Monday, November 04, 2019

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ စုပေါင်းမဟာဘုံကထိန် မင်္ဂလာအခမ်းအနားကျင်းပ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ကဒီမြို့နယ် ဘန်ကဒီရပ်ကွက် ရှိ စုထမ်ဝတီ(ဘန်ကဒီ)ထိုင်းဘုန်း တော်ကြီးကျောင်း၌ မန်မီ(၂၅၅၇) ကုမ္ပဏီလီမီတက်နှင့် မြန်မာ အလုပ်သမားများစုပေါင်း၍ မြန်မာ နှင့် ထိုင်းသံဃာတော်များအား ၁၃၈၁ခုနှစ် တန်ဆောင်မုန်းလဆန်း ၇ရက် ယနေ့ဒေသစံတော်ချိန် နံနက် ၉နာရီခွဲက မဟာဘုံကထိန် မင်္လာအခမ်းအနားကို ကျင်းပခဲ့ ကြောင်း သိရသည်။


အဆိုပါမဟာဘုံကထိန်အခမ်း အနားကိုဦးဆောင်ကျင်းပသည့် မန်မီ(၂၅၅၇) ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူကိုဇေဦးက ''မြန်မာ အလုပ်သမားတွေနဲ့စုပေါင်းပြီး လူမှုရေးလုပ်ငန်းများဖြစ်တဲ့ မြန်မာ နိုင်ငံက ရေဘေးကယ်ဆယ်ရေး လုပ်ငန်းကနေအစလုပ်ဖြစ်ပါတယ်။ နောင်လည်း အခုလိုလှူဒါန်းမှု တွေဆက်လက်ဆောင်ရွက်သွားမှာ ပါ''ဟု ပြောသည်။

အခမ်းအနား၌ ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာအလုပ်သမားသံ အရာရှိ ဦးမျိုးမြင့်နိုင်နှင့် သံအရာရှိ များ၊ ထိုင်းနိုင်ငံရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သည့်ဧည့်သည်တော်များအပါ အဝင် အလှူရှင်မြန်မာအလုပ် သမားများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

''အလုပ်လုပ်ရင်းကုသိုလ်ပြု ကြတဲ့ပွဲကိုတက်ရောက်ရလို့ ကြည် နူးဝမ်းသာစွာနဲ့ သာဓုအကြိမ်ကြိမ် ခေါ်မိပါတယ်''ဟု အလုပ်သမား သံအရာရှိ ဦးမျိုးမြင့်နိုင်ကပြော သည်။

အဆိုပါအခမ်းအနား၌ နမော တသသုံးကြိမ်ရွတ်ဆို ဘုရားကန် တော့၍ ဖွင့်လှစ်ခဲ့ခြင်း၊ စုထမ်ဝတီ (ဘန်ကဒီ)ကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် မဟာနန်း ထချိုင်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ သံဃာတော် များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့် တော်မူသော မေတ္တသုတ်ပရိတ် တရားတော်များ နာယူကြည်ညို ခြင်း၊ ကျောင်းထိုင်ဆရာတော် မဟာနန်းထချိုင်ထံသို့ ကထိန်လျာ မြတ်သင်္ကန်းဆက်ကပ်လှူဒါန်း ခြင်း၊ ပင့်သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခြင်း၊ ကထိန်အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက် သွန်းချအမျှပေးဝေခြင်းတို့ပြုလုပ်ပြီး 'ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု' သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနား ကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ယနေ့ ဒေသစံတော်ချိန်နံနက် ၉နာရီခွဲကကျင်းပသည့် မြန်မာ အလုပ်သမားများစုပေါင်းမဟာ ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်း ပွဲ၌ဘတ်သုံးသိန်းတန်ဖိုးရှိ လှူဖွယ် ပစ္စည်းများနှင့့်် နဝကမ္မအလှူငွေ ဘတ်ခုနစ်သိန်းတို့ကို လှူဒါန်းခဲ့ ကြောင်း သိရသည်။

မောင်စိန်ဝင်း

Subscribe Us