Thursday, September 25, 2014

ကျမ်းသစ္စာကျိန်ဆိုမြဲ ကျမ်းစာ

ဆရာ ကျော်မျိုးသူ၏တောင်းဆိုချက်အရ မူရင်းအတိုင်း လေ့လာနိုင်စေရန်ပါ။
 

နမောတသ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
စိႏၱိတံ သတၱသေခၤ်ယ် ၊ န၀သေခၤ်ယ် ၀ါစကံ ၊ ကာယ၀ါစာ စတုခ်ာတံ ။


ဗုဒ္ဓတ္တံ သမုပါဂမိ၊ ဟူသော ပါဌ်ဂါထာနှင့်လျော်စွာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ တစ်ဆယ့်ခြောက်သင်္ချေနှင့် ကမ္ဘာတစ်သိန်း၊ ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ခန္တီပါရမီ၊ ၀ီရိယပါရမီ၊ သစ္စာပါရမီ၊ အဓိဌာန်ပါရမီ၊ မေတ္တာပါရမီ၊ ဥပေက္ခာပါရမီ၊ ပါရမီဆယ်ပါး ၊ အပြားသုံးဆယ် စွန့်ခြင်း ကြီးငါးပါး၊ စရိယသုံးပါးတရားတို့ကိုဖြည့်တော်မူ၍ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာတည်းဟူသော သစ္စာလေးပါးတရားတို့ကိုသိတော်မူ၍ ဂင်္ဂါ သဲလုံးနှင့်အမျှ ပွင့်တော်မူကုန်သော ပညာဓိကဘုရား၊ ၀ီရိယာဓိကဘုရား၊ သဒ္ဒါဓိကဘုရားအပေါင်း တို့ကို စောင့်ရှောက် ကုန်သော သမာဓိတိတည်သော စန္ဒီပါရမီသွာ၊ မဟာပိန္နဲ၊ ကုတဲ၊ ဂေါရမန္တနတ်ကြီး ၊ သာသနာတော် ကိုစောင့်သောနတ်ကြီး၊ ပဋိကတ်သုံးပုံ၊ ဗေဒင်လေးပုံကိုစောင့်သောနတ်ကြီး၊ စတုလောကပါလ နတ်ကြီး၊ မဟာမေဂလာနတ်ကြီး၊ ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုးနတ်ကြီး၊ ပြည်စောင့်နတ်၊ မြို့စောင့်နတ်၊ လေးမျက်နှာ ကိုစောင့်သောနတ်၊ ရှစ်မျက်နှာကိုစောင့်သောနတ်အပေါင်းတို့သည် အမြဲစောင့်ရှောက်တော်မူစေသတည်း။


မပေါင်းသင်းအပ်သော ဂဏန်းနဲ့တူတဲ့ လူသုံးယောက်



၁။ အလိုက်သင့်ပေါင်းပြီး အတွင်းကျိတ် မကောင်းကြံလေသူ

၂။ ရလျှင်တစ်မျိုး မရလျှင်တစ်မျိုး ပြောင်းလဲဆက်ဆံတတ်သူ

၃။ တစ်ဖက်သားကို ချောက်တွန်းပြီးမှ မိမိကောင်းစားရေးကို လုပ်ဆောင်တတ်သူ


ထိုသူတွေက ဂဏန်းနဲတူတဲ့လူတွေဖြစ်တယ်။ ဂဏန်းတွေဟာ သူတို့ကိုယ်တိုင်သာ အပေါ်မရောက် ဘဲရှိမယ် “ဆွဲချ” တဲ့နေရာမှာ အင်မတန် အားသန်ကြပါတယ်။ တစ်ခါက လူငယ်တစ်ယောက် ကမ်းခြေ တစ်ခုကို သွားရင် အဖုံးမပါတဲ့ ပလိုင်းနဲ့ ဂဏန်းကောက်နေတဲ့ လူကြီးတစ်ယောက်ကို တအံ့တသြံ   ဖြစ်ခဲ့ဘူးတယ်။

ဒီကောင်းလေးက "အကိုကြီး၊ ခင်ဗျား ပလိုင်းပေါက်နဲ့ ဖားကောက်တယ် ဆိုတဲ့ စကားပုံလို၊ အဖုံးမပါ ဟာလာဟင်းလင်း ပလိုင်းကြီးနဲ့ ဂဏန်းတွေ လိုက်ကောက်နေရသလား၊ ထွက် မကျ ကုန်ဘူးလား "လို့ ပြောတယ်။

Monday, September 15, 2014

ငုတ်တုတ်ထိုင်ပြီး ဘု မပြောနဲ့


❀ ဘယ်ကိစ္စမဆို မဖြစ်ခင် သတိပေး...

❀ ဖြစ်လာလျှင် ကယ်ဆယ်ပေး...

❀ တည်ဆောက်နေလျှင် ကူညီပေး...

❀ အမြင်မတော်လျှင် ဆွေးနွေးပေး...

❀ သူ့ထက်သိလျှင် အကြံဉာဏ်ပေး...

Monday, August 18, 2014

မညီညွတ်လို့ အိမ်ကြက်ချင်း ခွပ်ကြမှုနဲ့ ပြည်ပရောက် မြန်မာအလုပ်သမား


တရားမဝင် အလုပ်သမားတွေကို ဖမ်းချင်တယ်ဆိုရင် ထိုင်းရဲတွေက ဒီနေရာကို လာတယ် မြန်မာလိုပြောကြည့် လို့ ပြန်ပြောတယ်ဆိုရင် လက်မှတ်ကို တစ်ခါတည်း စစ်ကော ဒါမှမဟုတ်ရင် ထိုင်းနိုင်ငံတော်သီချင်း ဆိုခိုင်းတယ် ကောင်းကောင်းမွန်မွန် မဆိုနိုင်ရင် သက်သေခံကတ်ကို စစ်တော့တာတဲ့ အဲဒီလို စစ်လို့မှ အထောက်အထား မပြနိုင်ရင် ဖမ်းတာလေ . . .

အချင်းချင်း မညီညွတ်
အိမ်ကြက်ချင်း ခွပ်ကြလို့
လွတ်ရာ ကျွတ်ရာ ပြေးလွှား
ယိုးဒယားနယ်စပ်အပေါက်က
ဘန်ကောက်အထိ ခိုးဝင်
ရဲမြင်လျှင် ရှောင်ပုန်း
အမှောင်ဆုံးဘဝမှာ
ရရာအလုပ်လုပ်ကိုင်စား
မြန်မာ့သားတွေ တပါးကျွန်ဖြစ်
မြန်မာ့သမီးတွေ အလကားနွံ့နစ်
ခါးက ထမီကျွတ်ခဲ့ပြီ …။

ဒီကဗျာလေးက တော်လှန်ရေး ကဗျာဆရာကြီးလို့ နာမည်ကြီးတဲ့ ဆရာတင်မိုးရဲ့ ““အမိနိုင်ငံရဲ့ မိုးသောက်ယံသို့”” ဆိုတဲ့ ကဗျာထဲက တစ်ပိုဒ်ပါ။ ဆရာတင်မိုး ၂၀၀၁ ခုနှစ် ဇန်နဝါရီလတုန်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ကို ရောက်ခဲ့စဉ်က တွေ့ခဲ့ရတဲ့ မြန်မာ နိုင်ငံသားတွေရဲ့ ဘဝကို ဖော်ကျူးထားတာပါ။ ဆရာတင်မိုး ကွယ်လွန်ပြီး အသက် ၈၀ ပြည့်အနေနဲ့ ထုတ်ဝေတဲ့ တင်မိုးကဗျာ ၈၀ စာအုပ်မှာ ဒီကဗျာလေး ပါဝင်တာပါ။

"နောက်လိုက်ငယ်သားတွေမှာ ရှိသင့်ရှိအပ်တဲ့ အရည်အချင်း(စံ)များ"


၁။ အလုပ်လုပ်ဖို့ စိတ်အားထက်သန်မှုရှိခြင်း၊
၂။ တာဝန်ခံယူလိုစိတ်ရှိခြင်း၊
၃။ သတ်မှတ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း(အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ခြင်း)၊
၎။ ယုံကြည်အားထားရခြင်း၊

Saturday, August 16, 2014

ပြည်ပရောက် မြန်မာအလုပ်သမားများနှင့် ဥပဒေ အကာအကွယ်မဲ့မှု ပြဿနာ


အလုပ်သမားတွေက စက်ရုံတွေထဲမှာ၊ ဆန္ဒပြတာပဲ ဖြစ်ဖြစ်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတာပဲ ဖြစ်ဖြစ်၊ သံရုံးကို လှမ်းတိုင်တာပဲ ဖြစ်ဖြစ် အဲဒီသံရုံးတွေမှာ ဖုန်းနံပါတ်တွေ၊ အီးမေးလ်တွေပဲ ပေးထားတာ… တကယ်တိုင်ရင် ထိထိရောက်ရောက် ကိုင်တွယ်တာ မရှိဘူး …

အယ်လ်ဂျာဇီးယား သတင်းဌာနမှ Mr. Micheal Malay က Buy a Discount maid at Singapore’s Mall အမည်ဖြင့် သတင်းဆောင်းပါးတွင် ဖော်ပြထားသော သတင်းဓာတ်ပုံ


ရန်ကုန်၊ ဇွန် ၃၀

ပြည်ပသို့ သွားရောက် လုပ်ကိုင်လျက်ရှိသည့် တရားဝင်၊ တရားမ၀င် အလုပ်သမား များ၏ ရပိုင်ခွင့်၊ ဥပဒေအရ ကာကွယ်ခွင့် ရရှိရေးနှင့် ပတ်သက်၍ လွှတ်တော်သို့ အ ဆိုတင်သွင်း ခဲ့သော်လည်း သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ ပယ်ချခဲ့ခြင်း အပေါ်   ပြည်တွင်း ပြည်ပ အခြေစိုက် အလုပ်သမားအရေး ဆောင်ရွက် နေသူများနှင့် လွှတ်တော် ကိုယ်စားလှယ် တချို့က ဝေဖန်လျက်ရှိသည်။

ဇွန်လ ၉ ရက်နေ့က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်ပရောက် အိမ်အကူ အလုပ်သမများ အပါအ၀င် နိုင်ငံခြားရောက် အလုပ်သမားများဆိုင်ရာ အထူး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပေးရန်အတွက် သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်   ဦးသိန်းညွန့်က အဆို တင်သွင်း ခဲ့သော်လည်း ထောက်ခံသူ လေးဦးသာ ရှိပြီး အာဏာရပါတီ ကြံ့ခိုင်ရေးနှင့် တပ်မတော်သား ကိုယ်စားလှယ်များက မထောက်ခံ ခဲ့သည့် အတွက် လွှတ်တော်မှ ပယ်ချခဲ့သည်။ လက်ရှိတွင် ပြည်ပနိုင်ငံရောက် မြန်မာ အလုပ်သမားများမှာ ဖိနှိပ်ခံရမှုများ ရှိနေသည်ကို အထင်အရှား တွေ့မြင်ရ၍ ယခုအ ဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း လွှတ်တော်အပြီး ၌လည်း မီဒီယာများသို့ ဦးသိန်းညွန့်က ပြောဆိုခဲ့သည်။


ဘာတွေပြောင်းလဲသွားပြီလဲ –

အစိုးရအဖွဲ့သစ် တက်လာခါစက ဆင်ဖမ်းမည်၊ ကျားဖမ်းမည်ဟု ကြုံးဝါးလာသော် လည်း နိုင်ငံခြားသို့ အိမ်အကူခေါ် အိမ်ဖော်များ ရောင်းထုတ်နေရဆဲ ဖြစ်ပါ သည်။ နိုင်ငံခြားသို့ အိမ်ဖော်ပို့ပြီး နိုင်ငံခြားငွေ ရှာနေရသည်မှာ ရှက်စရာပင် . . .


၂၀၁၀ ပါတီစုံ ရွေးကောက်ပွဲကြီး ကျင်းပခဲ့ပြီးနောက် ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ် က ပြုပြင် ပြောင်းလဲရေးများ ပြုလုပ်မည်၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ကို လည်း ဦးဆောင်မည်ဟု ကြွေးကြော်သံဖြင့် လူထု၏ ထောက်ခံမှု ရအောင် ကြိုးစား ခဲ့သည်မှာ ယခုဆို ၄ နှစ်ပင် ရှိပေပြီ။ နောက်တစ်နှစ်သာ ကျန်တော့ပြီ။ ဦးသိန်းစိန် အရွေးခံ၊ မခံမှာ သူ့အပြောသာရှိပြီး နောက်နှစ် ဦးသိန်းစိန် ပြန်လည် အရွေးခံရ၊ မရကိုကား ပြည်သူများက သူ့လုပ်ဆောင်ချက်ကို ကြည့်ပြီး ဆုံးဖြတ် ကြပေလိမ့်မည်။ လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်း ကလည်း သမ္မတအဖြစ် အရွေးခံမည်ဟု ဆိုလေ သည်။