချက်တွေ၊ မတူညီတဲ့နည်းလမ်းတွေ၊ မတူညီတဲ့နောက် ခံအဖြစ်အပျက်တွေနဲ့   အောင်မြင် ထိပ်တန်းရောက်လာခဲ့ကြတာဖြစ်ပေမဲ့ သူတို့မှာ တူညီတာတစ်ခုတော့   တွေ့ရှိရပါတယ်။ အဲဒါကတော့ “စဉ်းစားတွေးခေါ်မှု” ပဲ ဖြစ်ပါတယ်။ မှန်ပါတယ်။ စဉ်းစားတွေးခေါ်မှု ဟာ အောင်မြင်တဲ့ သူနဲ့ မအောင်မြင်တဲ့သူတွေကို အဓိက ကွဲပြားခြားနား သွားစေတာ ဖြစ်ပါတယ်။

မိမိတို့ရဲ့ လုပ်ငန်းခွင်စွမ်းဆောင်ရည် မြင့်မားတိုးတက်စေဖို့ စဉ်းစားတွေးခေါ်တတ်ဖို့၊ စဉ်းစား တွေးခေါ်ပုံ ပြောင်းလဲနိုင်ဖို့ ကြိုးစားကြတဲ့နေ ရာ မှာ စဉ်းစားတွေးခေါ်ပုံဟာ အလိုအလျောက် (Automatic) မပြောင်းလဲ လာနိုင်ဘူး ဆိုတာကို လည်း သတိချပ် ကြ ဖို့ လိုပါတယ်။ သင့်အနေနဲ့ အတွေး အခေါ်အိုင်ဒီယာကောင်းတွေ ရရှိချင် တယ်ဆို ရင်တော့ မဖြစ်မနေ ရှာဖွေဖို့ လိုအပ်ပါတယ်။ အဲ့သလို တွေးခေါ်နိုင်ဖို့၊ စွမ်းဆောင်နိုင် ဖို့၊ စွမ်းဆောင်ရည်မြင့် မားတဲ့ အတွေးအခေါ်တွေ ရရှိလာဖို့ ဆိုတာကလည်း သင့်ခေါင်း ထဲကို ထည့်တဲ့ Input တွေအပေါ်မှာ အများကြီးမူတည်ပါတယ်။

စာအုပ်တွေ များများဖတ်ဖို့လိုပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သင့်လုပ် ငန်းခွင်နဲ့ ပတ် သက်တဲ့ သတင်းအချက်အလက်တွေ၊ အပြောင်း အလဲအဖြစ် အပျက်တွေကို စဉ် ဆက်မပြတ် လေ့ လာနေဖို့ လိုအပ်ပါတယ်။ ဟောပြော ပွဲတွေ Seminar တွေ၊ အလုပ်ရုံဆွေးနွေးပွဲ (Workshop) တွေကိုလည်း အခါအားလျော်စွာ တက် ရောက်သင့် ပါတယ်။

အဲ့သလို မပြတ်လေ့လာပြီး သင့်ရဲ့ပတ်ဝန်း ကျင်ကို စူးစမ်းနေရင်းနဲ့မှ အတွေးအခေါ် တစ်ခုခု၊ အိုင်ဒီယာတစ်ခုခု ရလာပြီဆိုရင် စာရွက်၊ ဖုန်း၊ i-pad စတာတွေအပေါ်မှာ ချက်ချင်းမှတ်ထားလိုက်ပါ။ ပြီးရင်မကြာမကြာ အဲ့ဒီ အိုင်ဒီယာ အတွေးအခေါ်တွေ ကို ပြန်လည်လေ့လာသုံးသပ် တွေးခေါ်ပြီး လက်တွေ့အကျိုးရှိအောင် အသုံး ချနိုင်ဖို့ လိုအပ်ပါတယ်။

အိုင်ဒီယာကောင်းတွေ၊ အတွေးအခေါ် ကောင်းတွေ ရရှိနိုင်ဖို့၊ အိုင်ဒီယာကောင်းတဲ့ သူ တွေ၊ အတွေးအခေါ်ကောင်းတဲ့သူတွေနဲ့လည်း အမြဲမပြတ် ပေါင်းသင်းဆက်ဆံနိုင် ဖို့ လိုအပ်ပြီး မိမိရဲ့ဘေးပတ်ပတ်လည် မှာလည်း အတွေးအခေါ် ကောင်းတဲ့သူတွေနဲ့ ဝန်းရံထားဖို့ လိုအပ်တယ် ဆိုတာကိုလည်း မမေ့ပါနဲ့။ ။

Ref: How Successful People Think
By: John C. Maxwell
လင်းသိုက်ညွန့် (မြန်မာ့မြေ)

Subscribe Us