Thursday, August 23, 2018

ထိုင်းမှ မြန်မာကျောင်းဆရာ၊ အိမ်အကူနှင့် ရေလုပ်သားများ တရားဝင်အလုပ်လုပ်နိုင်ရန် တောင်းဆိုထားဟု သံအမတ်ကြီးပြော


ထိုင်းနိုင်ငံတွင် ရွှေ့ ပြောင်း မြန်မာကလေးငယ်များ အား ပညာသင်နေသော ကျောင်းဆရာများ၊ အိမ်အကူနှင့် ရေလုပ်သားများကို တရားဝင် အလုပ်လုပ်ကိုင်နိုင်ရေး ထိုင်းအလုပ်သ မားဝန်ကြီးဌာနထံ တောင်းဆိုထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံံးမှ သံအမတ်ကြီး ဦးမျိုးမြင့်သန်းကပြောသည်။

ထိုင်းအစိုးရ အသစ်ပြဋ္ဌာန်းထားသော အလုပ်သမားနည်းဥပဒေသစ်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားလုပ်သားများကို ဖမ်းဆီးစစ်ဆေးနေ၍ ဖမ်းဆီးမခံရစေရေး တောင်းဆို တင်ပြထားခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်သန်းကပြောသည်။


‘‘အလုပ်ရှင်နဲ့ အလုပ်နေရာ မတူတာတွေဖြစ်နေတော့ ဒါတွေ ကို တရားဝင်ဖြစ်ရေးအတွက် တင်ပြထားတာပါ။ ကျွန်တော်က တော့ ဒါတွေကို လုပ်ပေးပါလို့ တင်ပြထားတယ်။ မြန်မာအလုပ် သမားဝန်ကြီးနဲ့ ထိုင်းအလုပ်သ မားဝန်ကြီးတို့ တွေ့ဆုံပွဲမှာ ဒါတွေ ထည့်သွင်း ဆွေးနွေးကြတယ်လို့ ပြောပါတယ်’’ဟု ၎င်းက ဆက် လက်ပြောသည်။

ဩဂုတ် ၁၅ ရက်တွင် ထိုင်း နိုင်ငံတောင်ပိုင်း ပတ်သနီမြို့နယ် တွင် ရွှေ့ပြောင်း မြန်မာကလေး ငယ်များအား ပညာသင်ပေးနေ သော ကျောင်းဆရာတစ်ဦးနှင့် ဆရာမနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။

‘‘ထိုင်းနိုင်ငံမှာ စာသင်ရင် အဓိက အခြေခံလိုအပ်ချက်တွေ က တရားဝင် နေထိုင်ခွင့်လက် မှတ်၊ မိမိသင်ကြားနေတဲ့ကျောင်း တွေရဲ့တရားဝင်မှု၊ ဆရာ၊ ဆရာ မတွေရဲ့ အရည်အချင်းသတ်မှတ် ချက်ပေါ့။ အဓိကကတော့ အဲဒီ သုံးချက်နဲ့ ပြည့်စုံအောင်လုပ်ပေး ရပါမယ်။ တချို့ဆိုရင် ထိုင်းမှာ တရားဝင် နေထိုင်ခွင့်လက်မှတ် တောင်မရှိဘူး စာသင်တယ်။ အဲ ဒီတော့ အဖမ်းခံရတာပေါ့’’ဟု ထိုင်းနိုင်ငံ ပညာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖောင်ဒေးရှင်း (FED)ဒါရိုက်တာဦးထူးချစ်က ပြော သည်။

မဲဆောက်မြို့တွင် မြန်မာ ကလေးငယ်များအား ပညာသင် ကြားပေးနေသော ရွှေ့ပြောင်း စာသင်ကျောင်း ၆၈ ကျောင်းရှိပြီး ဆရာ၊ ဆရာမဦးရေ ၇၀၀ ခန့်ရှိ ကြောင်း ရွှေ့ပြောင်းဒေသဆရာ၊ ဆရာမများအစည်းအရုံးက သ တင်းထုတ်ပြန်ထားသည်။

မဲဆောက်ရှိ မြန်မာရွှေ့ ပြောင်း စာသင်ကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်း သားကလေးငယ် ၁၄,၀၀၀ ကျော် ရှိသည်။

ဆရာ၊ ဆရာမ အားလုံး သည် ထိုင်းပညာရေးဌာနက ထုတ်ပေးသည့် စေတနာ့ဝန်ထမ်း ဆရာကတ်သာရှိပြီး ၎င်းတို့ ကိုင် ဆောင်ထားသော စေတနာ့ဝန် ထမ်းကတ်ကို ထိုင်းအစိုးရက အသိအမှတ်ပြုရန် လိုလားကြ သည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် အိမ်အကူလုပ်ကိုင်နေသော မြန် မာလုပ်သားများသည် အလုပ်ရှင် နှင့်အလုပ်နေရာလွဲနေသူများဖြစ် ကြောင်း ထိုင်းရောက် မြန်မာအဖွဲ့ အစည်းများက ပြောသည်။

ဩဂုတ် ၁၆ ရက်တွင် နေ ပြည်တော်၌ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ နှင့်ပတ်သက်၍ နှစ်နိုင်ငံ အလုပ် သမားဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေး နွေးရာတွင် ထိုင်းရောက် မြန်မာ ကလေးငယ်များကို ပညာသင် ကြားပေးနေသော ဆရာများအား တရားဝင်ဖြစ်ရေးနှင့် မြန်မာရေ လုပ်သားများ တရားဝင်ဖြစ်ရေး ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးဆန်းမောင်ဦး ကပြောသည်။

7Day Newspaper

Subscribe Us