Monday, August 20, 2018

မြန်မာရေလုပ်သား လေးသောင်းကျော် ထိုင်းသို့ တရားဝင်ပို့မည်ဟု အစိုးရပြော




ရန်ကုန်၊ ဩဂုတ် ၁၉

ရွှေ့ပြောင်းမြန်မာလုပ်သား အများစု သွားရောက်အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသို့ ယခုနှစ်မကုန်မီ မြန်မာရေလုပ်သား လေးသောင်းကျော်ကို တရားဝင်ပို့နိုင်တော့မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

“မနေ့ကဆွေးနွေးတယ်။ ရေလုပ်သားအတွက် MoU ထိုးဖို့ ညှိနှိုင်းနေတယ်။ အရင်က တရားမဝင် သွားလုပ်ကြတယ်။ အခုက တရားဝင်ဆိုတော့ ရေလုပ်သားတွေအတွက် ပိုကောင်းတယ်။ ဒီနှစ်ထဲ စေလွှတ်ဖို့ လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။


Saturday, August 18, 2018

မြဝတီမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ရွှေ့ပြောင်းအလုပ်သမား ၅၁ ဦး ပြန်လည်ဝင်ရောက်မှု


ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင် ပြောင်းလဲမှုကြောင့် ဥပဒေနှင့် မညီညွတ်သည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် နယ်စပ်ဝင်ပေါက်ဂိတ်အသီးသီးမှ မြန်မာ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၈၀၀ အချိန်ထိ မြဝတီမြို့ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁) ချစ်ကြည်ရေး တံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၃ ဦး(ကျား ၂၀၊ မ ၁၃)၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ (၁)ရပ်ကွက်ရှိ သွပ်ပြားပေါက်မှ အလုပ်သမား ၁၈ ဦး (ကျား ၁၃၊ မ ၅) တို့ဝင်ရောက် လာခဲ့ပါသည်။


Thursday, August 16, 2018

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Adul Sangsingkeo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ





နေပြည်တော် သြဂုတ် ၁၆

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ သည် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ ဝန်ကြီး Mr. Adul Sangsingkeo ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၀၉၃၀ နာရီအချိန် တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ၊ အစည်းအဝေးခန်းမတွင်လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ထိုင်းနိုင်ငံ၌ နိုင်ငံခြားသား အလုပ်သမားခေါ်ယူရေးဆိုင်ရာ မူဝါဒများ
 ပြောင်းလဲကျင့်သုံးခြင်း၊ ဥပဒေများပြင်ဆင်ပြဌာန်းခြင်းဖြင့် အလုပ်သမားများအား ဥပဒေအရ ကာကွယ်စောင့်ရှောက်မှုများ ပိုမိုရရှိအောင်ဆောင်ရွက်ပေးမှုများတွင် မြန်မာအလုပ်သမားများ၏ လိုက်နာမှုအားနည်းခြင်းများနှင့်ပတ်သက်၍ ဖြေလျော့ပေးနိုင်ရေးကိစ္စရပ်များ၊


"ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေး နှစ်နိုင်ငံ နေပြည်တော်မှာဆွေးနွေးနေ"


ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့အခွင့်အရေး တွေကို ကာကွယ်စောင့်
ရှောက်မှု တိုးမြှင့်ပေးနိုင်ဖို့အတွက် နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးတွေဟာ နေပြည်တော်မှာ ဒီကနေ့
မနက်က တွေ့ဆုံဆွေးနွေးနေကြပါပြီ ။ တွေ့ဆုံမှုမှာတော့ နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်
ရွက်မှု မြှင့်တင်ဖို့ ၊

ထိုင်းနိုင်ငံတွင်လုပ်ကိုင်ရန်ရေလုပ်သားအလုပ်သမားခြောက်သောင်းလိုအပ်ဟုထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဆို



နေပြည်တော် သြဂုတ် ၁၆

ထိုင်းနိုင်ငံရှိရေလုပ်ငန်းတွင်အလုပ်သမားခြောက်သောင်းလိုအပ်လျှက်ရှိနေကြောင်းထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးMr Adul Sangsingkeoကပြောသည်။

နေပြည်တော်အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင်ယနေ့နံနက်ပိုင်းကထိုင်းနိုင်ငံရှိရေလုပ်ငန်းများတွင်အလုပ်လုပ်ကိုင်နေကြသောမြန်မာနိုင်ငံသားရေလုပ်သားများနှင့်ပတ်သတ်၍ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေနှင့်ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဝန်ကြီးMr Adul Sangsingkeoဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံမှုအပြီးတွင်မီဒီယာများကိုအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။


Wednesday, August 15, 2018

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး မစ္စတာ အဒွန်းဆန်လ်ဆင်ကယောက်ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ရောက်ရှိ




 ၂၀၁၈ ခုနှစ် ၊  သြဂုတ် ၁၅ ရက် ၊ ဗုဒ္ဓဟူးနေ့

မြန်မာနှင့်ထိုင်းနှစ်နိုင်ငံဝန်ကြီးအဆင့် အလုပ်သမားရေးရာ ကိစ္စများ ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံ အလုပ် သမားဝန်ကြီး မစ္စတာ အဒွန်းဆန်လ်ဆင်ကယောက်ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့်
(သြဂုတ် ၁၆ ရက်) နံနက် ၉နာရီ၌ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်ရန်
နေပြည်တော်သို့ ယနေ့ ၁၅.၀၈.၂၀၁၈ ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့ရာအလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဆောင်၍ ကြိုဆိုခဲ့ကြောင်းသတင်းရရှိပါသည်။

Tuesday, August 14, 2018

ဓါတ်မြေသြဇာကား တိမ်းမှောက်မှုကြောင့် မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ



နခွန်စ၀မ်၊ သြဂုတ် ၁၄

ဓာတ်မြေဩဇာအိတ်တွေ တင်ဆောင်လာတဲ့ကားတစ်စီး ဒီနေ့ နေ့  လည်၁၂နာရီခွဲ့ ဝန်းကျင်က ထိုင်းနိုင်ငံမှာ တိမ်းမှောက်ခဲ့ရာက အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့  မြန်မာရွေ့ပြောင်းအလုပ်သမားတစ်ဦးသေဆုံးပြီးသုံးဦးဒဏ်ရာရခဲ့ပါတယ်။

ထိုင်းနိုင်ငံ နခွန်စ၀မ်ပြည်နယ် ဖရူဟခလီ မြို့ကနေ ဓာတ်မြေဩဇာတွေ တင်လာတဲ့ကားတစ်စီး တိမ်းမှောက်ကာ ယာဉ်မောင်းဖြစ်တဲ့  အသက် ၅၂နှစ် အရွယ်ရှိသူ ထိုင်းနိုင်ငံသား နိုင်ဖိုင်လော နဲ့မြန်မာရွှေ့ပာင်းအလုပ်သမား အသက်၄၄နှစ်အရွယ်ရှိ အာချွေ ဆိုသူတို့  သေဆုံးကာ အခြား မြန်မာရွှေ့ပြောင်းအလုပ်သမားသုံးဦး ဒဏ်ရာရရှိ ခဲ့တာဖြစ်ပါတယ်။