Monday, June 10, 2019

မလေးရှားနိုင်ငံသွားမည် မြန်မာနိုင်ငံသား(၃၈)ဦး သုံးရက်ခန့် အခန်းပိတ်လှောင်းခံထားရ


မလေးရှားနိုင်ငံသွားမည် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ် ထူးလု(င်)ရပ်ကွက်မှတဆင့် ထိုင်းနိုင်ငံမလေးရှားနယ်စပ်မြို့ဖြစ်သည့် ပါတနီခရိုင်သို့ လူကုန်ကူး သူများက လိုင်စင်အမှတ်(10-4999) ဗင်ကားတစ်စီးဖြင့် အကြိုပို့ပြုလုပ်နေသည့်ကြောင်း ထိုင်း လူကုန်တားရဲတပ်ဖွဲ့မှ သတင်းရရှိသဖြင့် ၎င်းယာဉ်အား ဖမ်းဆီးစစ်ဆေးခဲ့ရာမှ အလားတူပြစ်မှုကျူး လွန်သည့် လိုင်စင်အမှတ်(10-1303)ဗင်ကားမောင်းနှင်သူပါ ထပ်မံဖမ်းစီးရမိကြောင်း (၁၀.၆. ၂၀၁၉)ရက်စွဲ့ဖြင့် ထိုင်းသတင်းဌာနတစ်ခုဖြစ်သည့် မာတီချွန်မှ ဖော်ပြချက်အရသိရသည်။



ဖမ်းဆီးရမိသည့် ယာဉ်မောင်းသူ၏ ထွက်ဆိုချက်အရ ဟတ်ယိုင်နယ်မြေ ဖတုံရပ်ကွက်ရှိ တန်းလျားတစ်ခု ရှိ အခန်းအမှတ်(79/7)၌ မလေးရှားနိုင်ငံသွားမည် မြန်မာနိုင်ငံသား(၃၈)ဦးတို့ကို အခန်းပိတ်လှောင်းထား ရှိကြောင်းထွက်ဆိုခဲ့ပါသည်။



တာဝန်ရှိသူများက အဆိုပါ အခန်းသို့သွားရောက်စစ်ဆေးခဲ့ရာ အခန်းတံခါးအား အပြင်မှအသေပိတ်ထား သည်ကိုတွေ့ရှိခဲ့သလို အခန်းထဲရှိ မြန်မာနိုင်ငံသား(၃၈)ဦးတို့သည် အစာရေစာပြတ်လပ်နေသည်မှာ ၃ရက်ခန့် ရှိပြီးဖြစ်ကြောင်းနှင့် အခန်းထဲမှာ စကားကျယ်ကျယ်မပြောဆိုရန်နှင့်မီးလည်းမဖွင့်ရန် ပွဲစားကမှာ ထားကြောင်းသိရသည်။

 ထို့နောက် ဖမ်းဆီးရမိသည့် မြန်မာနိုင်ငံသား(၃၈)ဦးနှင့်ယာဉ်မောင်း(၂)ဦးတို့ကို ထူးလု(င်)ရဲစခန်းသို့ခေါ်ဆောင်၍ အသေးစိတ်ထပ်မံစစ်ဆေးပြီး ဥပဒေအတိုင်းဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

Subscribe Us