Thursday, August 23, 2018

မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့၌ ရွှေ့ပြောင်းအလုပ်သမား၂၆၁ဦး ပြန်လည်ဝင်ရောက်မှု


ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင် ပြောင်းလဲမှု ကြောင့် ဥပဒေနှင့်မညီညွတ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်ဝင်ပေါက်ဂိတ်အသီးသီးမှ ပြန်လည်ဝင်ရောက်လာလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၂ ရက်နေ့ ၀၆၀၀ အချိန်မှ ၁၉၀၀ အချိန်အထိ မြဝတီမြို့ (၄)ရပ်ကွက်ရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ အမှတ်(၁) ချစ်ကြည်ရေးတံတားမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄၄ ဦး (ကျား ၁၉၀၊ မ ၅၄)နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ သွပ်ပြားပေါက်မှ ၁၇ ဦး(ကျား ၁၄၊မ ၃) တို့ ပြန်လည် ဝင်ရောက်လာခဲ့ပါသည်။





၎င်းတို့ထံမှ ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ အစွန်းရောက် အကြမ်းဖက်သမား များ၊ မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတု ပြုလုပ်သူ များနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိစေရေး အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ပူးပေါင်းအဖွဲ့များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနှင့်လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့မှာ နေရပ်အသီးသီး သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။

Subscribe Us