ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင် အုပ်ရေးချုပ်ရေးဌာနမှတာဝန်ရှိသူများ၊ ထိုင်းအလုပ်သမားကာကွယ်ရေးဌာန(ဆဝါဒီကန်)၊ထိုင်းအလုပ်ကိုင်ရှာဖွေရေးရုံး (ကျဟာငန်)၊ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့သည့် တရားမဝင်အလုပ်သမားများရှိနေကြောင်းသတင်းရရှိချက်အရကံဖယ်စယ်နယ်မြေ၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့သို့ ကံဖယ်စယ်နယ်မြေ ဒွန်ခေါ်(ရ်)ရက်ကွက်ရှိ အလုပ်ရှင် မစ္စတာ မေထီ ခီရိုကျလေ(၄၇ )နှစ်ပိုင်ဆိုင်သည့် ဂိုဒေါင်တစ်ခုကိုဝင်ရောက်စစ်ခဲ့ရာ၌ တရားမဝင်အလုပ်သမား ၉ဦး(ကျား၇၊မ၂)တို့ကို
ဖမ်းဆီးရမိကြောင်းသိရသည်။
ကဘီမြို့အခြေစိုက်မြန်မာအလုပ်သမားရေးဆောင်ရွက်နေသည့် MMPအဖွဲ့မှ ကိုမျိုးချစ်က
`` အထောက်ထားမဲ့အလုပ်သမားတွေ အခုလိုအဖမ်းခံရနေလည်းပဲ အချို့ပွဲစားတွေက ဘတ်အသစ်ရိုက်ပေးမယ်၊ CIစာအုပ်လုပ်ပေးမယ်ဆိုပြီး သတင်းလွှင့်လျှောက်လွှင့် အဲဒါတွေကိုယုံကြည်ပြီ အောက်လမ်းနဲ့
ဝင်လာကြပြီး အခုလိုတွေအဖမ်းခံရတော့တာပဲ´´ လို့ ပြောသည်။
ဖမ်းဆီးရမိသူများနှင့်အလုပ်ရှင်တို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေနှင့် အလုပ်သမားဥပဒေတို့ဖြင့် ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။