Wednesday, August 21, 2013

ကလေးလေးရဲ့ ပုံပြင်


ပထမလ
မေမေ
သမီးခန္ဒာကိုယ်က ရှစ်လက်မလောက်ပဲ ရှိသေးတယ်..
ဒါပေမယ့်.. သမီးဆီမှာ.. ကိုယ်အင်္ဂါအကုန်ပြည့်စုံနေပါပြီ..
သမီးမေမေ့အသံလေးကို ချစ်တယ်..
မေမေ့အသံကြားတိုင်း သမီးလက်တွေခြေတွေကို လှုပ်ယမ်းပြတယ်လေ..
မေမေသိရဲ့လား..
သမီးအကြိုက်ဆုံးသီချင်းက မေမေ့ရဲ့ နှလုံးခုန်သံပါမေမေရယ်..


ဒုတိယလ
အခုသမီး လက်မလေးကို ဘယ်လိုစုပ်ရတယ်ဆိုတာ သင်ကြားနေတယ်မေမေ..
မေမေသာမြင်လို့ရှိရင်လေ.. ဒါငါ့ရဲ့သမီးလေးလို့ပြောမှာအသေအချာပေါ့..
ဒါပေမယ့် မေမေကိုယ်ထဲကနေ အပြင်ထွက်ဖို့တော့
သမီးမှာ လုံလုံလောက်လောက် အားမရှိသေးဘူးလေ..
ဒီနေရာကို သမီးသဘောကျတယ်..
နွေးထွေးပြီး အရမ်းနူးညံ့တာကိုးမေမေရဲ့ .

တတိယလ
မေမေရေ.. သေချာသွားပြီ.. သမီးကတကယ့်ကို မိန်းကလေးပဲ...
မေမေသမီးလေးမွေးမှာနော်.. မေမေပျော်မယ်လို့ ဆုတောင်းပါတယ်
သမီးလေ.. မေမေပျော်နေဖို့ပဲ အမြဲဆုတောင်းနေတာပါ..
မေမေငိုရင်.. သမီးလည်း ၀မ်းနည်းတယ်..
မေမေတစ်ယောက်တည်းငိုနေရင်လေ...
မေမေ မကြားနိုင်ရင်တောင်.. သမီးလည်း လိုက်ပြီးငိုနေပါတယ်.. မေမေရယ်..

စတုတ္တလ
သမီးမှာ မေမေနဲ့တူတဲ့ ဆံပင်လေးတွေပေါက်နေပြီမေမေ..
အဲဒါလေးတွေက တိုတိုသေးသေးလေးတွေပါ.. ဒါပေမယ့်
မေမေ့လို နူးနူးညံ့ညံ့ ပျော့ပျော့ပြောင်းပြောင်းလေးတွေမေမေရဲ့..
သမီးအခု လေ့ကျင့်ခန်းတွေလုပ်နေတယ်..
မေမေ့ဗိုက်ထဲမှာလေ..
ခေါင်းကို ဘယ်ညာယမ်းလိုက် ..
ခြေထောက်တွေ တွန်းကန်လိုက်နဲ့လေ..
မေမေခံစားမိတယ်ဟုတ်..

ပဥ္ဒမလ
မေမေ ဒီနေ့ဆရာဝန်ဆီသွားခဲ့တယ်.. သူမေမေ့ကိုလိမ်နေတာမေမေသိရဲ့လား
သမီးကို.. ကလေးမဖြစ်သေးဘူးတဲ့..
သူလျှောက်ပြောနေတာမေမေ.. တကယ်က သမီးက ကလေးလေးပါ..
မေမေ့ သမီးကလေးလေ... သမီးခံစားတတ်တယ်..
သမီးတွေးတောတတ်တယ်လေ...ဒါနဲ့စကားမစပ်
ကိုယ်ဝန်ဖျက်ချတယ်ဆိုတာ ဘာကိုပြောတာလဲဟင်..

ဆဋ္ဌမလ
ဒီဆရာဝန်အသံကို ကြားရပြန်ပြီမေမေ.. အဲဒိဆရာဝန်ကို သမီးမကြိုက်ဘူး..
သူ့ကိုကြည့်ရတာ.. အေးစက်ပြီး.. နှလုံးသားမရှိတဲ့လူကြီးလိုပဲ..
မေမေ...မေမေ..
သမီးနေတဲ့အခန်းလေးထဲကို ဘာကြီးဝင်လာတာလဲမသိဘူး..
ဟိုဆရာဝန်ပြောတော့ အဲဒါ အပ်တဲ့..
အဲဒါကြီးက နာလိုက်တာမေမေ..
မေမေ..
သမီးရှောင်လို့မရဘူး.. သမီးကိုကယ်ပါ....မေမေရယ်..
သူ့ကို ရပ်ခိုင်းလိုက်ပါ...
အား...
အရမ်းနာတယ်.. မေမေ.. သမီးကိုကယ်ပါနော်...

သတ္တမလ
မေမေ.. သမီးအခု အေးအေးဆေးဆေးဖြစ်နေပါပြီ...
ဘုရားသခင်က သမီးကိုချီထားတယ်လေ..
ကိုယ်ဝန်ဖျက်ချတယ်ဆိုတာဘာလဲဆိုတာကိုလည်း ပြောပြတယ်..
သမီးရောသူရော နားမလည်တာတစ်ခုရှိတယ်..
ဘာလို့ ဒီလက်ဆောင်လေးကို မေမေလက်မခံရဲတာလဲဟင်...

(သိုးဆောင်းစာတိုပေစလေးတစ်ခုအား ခံစားမိပါသည်)

ကိုဦး

Subscribe Us