Saturday, March 29, 2014

မသွားဖြစ်သည့် ရှင်ပြုပွဲ



ဘုရား..ဘုရား...
ဒီအသံကို ကြားဖူးပါတယ်... အခုပြောလိုက်တဲ့ စကားတွေက မယုံနိုင်စရာကောင်းလိုက်တာ
သူ့ ငါ့ကိုယ် လာနောက်နေတာလာ.. သူ သေတာကြာပြီလေး..မဖြစ်ပါစေနဲ့ မဟုတ်ပါစေနဲ့....
ကိုကျော်နိုင် ဆုတောင်းလျက်... အသံကြားရာဘက်ကို ကြည့်လိုက်ရာ....
ဟာ....

မယုံနိုင်စရာပါပဲလာ ကိုယ်ခန္ဓာတစ်ခုလုံး ဓာတ်လိုက်ခံလိုက်ရသလိုလို.. မိုးကြိုးအပစ်ခံလိုက်ရသလိုလို
အိပ်မက်များ မက်နေတာလာလို့ မ၀ံ့မရဲ အနားကပ်သွားကြည့်ရာမှာ....

”ခင်..ခင်ဗျာ ကိုထွေးမဟုတ်လာ.”သူထံမှာ မည်သည့်စကားမှမထွက်လာပဲ.. အားငယ်နေသော မျက်လုံးများဖြင့်
စိုက်ကြည့်နေသည်
.
”ကျုပ်မေးနေတယ်လေး..ခင်ဗျာ ကိုထွေးးမဟုတ်လာ...”

ကျနော် အလန့်တကြား မေးလိုက်တာ အသံမည်မျှ ကျယ်သွားသည်မသိ
အနီးပတ်ဝန်းကျင်မှ လူများပင် အလန့်တကြား အသံများကြောင့် လူတွေ အကုန်လုံး ၀ိုင်းကြည့်ကုန်ကြတယ်။




ကိုထွေး... ကိုထွေး”
တဲအပြင်မှ ခေါ်သံကို မိုးသံနဲ့အတူ မသဲမကွဲးကြားနေရသည်။

ပြန်ထူမို့ အင်းအားမရှိ.. ခေါင်တောင် အနိုင်နိုင် ထောင်နေရသည်။
”ဝေ့..ဘယ်သူတုန်...၀င်လာခဲ့လေး”

”ကျနော် စိုးသိန်းပါ.. သူဌေးခေါ်ခိုင်လိုက်လို့ပါ.. အမြန်လိုက်ခဲ့ပါတဲ့”

မနေ့ည အလုပ်သိမ်းခါနီ ဒီနေ့တော့ အနားယူခွင့် တောင်းလို့ ပေးနားရမှာ
ဘာကြောင့်များ အရေးတကြီး ခေါ်ခိုင်ပါလိမ့်...... ဇောဒကတက်နေလည်
မထူးမှာမို့..လာခေါ်သည် ကောင်လေးကို

“အေ..အေ.. အစ်ကို အခုလိုက်ခဲ့ပါမယ်”

မနေ့က မိုးထဲမှာ ပုဇွန်တွေသယ်ထားလို့ထင်ပါတယ်.. မိုးမိတာရော အနည်းငယ်ပင်ပမ်းနေတာနဲ့
အဖျား ၀င်ချင်သလိုလိုဖြစ်နေသည်။

”ကျွတ်..ကျွတ်...”

ယခင်မနက်တိုင်း အိပ်ရာနိုး ဖြစ်နေကျ မလှုပ်မရှားချင် အောင်ကိုယ်လက်ကိုက်ခဲ
နေသောလည်း အိပ်ယာမှ အနိုင်နိုင်ထက ... အိမ်ယာနဘေး ထင်းရှုသေတ္တာအပေါ်ရှိ
တစ်လုံးတည်ကျန်သော ဖလာအကိုက်ခဲပျောက်ဆေးကို ရေအိုထဲမှာ ရေနှင့်သောက်၍ သူဌေအိမ်သို့ မိုးရေထဲမှာ
အပြေးလွှာသွားရပါတော့သည်။



“ထောင်ကဲ.. ကျနော်ရောက်ပါပြီး”

“အော်..အေအေ လာလာ“

“ကျနော်ကိုယ်...ဘာများ ခိုင်စရာရှိလို့ မသိဘူး”

“အေးကွာ..မင်းလည် ရှေ့အပတ် အိမ်ပြန်တော့မယ်ဆိုတော့.. ဒီရက်ပိုင်လေး မနားနဲ့တော့ကွာနော်”

“ဟုတ်ကဲ့ပါ ”

“ ပုဇွန်သာဖောက်တွေ ဒီနေ့ရောက်မယ်ဆိုတော့ ကန်တွေကို သေချာစစ်ဆေး..
နောက်ပြီ ရေဒလက်တွေလည် မကောင်းတာတွေ ကန်ထဲကပြန်ဆယ်ပြီး.. ကောင်းတာတွေနဲ့ ပြန်လဲထားကွာ”

“ဟုတ်ကဲ့ပါ..ထောင်ကဲ ကျနော်ကိုယ် ခွင့်ပြုပါအုန်”

ဟင်းးး နေမကောင်းလို့ ဒီနေ့နားရမလာထင်တယ်... ရှေ့အပတ်ဆို အိမ်ပြန်တော့မှာမို့
အလုပ်သူဌေးက အလုပ်ပဲ ဆက်ဆင်းခိုင်နေတာနဲ့...

“ကယ်.ရုန်းထားကျော်နိုင်ရေ..ရှေ့အပတ်ဆို ၀ဋ်ကျွတ်ပြီးကွ”
မိမိကိုယ်အာားပေးရန် ပုဇွန်ကန်းတွေဘက်သို့ ထွက်လာခဲ့လေးသည်။


ရှေ့အပတ်အိမ်ပြန်၍ သားကြီးကိုရှင်ပြုပွဲကျင်းပမည်ဖြစ်ရာ  ကြိုတင်ရိုက်ထားသော ရှင်ပြုပွဲဖိတ်စာပင် မိမိထံတောင် ရောက်နေပြီး။
ရှင်လောင်ဝတ်စုံလေးနဲ့ ပြုံးပျော်နေသည့် သားလေးမျက်နှာနှင့် ဇနီးသည် မိစန်းအေး မျက်နှာတို့ကို  စိတ်ကူးထဲမှာ မြင်လာရာ
မိမိခံစားနေရသည့် ဝေဒနာပင် ပျောက်သလိုလိုဖြစ်လာသည်။

မဟာချိုင်ကိုရောက်နေတာ ဘာလိုလိုနဲ့ ရှစ်နှစ်ခန့်ရှိပြီ။
စီးတဲ့ရေ ဆည်တဲ့ကန်သင်း...ဆိုသလို မိမိ ဇနီးအလိမ္မာလေးကလည်
ပို့ပေးလိုက်သည့် ငွေကြေးများကို စုဆောင်၍ ရွာမှာဝယ်ထားသည့် လယ်၎ဧကနှင့် နွားလေးသုံးရှဉ်းလောက်ရှိပြီး
ငွေကြေးလည် အတင့်သင့် စုဆောင်းထားသောကြောင့် ဒီနှစ်မိုးကျတာနဲ့ အိမ်ပြန်လို့ မိသားစုနဲ့အတူတူ
အေးအတူ ပူအမျှနေထိုင်၍  ကိုယ့်လယ်ကို တနိုင်တပိုင် လုပ်စားလယ်စိုက်စားတော့မည် စိတ်ကူးနေသည်။

ထိုင်းနိုင်ငံ ရာသီဥတုဆိုတာကလည် ပုံမှန်မဟုတ် ၀ါဆို ၀ါခေါင်မှာ နေခြစ်ခြစ်တောက်ပူသေး၏။
 မိုးလေကင်းလွတ် သီတင်းကျွတ်ကာလမှာပင် မိုးသဲသဲမဲမဲရွာတက်သည်။


ဒီမနက်လည်း မိုးစွေနေသဖြင့် ပုဇွန်ကန်ဘောင်ပေါ်မှ သတိထား၍ လမ်းလျှောက်နေရသည်။



”မောင်ဇော်ရေ... ဖွင့်ဆိုတာနဲ့ ဖွင့်နော်” ဟု အော်ပြောလျက်..နောက်ဆုံးကျန်သည် မော်တာဒလက်ကို လဲနေသည်။

အချိန်အနည်းကြာသော...
“မောင်ဇော်ရေ.. ဖွင့်ဟေ့...” ဟု မော်တာဒလတ်ကို ဖွင့်ခိုင်ပြီး
မော်တောာဒလတ်ဘောင်မှာ ရေစပ်သို့ ခုန်းကျော်ရာ...

ဒလတ်အဖွင့်စောသွားသောကြောင့်...ရေစပ်သို့ ခုန်းကျော်လိုက်သောလည်
ဝတ်ထားသော... ဘောင်ဘီးစနှင့် ဒလတ်ညှိသွားရာ...

”အားးးးးးးးးးးးးးးးးးးးးး”


သူ့ဘ၀အဖြစ်ပျက်အလုံးစုံကို ပြဇာတ်တစ်ပုဒ်လို့ ပြောပြီး ၀မ်းနည်းလာ၍ ကိုထွေး မျက်လုံးမှ မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာပြီး ရှိုက်သည်။
ငိုသံမထွက်အောင်ထိန်းရင်း ဆက်ပြောသည်။

“ ခြေနှစ်ဖက်ပျက်သွားတဲ့ ငါ့ကြောင့်  မိသားစုကို ဒုက္ခပေးသလိုဖြစ်မှာမို့.
ငါ့အဖော်တွေက တဆင့် ငါသေပြီးလို့ ရွာကိုသတင်းကြားခဲ့တာလေ”


အားငယ်နေသော မျက်ဝန်များမှ ကျဆင်လာသော မျက်ရည်များနှင့်အတူ
သူငယ်ချင်းဖြစ်သူကို ဂရုဏာဒေါသဖြင့်......

”ဒါ..ဒါဆို.. မင်းအခုလို ဖြစ်နေတာ မင်းမိသားစုတွေ တကယ့်မသိဘူးလာ”

“မသိကြလို့ပေါ့ကွာ..အခုလည် မိစန်းအေးတောင် နောက်တစ်အိုးတစ်အိမ်ထူထောင်လို့
သမီးတောင်တစ်ယောက်တောင် ရနေပြီဆိုပဲ....ဒါပေမယ့်... ငါ့...ငါ့..
ငါ့ သားလေးကိုယ်တော့ ငါ့ တွေ့ခြင်းတယ်... ငါ့ပြန်သွားလို့ ခြေပျက်သားဆိုပြီး.. မျက်နှာငယ်....
မှာလည် ငါကြောက်တယ်....”

ပြောပြီး ၀မ်းနည်းလာ၍ ကိုထွေး ထပ်မံမျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာပြန်သည်။
ငိုသံမထွက် အောင်ထိန်းရင်း ဆက်ပြောဖို့ ကြိုးစားသည်

ဒါပေမယ့် ရှိုက်သံမှ လွဲ၍ စကားလုံးများ မထွက်လာတော့ပေ

“အေးပါကွာ..မင်းအကူညီလိုအပ်ရင် ငါ့ကိုယ်ဆက်သွယ်မို့ လိပ်စာကဒ်ယူထားလိုက်ကွာ” ဟု
 ပြောဆိုလျက် ကမ်းပေးသော လိပ်စာကဒ်ကိုယူ၍ ကိုထွေးမှ လွယ်အိတ်ထဲအထည့်

မျက်စိထဲ ဖျက်ခနဲမြင်လိုက်ရတာက
“၀ါကျင်ကျင်အရောင်းနှင့် နွမ်းရိနေပြီးဖြစ်သော... ရှင်ပြုပွဲ ဖိတ်စာလေး တစ်စောင်


ဆက်လက် ကြိုးစားပါမည်...
စောမောင်

Subscribe Us