Wednesday, November 20, 2013

နှုတ်ခမ်းသားတွေမည်းနေလို့ စိတ်မညစ်စေလို

 

နှုတ်ခမ်းတစ်စုံရဲ့လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင်၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့်
အဝတ်အစားအရောင်နဲ့ အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကိုထုတ်ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပင်
နှုတ်ခမ်းဆိုးဆေးအကူအညီသုံးပြီးလှပနေပါစေ မိမိရဲ့နှုတ်ခမ်းသားအ ရောင်ကိုပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေးတိုင်းရဲ့ဆန္ဒပါ။အမျိုးသားတွေလဲ ထို့အတူပါဘဲ နှုတ်ခမ်းမည်း မည်းကြီး မဖြစ်ချင်ကြပါဘူး။

အချို့ အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေမည်းလာတတ်ကြပါတယ်၊ အကြောင်းရင်းကတော့ ကော်ဖီ-လ္ဘက်ရည်-ဆေးလိပ်လွန်စွာသောက်သုံးခြင်းကြောင့်ကဖိန်းဓာတ် ရဲ ့ဘေးထွက် ဆိုးကျိုးများ၊နေပူထဲအထွက်များ၍ နေ လောင်ခြင်း၊ ရေနွေး၊ ဟင်းချို ...စတဲ့ အရည်ပူပူတွေကိုခွက်ပူပူထဲကနေ စုပ်ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုးဆေးအန္တရာယ၊်   ရောဂါတစ်ခုခုကြောင့်သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့တန်ပြန်သက်ရောက်မှု… စတာတွေကြောင့် နှုတ်ခမ်း သားကို မည်းလာစေပါတယ်။

အဲဒီအတွက် စိတ်မညစ်ကြပါနဲ့။ ဟောဒီမှာ ရိုးရှင်းလွယ်ကူပြီး ငွေကုန်ကြေးကျမများတဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

(သကြားနဲ့ပွတ်ပါ) နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေးပါဘဲ။လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန့်ဖြူဖြူလေးတွေကို ထောပတ်နဲ့ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်းသား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ်အသေတွေကိုဖယ်ရှားပေးပါတယ်။

(မုန်လာဥနီအလုံး(ခေါ်)သကြားမုန်လာ(ခေါ်)Beetroot ကိုသုံးပါ) သွေးကြည်ရောင်လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေက အရေ ပြားပေါ်ရှိဆဲလ်အသေတွေကို ကောင်းစွာဖယ် ရှားပေးနိုင်ပြီးတော့၊ နှုတ်ခမ်း သာမည်းခြင်းကိုတဖြည်းဖြည်းလျော့ပါးသွားစေပါ တယ်။

(သံလွင်ဆီလိမ်းပါ) အသားအရေကိုကောင်းကျိုးပြုကာအာဟာရတန်ဖိုးမြောက်များစွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အစက်ကလေးတွေချပြီးတော့ နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။

(နှင်းဆီပွင့်ချပ်လေးတွေသုံးပါ) နှင်းဆီပွင့်ချပ်လေးတွေကို ထောပတ်နဲ့ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင်ထားပေးပါ။အဲဒီလို ရက်သတ္တ ၁-ပတ်မှာ ၂-ကြိမ်လောက် လုပ်ပေးခြင်းဖြင့်မည်းနေတဲ့နှုတ်ခမ်းသားတွေ တဖြည်းဖြည်း အရောင် ဖျော့သွားလာပါလိမ့်မယ်။်

(စတော်ဘယ်ရီသီးတွေနဲ့ပွတ်ပါ) စတော်ဘယ်ရီသီးတွေကလည်းနှုတ်ခမ်းသားမည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေး လေးတွေပါဘဲ။အဲဒီအသီးမှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို့နဲ့ရောပြီး နှုတ်ခမ်းသားကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန့်အကြာမှာရေအေးဖြင့်ဆေးပါ (ရေခဲရေ မဟုတ်ပါ)

(သလဲသီး သုံးပါ) သလဲသီးကိုအစေ့ဖယ်ပြီးနောက် ရလာတဲ့အသားဖတ်လေးတွေကိုထောပတ်နဲ့နယ် `၍၊ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။ညအိပ်ယာဝင်ခါးနီးတိုင်းလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ် အတွင်းမှာပင်နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။

(ဆားနဲ့ပွတ်ပါ) အိမ်သုံးဆားမှုန်လေးတွေကို နွားနို့ နဲ့ရောပြီးတော့၊ရလာတဲ့ အနှစ်ပျစ်ပျစ်တွေ ကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။၁၅-မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

(ရှားစောင်းလက်ပပ်ဂျယ်လီသုံးပါ) မည်းညစ်နေတဲ့ နှုတ်ခမ်းသားကိုမူလအရောင်ပြန်ရစေဖို့အတွက် ရှားစောင်းလက်ပပ်ဂျယ်လီ ကအကောင်းဆုံးသမားတော်ဖြစ်ပါတယ်။ အဲဒီအပင်ထဲက အနှစ်တွေကို ညှစ်ချပြီးတော့နှုတ်ခမ်းသားပေါ်တင်ပြီး ပွတ်လိမ်း လိုက်ရုံပါဘဲ။

(ဌက်ပျောသီးသုံးပါ) ဌက်ပျောသီးမှည့်မှည့်ကို နွားနို့၊ ပျားရည်တို့ဖြင့် သမအောင်ရော နယ်ပြီးတော့ နေ့စဉ်လိမ်းပေးပါ။ ရက် အနည်းအတွင်းမှာပင်ထူးခြားတဲ့ အာနိသင် ကို လက်တွေ ့ခံစားရပါလိမ့်မယ်။

(ပေါက်ပေါက်…..မျှဝေသည်) 

Subscribe Us