Saturday, August 31, 2013

အချိန်ကိုသုံးပါ




ဓန-ပုည-စိလာဘေနေ ကာလံစိယျတိ ကဏ္ဍိတော။
ကီဋနေနစ ဒုမ္မေဓော၊ နိန္ဒါယ ကလဟေန န၀ါ။

(နရဒက္ခဒီပနီ)



ကျိုးကြောင်းမျှော်မြင် ပညာရှင်ကား
စီးပွားဥစ္စာ တတ်ပညာနှင့်
တစ်ဖြာကုသလ မြတ်ပုညကို
မရမနေ ကျိုးရှာဖွေ၍
ချိန်တွေလေးထား ကုန်စေငြား၏။


နည်းပါးပညာ အသိကွာ၍
ဗာလာနဟူ မိုက်သည့်လူကား
ပျော်ပါးအိပ်ခါ ကျိုးမဲ့စွာဖြင့်
ရန်ရှာငြင်းခုန် အချိန်ကုန်၏

ဘယ်ပုံနည်းနာ ကျိုးရှာစွာဖြင့်
သင့်မှာ အချိန်သုံးမည်နည်း။


(ရွှေစင်ဆရာတော်)

Subscribe Us