Saturday, March 08, 2014

ခေါင်းဆောင်အင်္ဂါရပ်များ


1. မိမိတာဝန်ယူထားတဲ့လုပ်ငန်းကို ကျွမ်းကျင်အောင်လေ့လာထားပြီး ပြဿနာတစ်ရပ်ရဲ့ဇစ်မြစ်ကို ချက်ချင်းသဘောပေါက်နားလည်နိုင်စွမ်းရှိ၍ အချိန်တိုအတွင်း ဖြေရှင်းနိုင်ရပါမယ်။

2. လက်အောက်များကို အချိန်ဖြုန်းခြင်း၊ တာဝန်ရှောင်လွဲခြင်း၊လူကြီးရဲ့အမိန့် စောင့်နေခြင်းများ မဖြစ်အောင် ကြပ်မတ်ပြီး ဘာ့ကြောင့်ဖြစ်ဖြစ် အလုပ်သမားများရဲ့ အချိန်ကို အကြောင်းမဲ့ မဖြုန်းတီးမိစေဖို့ သတိထားရပါမယ်။

3. လုပ်ငန်းခွင်အတွင်းမှာ တူညီတဲ့အမှားမျိုးမဖြစ်ရအောင် သေချာအချိန်ယူ ရှင်းလင်းပြောပြရပါမယ်။

4. ငြင်းဆန်ရမဲ့အလုပ်တွေမှာ အောက်ခြေကတင်ပြချက်တွေကို ငြင်းဆန်ရာမှာ အခက်အခဲမရှိပေမဲ့ အထက်အဆင့်က အကြီးအကဲတွေကို ငြင်းဆန်ရာမှာတော့ သူတို့အလိုမကျရင် အလုပ်ပြုတ်သွားနိုင် ပါ တယ်။ဒါပေမဲ့ " ခေါင်းဆောင်ဆိုတာ လုပ်ငန်းတစ်ခုလုံးခြုံပြီးနစ်နာမဲ့ ပြဿနာတွေ၊ ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ သတ္တိရှိရှိခေါင်းခါငြင်းဆန်ရဲရပါမယ်။"

5. မိမိစီမံခန့်ခွဲခွင့်ရတဲ့သူများနဲ့ တစ်သွေးတည်း တစ်သားတည်းရှိနေရမှာဖြစ်ပြီး ဝန်ထမ်းရေးရာ ကိစ္စ ရပ်တွေကို ရှေ့ဆုံးက ဦးစားပေးဆောင်ရွက်ရင်း၊ ဖြစ်လာသမျှ ပြဿနာတွေကို ချက်ချင်းလက်ငင်း   ဖြေရှင်းပေးရပါမယ်။

Soe Win
(ကျွန်တော့်'လို တို ရှင်း'မှတ်စု)

Subscribe Us