Sunday, March 09, 2014

လုပ်ငန်းရှင်ဖြစ်လာဖို့ သွားရန် နည်းလမ်း




ဒါကတော့ နိုင်ငံတကာက ပြောတဲ့ Formal Step တွေပေါ့နော်။ မြန်မာပြည်နဲ့ကတော့ ဘယ်တူပါ့မလဲ။ သို့ပေ မယ့် လေ့လာလို့ရအောင် သူတို့ နည်းလမ်းလေးကို မျှဝေ ပေးလိုက် ရပါတယ်။

1. Find a Product (or idea)
ပထမဆုံး ကုန်ပစ္စည်းတစ်ခုကို ရှာဖွေရမယ်။ အိုင်ဒီယာဆိုလည်း အိုင်ဒီယာပေါ့။ အဲဒါက လူသိများကောင်း လူသိများလိမ့်မယ်။ သို့ပေမယ့် ပြီးပြည့်စုံလောက်အောင် မကောင်းသေးတဲ့ အရာတစ်ခု။

2. Buy One and Stuty it
အဲ့ ပစ္စည်းကို ဝယ်ရမယ်။ ပြီးတော့ အသေးစိတ် ကျကျ လေ့လာရမယ်။ အိုင်ဒီယာဆိုရင်လည်း ယင်း အိုင်ဒီယာကို အတွင်းကျကျ လေ့လာရမယ်။ လိုအပ်ရင် ထပ်မံ သင်ယူရအုံးမယ်။

3. Figure out how to improve it
အသေးစိတ်လည်းလေ့လာပြီးပြီ။ သင်ယူလေ့လာမှုလည်း ပြီးပြီ။ ဒါဆိုရင် နောက်တစ်ဆင့် တက်ရမှာက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

4. Make a Prototype
ဖွံ့ဖြိုးအောင်လည်းလုပ်ပြီးပြီဆိုရင် Sample တစ်ခု အရင်ထုတ်ရပါမယ်။ ကနဦး စံနမူနာပစ္စည်း တစ်ခု ဖန်တီး ယူရပါမယ်။

5. Show the prototype to 100 people
လူသိပ်အများကြီးကို ပြစရာမလိုသေးဘူး။ Selected people ပဲ။ ရွေးထားတဲ့ သူတွေက ကို စံနမူနာ၊ အိုင်ဒီယာကို ဖောက်စားမယ့်သူ မဟုတ်ဖို့တော့ လိုပါမယ်။

6. Remake it
စံနမူနာကို Selected people ကိုလည်း ပြသပြီးသွားပြီဆိုရင် နောက်တစ် ဆင့် တက်ရမှာက remake ပါ။ သူတို့ ပေးတဲ့ Feedback ကိုအခြေခံလို့ အကောင်းဆုံးပြန်လည်ဖန်တီးရပါမယ်။ End Customer အတွက် လိုချင်စိတ် ပေါက်ရလောက်တဲ့ အထိ ဖြစ်ပါတယ်။

7. Find a co-founder
ကိုယ့် ပရောဂျက်က အရမ်းကြီးတယ်ဆိုရင် တစ်ယောက်တည်းနဲ့ မရတော့ဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အတူတွဲလုပ်မယ့် ပါတနာတော့ လိုပါမယ်။ co-fouder ပါ။ လက်တွဲလုပ်သူ တစ်ယောက်လည်း ခပ်ကောင်းကောင်း ပါတယ်ဆိုရင် အိုင်ဒီယာလည်း ပိုထွက်ပါတယ်။

8. Split with your co-founder
Co-founder နဲ့ ဆက်လုပ်တာပဲ ဖြစ်ဖြစ်၊ လမ်းခွဲတာပဲ ဖြစ်ဖြစ် ဒီ Level မှာ တိတိကျကျ အဖြေထွက်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း profit တစ်ခုရဖို့ ဖန်တီးကြိုးစားပေးတဲ့နေရာမှာ တစ်ခုမှ ပြန်မပေးနိုင်ရင် Split လုပ်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ၅၀-၅၀ . ၅၀-၄၀ စွမ်းဆောင်ချက်၊ ရလဒ် အလျောက် သေချာ ခွဲတမ်းချပြီး ရှေ့ဆက်ဖို့ လိုအပ်ပါတယ်။

9. Find a investor
ငွေထည့်မယ့် လုပ်ငန်းရှင်လိုအပ်ပါတယ်။ ယင်းလုပ်ငန်းရှင်ကို ကိုယ်ဖန်တီးထားတဲ့ Product ကို ချပြရပါမယ်။ Detail မလိုပါဘူး။ Investor အတွက် Profit and Process လောက်ပဲ focus လုပ်ပြီး Explain တာ ကောင်းပါတယ်။ Data Detail သွားရှင်းမိရင် Investor က Holder ဖြစ်သွားနိုင်ပါတယ်။

10. Give her your percentage
အိုင်ဒီယာမပါ ငွေရင်းသာစိုက်သူအတွက် ၁၀ ရာခိုင်နှုန်း လို့ ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ သို့ပေမယ့် ၁၀ ပုံပုံ ၃ ပုံထပ်ပိုပေးမိရင်တော့ ကိုယ့် Product က သူ့ Product ဖြစ်သွားနိုင်ပါတယ်။

11. Make the product
ငွေလည်းရှိပြီ။ Resource ရပြီ ဆိုရင် Product ထုတ်ဖို့ စနိုင်ပါပြီ။ ဒီအဆင့်မှ Product က ထုတ်လုပ်တာပါ။ လက်ထဲမှာ co founder နဲ့အတူဖန်တီးထားတဲ့ finalize product simple ပဲ ရှိပါသေးတယ်။

12. Sell your product
နေရာဒေသ အလိုက်ပေါ့။ ကိုယ့် ကုန်ပစ္စည်းကို Customer ဘယ်လောက်ဆီ ဘယ်လောက် ရောင်းနိုင်ရမယ်ဆိုတာ ကိုယ်တိုင် Target ထားရမှာပါ။

13. Get more money
ကုန်ပစ္စည်း ရောင်းချပြီဆိုရင်တော့ ငွေကတော့ ဝင်ပါပြီ။ ဝင်ငွေကို ခွဲတမ်းချပြီး Production အတွက် ထပ်မံ Invest လုပ်ရပါမယ်။

14. Go to Stock
စတော့ ရှယ်ယာဈေးကွက်သို့ ဝင်ရောက်ခြင်းပါ။ ဒါကလည်း မြန်မာပြည်မှာ မကြာမီ နှစ်အနည်းငယ် အတွင်း ဖြစ်လာတော့မယ် ဈေးကွက်ပါ။ စတော့ရှယ်ယာဈေးကွက်ကြောင့် ပုံမှန်လည်ပတ်နေတဲ့ Money Cycle အတွက် အဓိက Profit ရနိုင်တဲ့ source တစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ရှယ်ယာရောင်းမယ်။ ရှယ်ယာရှင် အသစ်တွေ ဝင်လာမယ်။ ရှိရင်းစွဲတွေ ထွက်မယ် အစရှိသဖြင့် လည်ပတ်နေတဲ့ စတော့ရှယ်ယာ ဈေးကွက် က ခေါင်းစားစရာနေရာတစ်ခုလည်း ဖြစ်လာမှာပါ။

ဒီတော့ စတော့ရှယ်ယာ ဈေးကွက်အကြောင်း ကို သေချာ လေ့လာ ထားဖို့လိုအပ်ပါနိုင်ပါတယ်။ နိုင်ငံတကာက စတော့ရှယ်ယာ အပြင် ပြည်တွင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် ပုံစံကို ယခုကတည်းက ကြိုတင်လေ့လာထားဖု့ိ လိုအပ်ပါတယ်။ အနာဂတ်ဟာ မဝေးတော့ပါဘူး။ လူတိုင်း ကြိုးစားရင်၊ အိုင်ဒီယာကောင်း၊ Product ကောင်းရှိရင် လုပ်ငန်းရှင် ဖြစ်နိုင်ပါတယ်။ အထက်ပါ ဖော်ပြချက်များ က နိုင်ငံတကာ ကပြောတဲ့ အကြောင်းအရာပါ။ ပြည်တွင်းမှာ ဒါနဲ့ ထပ်တူကျဖို့ မသေချာ ပါဘူး။ Localization အတွက် Change လုပ်ရမယ့် Strategy တွေ အများကြီးပါ။ အားလုံး Business Idea ရဖို့ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

Subscribe Us