Sunday, July 29, 2018

အလုပ်သမားသံအရာရှိနှင့် အလုပ်သမားများစုပေါင်း ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိဦးစန်းမောင်ဦးနှင့်စမွတ်ပုရာကန်ခရိုင် လကဘန်းမြို့နယ် လကဘန်းအားမာန်ဖောင်ဒေးရှင်း ၊လုံစီဆန်စက်မိသားစုတို့နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့ ပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းနားတစ်ရပ်ကို ယနေ့(၂၉.၇.၂၀၁၈) နံနက် ၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။


အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှုဒါန်းပွဲသို့ မန္တလေး၏တိုင်းဒေသကြီး၊မိတ္ထီလာခရိုင် မလှိုင်မြို့နယ် မြင်းတွင်းစံပြကျေးရွာမြသိန်းတန်လယ်တီဓမ္မရိပ်သာပဓာနနာယကဆရာတော်ဖြစ်သည့် နယ်လှည့်ဓမ္မစရိယ ဦးခေမာစာရ(B.Sc Maths)အပါဝင် ပင့်သံဃာတော် ၃ပါးတို့ကို ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခြင်း၊အခြားသော လှူဒါန်းဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းနားသို့ကြွရောက်လာကြသည့်ဧည့်ပရိတ်သတ်တို့ကို ဗုဒ္ဓရုပ်ပွားဆင်းတုတော်များမဲဖောက်လှူဒါန်းလှူပေးခြင်းတို့ကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။ 



















Subscribe Us