Wednesday, May 09, 2018

ထိုင်းနိုင်ငံ ရှိ ပင်လယ်စာထုတ်သည့်စက်ရုံပိတ်သိမ်းသဖြင့် မြန်မာအလုပ်သမား၂၀၀ခန့်အလုပ်လက်မဲ့ဖြစ်နေ





ဆူရတ်ဌာနီ၊ ၉.၅.၂၀၁၈

ထိုင်း နိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ဆူရတ်မြို့ အနီး ရှိ ပင်လယ်စာ ထုတ်စက်ရုံ(ဒေသအခေါ်) အမိုးနီးစက်ရုံ မှာ ပိတ်သိမ်းလိုက်သောကြောင့် ယင်းစက်ရုံ တွင် လုပ်ကိုင်နေသောမြန်မာ အလုပ်သမား ၂၀၀ ခန့် အလုပ်လက်မယ့် ဖြစ်နေကြောင်း သိရသည်။

အဆိုပါ စက်ရုံမှာ ဂျပန်နိုင်ငံသို့ ပင်လယ်စာများတင်ပို့နေသော စက်ရုံ ဖြစ်ကာ ဂျပန်နိုင်ငံ မှ ပင်လယ်စာ မှာ ယူမှု ရပ်ဆိုင်းလိုက်သောကြောင့် ယခုကဲ့သို့ စက်ရုံပိတ်သိမ်း လိုက် ခြင်း ဖြစ်ကြောင်း သိရသည်။

   “အခုလ၃ရက်နေ့ မွန်လွဲ၂နာရီလောက်မှာ အလုပ်သမားတွေကို အစည်းဝေးခေါ်ပြီး ၅ရက်နေ့ကျရင်
စက်ရုံပိတ်မယ်ပြောတယ် အခုလိုစက်ရုံပိတ်မယ်ဆိုတာကြိုတင်အကြောင်းမကြားပဲ ပိတ်သိမ်းလိုက်လို့
ကျွန်တော်တို့မှာ အလုပ်အသစ်ရှာဖို့နဲ့အလုပ်သစ်မရခင်နေထိုင်စရာတွေအတွက်ပါ အခက်ခဲတွေရှိနေ
တယ်နောက်ပြီးကျွန်တော်တို့အလုပ်သမားတွေရသင့်ရထိုက်တဲ့ နစ်နာကြေးကိစ္စနဲ့ပက်သက်ပြီးတော့
လည်းအလုပ်ရှင်က ဘာမှမပြောဘူး” အဆိုပါစက်ရုံ၌ ၁နှစ်ခွဲခန့်အလုပ်လုပ်နေသည့် ကိုအောင်ဆန်းဝင်က
ဟုပြောသည်။






    အဆိုပါစက်ရုံတွင် MOUစနစ်ဖြင့်ပို့ဆောင်ထားသည့် မြန်မာအလုပ်သမားများအပြင် CIစာအုပ်နှင့်ပက်
စပိုစ့်စာအုပ်ကိုင်ဆောင်ထားသည် အလုပ်သမား ၂၀၀နီးပါးခန့်ရှိသဖြင့် လက်ရှိတွင် ယင်းအလုပ်သမား များ နစ်နာမှု မရှိစေ ရန်အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သံအရာရှိ နှင့်တာဝန်ရှိသူများ က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 “အလုပ်ရှင်ဘက်ကလည်း ဝန်ခံပါတယ် သူရင်ဆိုင်နေရတဲ့အခက်ခဲတွေကြောင့် ရုတ်တရပ်စက်ရုံပိတ်သိမ်းလိုက်ရတဲ့အတွက်အလုပ်သမားတွေရဲ့နစ်နာချက်အတွက်အပြည့်ဝတာဝန်ယူပါတယ်ဆိုတာနဲ့  အလုပ်သမားတွေအလုပ်သစ်မရမီစပ်ကြာလက်ရှိနေတဲ့အခန်းမှာဆက်လက်နေပါ ရေခ၊မီးခတွေလည်းပေးစရာမလိုဘူးဆိုတာရယ် အလုပ်သစ်ပြောင်းရွှေ့မယ့်အလုပ်သမားတွေအဆင်ပြေစွာအလုပ်ကိုင်ပြောင်းရွှေ့နိုင်ရေးအပါဝင် အချက်တော်တော်များများကိုတင်ပြဆိုတောင်းပေးခဲ့ပါတယ်”အလုပ်သမားသံအရာရှိဦးစန်းမောင်ဦး က ပြောသည်။

ထို့ပြင် လုပ်ငန်းရှင်အနေဖြင့် ထိုင်းနိုင်ငံ အလုပ်သမားဥပဒေအရ အလုပ်ပိတ်သိမ်းမည်ဆိုပါက ၃လကြို
တင်၍ အလုပ်သမားများကို အသိပေးရမည့်အချက်ကိုပျက်ကွက်သဖြင့် ဥပဒေအတိုင် အလုပ်သမားများ
ကိုနစ်နာကြေပေးရန်နှင့် နေထိုင်သက်တမ်းတိုးမြင့်ရန်ကျန်ရှိနေသည့်အလုပ်သမားများကိုလည်း ထိုင်းအ
လုပ်သမားဝန်ကြီးဌာနနှင့်ညှိနှိုင်ပြီးအမြန်ဆောင်းရွက်ပေးရေးနှင့် အလုပ်သမားများအလုပ်ရှင်ပြောင်းလဲမှု
အဆင်ပြေစေရေးအတွက် အလုပ်ရှင်ဖြစ်သူမှ ဆောင်ရွက်ရမည့်အချက်များကို အမြန်ဆောင်ရွက်ပေးရန်
ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


     ယင်း ပင်လယ်စာစက်ရုံတွင် မကြာသေးမီက တရားမဝင်အဖွဲ့စည်းတစ်ခု၏ သွေးထိုးမှုကြောင့့် စက်ရုံအတွင်းရှိ အလုပ်သမားများ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ကုန်ပစ္စည်း များကို အချိန်မီ မပို့ နိုင်သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ယခုကဲ့သို့ စက်ရုံပိတ်သိမ်း သည့် အခြေနေ ထိ ဖြစ်ခဲ့ရကြောင်း၊ထို့ကြောင်း စက်ရုံပိုင်ရှင်မှ ယခုကိစ္စရပ်နှင့် ပက်သက်၍ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာနထံ တိုင်ကြားမှုပြု လုပ်ထားကြောင်းသိရသည်။

Subscribe Us