Saturday, March 29, 2014

အိမ်



အိမ်….နွေးထွေးတဲ့အိမ်၊ အုတ်ဖြင့် ဆောက်သည်ဖြစ်စေ ၀ါးဖြင့် ဆောက်သည်ဖြစ်စေ သွပ်ဖြင့် မိုးသည်ဖြစ်စေ ဓနိဖြင့် မိုးသည်ဖြစ်စေ သံယောဇဉ်၊နားလည်မှုများဖြင့် ရစ်ပတ်ခြုံလွှမ်းထားသော မိသားစုဝင်များတည်ရှိကြသည့် အိမ်လေးသည် အင်မတန် ပျော်ဖွယ်ကောင်းပေမည်။

အဲဒီစာသာကို မိဇာ ရွာထဲလက်ဖက်ရည်ဆိုင်သို့ အကြော်သွားပို့တိုင်း ကြားနေကြ သီချင်းထဲက စာသားလေးပါ။

တကယ်ဆို သူမတို့မိသားစုမှာလည်း အိမ်ရှိသည် ။ ဒါပေမယ့် မိသားစု ၆ ယောက်အတွက် မလောက်မငနဲ့ နေရသည်။မိုးရာသီဆို မိသားစုအားလုံးမိုးရေထဲမှာ ငုတ်တုပ်မိုးလင်းရသည်။
မိုးကုန်လျင် အိပ်ယာထဲမှ ကြယ်တာရာများကို မြင်တွေ့နေရသည်။

လူတိုင်းမှာ “အိမ်” ဆိုတာ မရှိမဖြစ်ပါ။
“အိမ်” အတွက် လူတိုင်းမှာစိတ်ကူးနဲ့  ကိုယ်စီရှိနေကြသည်။ စိတ်ကူးဆိုတာကလည် ပိုက်ဆံပေးပြီး ၀ယ်ရတာမှမဟုတ်တာ..


အဲဒီတော့ သူမလည်း အကြော်ရောင်းရင် စိတ်ကူးသည်...
နှစ်ထပ်တိုတ်အိမ်လေးတစ်လုံးဆောက်မည်.. အိမ်ရှေ့မှာ မိဇာတို့ မောင်နှမစီးမို့ ဒန်းလေးတစ်ခုရယ်..
မိဇာက နှင်းဆီပန်းကြိုက်တော့ နှင်းဆီပင်တွေ စိုက်မယ်.. ပြီးတော့ အိမ်ထဲမှာ ဘုရားရှိခိုးခန်း၊
အဖေနဲ့အမေအတွက် အခန်းတစ်ခန်း၊ မောင်လေးနှစ်ယောက်အတွက် အခန်းတစ်ခန်း၊ ညီမလေးနဲ့သူမအတွက် အခန်းတစ်ခန်ရယ်၊
နောက်ပြီး မောင်လေးနဲ့ညီမလေးအတွက် စားကြည့်ခန်းတစ်ခန်း ၊ထမင်းစားခန်း ၊ အစချီပြီး စဉ်စာနေရာ....

“ဟဲ့..မိဇာ... မိဇာ..”

အိမ်ရှေ့က ဘယ်သူများ ခေါ်နေပါလိမ့်လို့ အပြေးလွှာထွက်ကြည့်ရာ နဖူးနဲ့ တံခါဘောင်းတိုတ်သဖြင့်.

“အာ... ကျွတ် ကျွတ် နာလိုက်တာ”

“ဒီထက်ပိုနာမယ်..ဘယ်နှယ်တော်.. ဒီလောက် ခေါ်နေတာ
မကြားဘူးလာ... ခေါင်းခေါက်မှ ထတော့တယ်.. ညည်အကြော်တွေ
ရွာထဲလှည့်မရောင်းပဲ။ ဒီအပင်အောက်မှာပဲ လာအိပ်နေပေါ့လာ..“

အမလေတော်..အခုမှ သတိဝင်တယ် ... မိမိစိတ်ကူးယဉ်ကောင်းနေတာ အကြော်လှည့်ရောင်းမို့တောင်မေ့နေတာ...

”ဟီးးးး..”
ကိုယ့်အဖြစ် ကို ပြန်စဉ်စာရင် ရယ်ကြဲကြဲ ဖြစ်နေတာ

ဘာမှမသိရှာတဲ့ အမေကတော့....
“ ဘယ်လိုကလေးမလေးပါလိမ့်.. ခေါင်းခေါက်ခံထိတာတောင်..မျက်နှာက နည်းနည်းမှ အချိုးမပြေဘူး... ညည်တော့ ပြန်လာမှတွေ့အုန်မယ်...”

အမေ စကားမဆုံးမှီ အကြော်ဗန်မ၍ ရွာထဲသို့ သုတ်ခြေတင်တော့သည်။


“ညည်ကို ဘယ်နှခါရှိပြီးလည်း ပြောပြောနေရတာ..ဒါတွေ မ၀ယ်ပါနဲ့ဆိုတာ... မိဘစကားနားမထောင်တဲ့ ညည်လာစမ်း”

အဖေဒေါသနှင့်အတူ..

“ကြောက်ပါပြီး အဖေရဲ့.. သမီးနောက်မ၀ယ်တော့ပါဘူး...
ကြောက်ပါပြီးအဖေရဲ့ အမေ သမီးကို ကယ်ပါအုန်း....သမီးကို မရိုက်ပါနဲ့တော
အဖေ စကားသမီးနာထောင်ပါတော့မယ်....”

အဖေဒေါသထွက်ပြီး မိဇာကို ရိုက်သည်။ ရိုက်လို့ အားရတာနဲ့ မိဇာ ၀ယ်လာတဲ့ အိမ်ပုံလေးကို တစစီ ဆုတ်ဖြဲပြစ်လိုက်သည်။

“ဟင့်..ဟင့်...ဟင့်”

ရှိုက်သံနှင့်အတူ တစစီပြန့်ကြဲနေသော အိမ်ပုံလေးကို လိုက်ကောက်ပြီး ထမင်းကြမ်းစေ့လေး များကို ပျော့စိသွားအောင် လုံးချေ၍ ကော်အဖြစ် သတင်းစာစက္ကူပေါ်မှာသုတ်ပြီး အိမ်ပုံလေးကို ပြန်ကပ်သည်။ ပြီးနောက်မှာတော့ ပုံလေးကိုခေါင်းရင်မှာ ချိတ်ထားလိုက်သည်။

စိတ်မှလည် တစ်နေ့ ဒီလိုအိမ်နဲ့ အမေကိုထားမယ်လို့ စိတ်ကူးလျက်.. မုန့်ကြိတ်ရင် ရွာထဲသို့ ထွက်လာခဲ့တော့သည်။

(၄)

“ညည်..စိတ်ကူးမလွဲပါနဲ့ အေ့..”

“ဟုတ်တယ်..မိဇာ ဟိုဘက်ရွာက အေးကြည်တောင်.. အဲဒီကိုသွားပြီး
မကြာဘူးအေ့.. သူတို့အမေကို ပိုက်ဆံပို့နေတာ တစ်ခါပို့တယ်ဆို.. ၁သိန်းကျော်ကျော်ဆိုပဲ..အေ့”
ဒေါ်ဝင်းကကပါ အန်တီမြ ပြောတာကို ထောက်ခံပေးနေသည်..

အန်တီမြကဆက်၍
“ ဘယ်လိုလည်..ညည်သွားမယ်ဆို ငါ့ပြောပေးမယ်လေး”

“သွားတော့..သွားခြင်းတယ်..ခက်တာက အမေနဲ့အဖေကို မပြောရဲဘူး”
မိဇာက မရဲတရဲဖြစ် ပြန်ပြောသည်။

“ကယ်.. ညည်အဖေနဲ့ ညည်အမေကို ကျုပ်ပြောပေးမယ်. ညည်သွားမှာ သေချာတယ်နော်”

အန်တီမြ အမေးကို ခေါင်ညိမ့်၍သာ သဘောတူကြောင် ပြောမိသည်။

(၅)
အိပ်ယာ..အပြောင်းလွဲကြောင့်လာ.. ဒါမှမဟုတ်အမေနဲ့ ရွာကို လွမ်းစိတ်ကြောင့်
မိဇာ အိပ်မပျော်နိုင်ဖြစ်နေသည်.

ဒီနေ့က လပြည့်နေ့ဖြစ်သောကြောင့် အပြင်မှာ လရောင်နှင့် လင်းနေသဖြင့်
မိဇာ တန်းလျာအပြင်သို့ထွက်၍ ကောင်းကင်ထက်က လမင်းကိုကြည့်၍
ဒီအချိန်ဆို အိမ်မှာ အမေနဲ့အတူ မနက်အကြော်ရောင်းမို့ ကြိုတင်ပြင်ဆင်နေတာတွေ..
ငယ်သူငယ်ချင်းတွေနဲ့ အိမ်ရှေ့ သရက်ပင်အောက်မှာ ဆော့ကစားကြတာတွေကို
ပြန်တွေးရင် ပါးပြင်သို့ မျက်ရည်များ ကျဆင်းလာတော့သည်။

“လမင်းကြီးရယ်..အဖေနဲ့အမေကို သတိရတယ်လို့ ပြောပေးပါနော်၊
သမီးလည် အိမ်တစ်လုံးမြန်မြန်ပိုင်ဆိုင်ခွင့်ရအောင် ကူညီပါနော်”
ရှုက်သံနှင့်အတူ တဖွဖွပြောရင် မျက်ရည်များဖြင့် လမင်းကို တိုင်းတည်ဆုတောင်းနေသည်။


ဒီရက်ပိုင်းမှာ ဒေါ်ခင်အေး... နေရတာမအီမသာနဲ့ ညညလည် အိပ်မပျော် ...အိပ်တယ်ဆိုရုံလေး မှေးခနဲရှိသေသည်
သမီးမျက်နှာ ညိုနွမ်းနေသည်ကို အိမ်မက်ထဲမှာ မြင်တာ အလန့်တကြား ပြန်ထထိုင်မိသည်။
“အင်..သမီးလေး နေများကောင်းရဲ့..”လို့
စိတ်ပူစွာဖြင့် နှုတ်မှ ရေရွတ်ရင်...

ဘုရားစင်ရှေ့သွား၍ သောက်တော်ရေများ လဲပြီးနောက်
“သုံးလောကထွဋ်ထာ.မြတ်စွာဘုရားကိုယ်တော်မြတ်အာ.. ယခုကဲ့သို့
သောက်တော်ရေချမ်း ဆည်ကပ်ရသော် အကျိုးကြောင့် တပည့်တော်မ သမီးလေး
ဤ ရေကဲ့သို့ ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေ.. ဘေးအန္တရာယ်အပေါင်းတို့မှလည် ကင်းဝေးပါစေ အရှင်ဘုရား”ဟု အဝေးတမြေမှ သမီးလေးအတွက် ဆုတောင်းပေးနေသည်။

(၆)
ရှေ့လဆို အိမ်သို့ ငွေပို့နိုင်တော့မည်.. မိမိရဲ့ စိတ်ကူးကို အမြန်အကောင်းထည် ဖော်ခြင်းတာလာ သို့မဟုတ် တောသူမို့ထင်တယ် သူများထက် မိဇာအလုပ်ကြိုးစားသည်။
မိုးရွာ နေပူ မရှောင်း ညမိုးချုပ်သည့်အထိ အလုပ်ကို ကြိုးကြိုးစားစားလုပ်သောကြောင့်
မိဇာ အကြွေးတွေ အကုန်ကြေပြီး ရှေ့လဆို မိဇာလုပ်အားခ အပြည့်ဝရတော့မည်။

၁၂ နာရီထိုးပြီး အလုပ်ကပြန်ရောက်တာနဲ့ ညစားအတွက် တန်းလျာအနီးရှိ ကန်စွန်ရွက်များခူး၍
ခေါက်ဆွဲခြောက်ထုတ်နှင့် ရည်ကျဲကျဲပုတ်ပြီး ထမင်းနှင့် စားလိုက်သည်။

အိပ်ယာဝင်ခါနီ သူငယ်ချင်းတစ်ယောက်က မိမိအား သတိရပါက စာရေးရန်ပေးလိုက်သည်
စာအုပ်လေးထဲမှာ...

(1) အမေကို အိမ်နဲ့ခြံနဲ့ထားချင်တယ်
(၂) ငါလဲ ကိုအိုးကိုအိမ်နဲ အေးအေး ချမ်း ချမ်း နေချင်တယ်
ဒါကြေက်ငွေရှာမှဖြစ်မယ်
ငွေ ရှိ မှ လဲ လှုပ်ချင်တာကို လုပ်လို ရမှာဖြစ် ငွေကို ရအောင် ရှာ ရ မယ်။
လို့ ရေးပြီး..

မိမိခေါင်ထားအိပ်သည့်နေရာရှေ့၌
”ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ..”
“ဓမ္မံ သရဏံ ဂစ္ဆာမိ..”
အစချီ၍ ဘုရားကို ဦးချ မိဘနှစ်ပါးကို ကန့်တော့၍ အိပ်ယာဝင်လေသည်။

(၈)
မိဇာ ဒီနေ့စိတ်မရွှင်လန်း....အိမ်ကို အရမ်းသတိရနေသည်..
မိမိစိတ်ကူးရည်ရွယ်ချက်ကို မြန်မြန်အကောင်းထည်ဖော်ရန် ငွေရှိမှ ဖြစ်မည်။
ဒါကြောင့် အလုပ်နားရန် တွေးမိသည့် အတွေးကို ဖျောက်၍ ပုံမှန်အတိုင်း လုပ်ငန်းခွင်သို့
လေးလံစွာ တရွေ့ရွေ့ထွက်ခွာသွားသည်...

”၀ုန်းးးးးးးး”

ဆိုသည့် အသံနှင့်အတူ......

”အမလေ..ကယ်ကြပါအုန်..”

“အာ.. ကျွတ် ကျွတ်”

“ဟင် ဟင် ဟင်”

ဆောက်လုပ်စ ဆေးရုံးပြိုကျရာ ကမ္ဘာပျက်သလို ငြီးထွားသံများနှင့်အတူ....

မိဇာလည်.........

(၉)
“ဟဲ့..အငယ်မ ညည်အစ်မမိဇာ ကပ်ထားတဲ့ အိမ်ပုံလေးက ပြုတ်ကျနေပါလာ.. ပြန်ချိတ်ထား လိုက်ပါအေ့”

(ထိုင်းနိုင်ငံ ဘန်ကောက် မြို့က ဆောက်လုပ်နေဆဲ ဆေးရုံ ပြိုကျမှုမှာ သေဆုံး ခဲ့တဲ့ မြန်မာအလုပ် သမလေးတစ်ယောက်က မသေဆုံးခင်မှာ သူ့ရဲ့ စိတ်ကူးမျှော်လင့်ချက် လေးကိုရေထားသည့် ဒိုင်ယာရီ စာအုပ်လေး ဖေ့စ်ဘွတ်စ် စာမျက်နှာပေါ်၌ တွေ့ ရှိပြီ မိမိစိတ်ကူးပုံဖော် ရေးသားလိုက်ပါသည်။
မိဘ ကျေးဇူးကို သေသည်အထိ သိတက်သော ညီမ ကောင်းရာသုဂတိလားပါစေဟု ဆုတောင်းလိုက် ပါသည်..)


ဆက်လက် ကြိုးစားပါမည်

စောမောင် —

Subscribe Us