Sunday, April 29, 2018

လူကုန်ကူးခံရသောမြန်မာအလုပ်သမား ၁၄ ဦးအား အလုပ်သမားသံအရာရှိနှင့်MWRNအဖွဲ့ချိတ်ဆက်ကယ်ထုတ်ဆောင်ရွက်



မောင်စိန်ဝင်း၊ မဟာချိုင် ဧပြီ ၂၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး စမွတ်ဆာခွန်ခရိုင် မဟာချိုင် နယ်မြေရှိ ဝေလရပ်ကွက် ၁ဝ လမ်းမှ လူကုန်ကူးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးအား အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးနှင့်နယ်မြေခံအလုပ် သမားအဖွဲ့အစည်းဖြစ်သည့်MWRNအဖွဲ့တို့မှ ချိတ်ဆက်၍ကယ်ထုတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့တော် ဘန်ကောက်ရှိအလုပ်သမားသံအရာ ရှိရုံးမှသိရသည်။

ဖြစ်စဉ်အရ မကွေးတိုင်းဒေသ ကြီး ငဖဲမြို့နယ် ပေကုန်းကျေးရွာ နေပွဲစားဖြစ်သူဦးကြည်မြိုင်ဆိုသူ က လူကုန်ကူးခံရသည့် မြန်မာ အလုပ်သမား အမျိုးသားငါးဦးနှင့် အမျိုးသမီးကိုးဦးကို ထိုင်းနိုင်ငံသို့ အချိန်မြန်ဆန်စွာဖြင့် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်လိုပါက မြန်မာငွေကျပ်ရှစ်သိန်းပေးရမည် ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသို့ ရောက်ရှိပါက အလုပ်အမျိုးအစား ငါးမျိုးထဲမှ မိမိကြိုက်နှစ်သက်ရာ အလုပ်လုပ်ကိုင်နိုင်သည်ဟုပြောဆို ကြောင်း အလုပ်သမတစ်ဦး၏ပြော ကြားချက်အရသိရသည်။


''ကျွန်မတို့ကိုပြောတော့မြဝတီ လမ်းကနေသွားရမယ်။ မြဝတီမှာ စာချုပ်ချုပ်တာလုပ်ရမယ်ဆိုပြီး ပြောတယ်။ နောက်တော့ မြဝတီ လမ်းက လူများနေလို့ မြိတ်ဘက် ကနေပဲသွားတော့မယ်ဆိုပြီးပြော တယ်။ ကျွန်မတို့တွေ မြိတ်ကား ဂိတ်ရောက်တော့ မြန်မာ-ထိုင်း နယ်စပ်မြို့ဖြစ်တဲ့ မောတောင်ကို သွားဖို့ဆိုပြီး ပွဲစားဦးကြည်နိုင်တို့ နဲ့ချိတ်ဆက်ထားတဲ့ မသန္တာဆိုတဲ့ အမျိုးသမီးတစ်ဦးကလာကြိုတယ်။ အဲဒီကနေမှ ထိုင်းဘက်ကိုသွားဖို့ အစိမ်းရောင်ကတ်ပြားလေး (border pass)တွေလုပ်ပေးတယ်။ ထိုင်း ဘက်ခြမ်းကိုရောက်တော့ နယ်စပ် ကနေပကျွတ်မြို့ထဲကိုသွားဖို့ ထိုင်း နိုင်ငံသားပွဲစားတစ်ဦးက ကားနဲ့ သူ့အိမ်ကိုခေါ်သွားတယ်။ အဲဒီက နေမှမဟာချိုင်မြို့ကိုသွားဖို့ ပွဲစား ကိုလှဝင်းတို့ လင်မယားနှစ်ဦးက ကားနဲ့လာကြိုတာပါ''ဟု အလုပ် သမားတစ်ဦးက ထပ်မံပြောသည်။

အဆိုပါမြန်မာအလုပ်သမားများ မှာ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့သို့ရောက်ရှိပြီး တစ် လခန့်ကြာပြီးသည့်တိုင် အလုပ် လုပ်ခွင့်မရရှိသလို နေထိုင်ရာတွင် လည်း အတည်တကျနေထိုင်ရခြင်း မရှိကြောင်းနှင့် ၎င်းတို့၏ ပတ်စ်ပို့ စာအုပ်များကိုလည်း ပွဲစားက သိမ်းထားကြောင်းသိရပြီး ၎င်းတို့ အတွက် ပြီးခဲ့သည့် မတ် ၂၆ ရက် က ပန်းရောင်ကတ် (သက်သေခံ အထောက်အထားကတ်)များထပ်မံ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ပွဲစားဖြစ်သူကိုလှဝင်းဆိုသူက ဗီဇာ ပြုလုပ်ရန်နှင့် အလုပ်ရှင်ပြောင်းရန် အတွက် အလုပ်သမားတစ်ဦးစီထံ မှ ထိုင်းနိုင်ငံသုံးဘတ်ငွေ ၁၅ဝဝဝ ခန့် ထပ်မံတောင်းခဲ့ပြီးနောက် အလုပ်သမားများ လုပ်ခလုပ်စာ ထွက်သည့်အချိန်၌ ထိုင်းဘတ်ငွေ ၂ဝဝဝ ခန့်စီကို အလုပ်သမားတစ် ဦးစီထံမှ ငွေကြေးဖြတ်တောက်မှု များပြုလုပ်ခဲ့ကြောင်း သိရသည်။

''ကျွန်မတို့တွေ မြန်မာနိုင်ငံ မှာ တစ်ဦးစီအတွက် ငွေကျပ် ရှစ် သိန်းစီပေးခဲ့ရတာပါ။ အဲဒီငွေကျပ် ရှစ်သိန်းကလည်း အတိုးနဲ့ချေးပြီး ပေးခဲ့ရပါတယ်။ အခုလည်း ဘာ လို့ထပ်ပြီး ပိုက်ဆံတောင်းတာလဲ ပေါ့နော်။ လောလောဆယ် ကျွန်မ တို့မှာလည်း အခက်အခဲတွေဖြစ် လို့ သူတို့ကိုတောင်းပန်တာ မရဘူး။ အလုပ်လုပ်တဲ့ ကိုးရက်အတွက် လုပ်အားခငွေဘတ် ၃၁၂၆ ဘတ် ရတာ ပွဲစားကိုလှဝင်းက ဘတ် ငွေ ၂ဝဝဝ အဓမ္မလာယူသွားခဲ့ပါ တယ်။ အဲဒါကြောင့် ကျွန်မတို့ အခုလို ဒုက္ခတွေဖြစ်တာနဲ့ အလုပ် သမားသံအရာရှိ ဦးစန်းမောင်ဦးထံ ဖုန်းဆက်အကူညီတောင်းခံခဲ့ရတာ ပါ''ဟု အလုပ်သမတစ်ဦးက ပြော သည်။

အဆိုပါ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမား ၁၄ ဦးအား အမိနေရပ်ပြန်လည်ပို့ဆောင်နိုင်ရန် အတွက် ဆက်လက်ဆောင်ရွက် လျက်ရှိသလို ၎င်းအလုပ်သမား များMoU စနစ်ဖြင့် ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်အလုပ်လုပ်ကိုင် နိုင်ရန် MOEAF အဖွဲ့နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် အလုပ်သမားများအနေဖြင့် ပွဲစား (Broker)၏စကားကိုယုံကြည်ကြ ပြီး တရားမဝင်နည်းလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ် ကိုင်ကြသူများအနေဖြင့် အလုပ် သမားအခွင့်အရေး၊လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အဓမ္မလုပ်အား ခိုင်းစေခံရခြင်း၊လူကုန်ကူးခံရခြင်း တို့ကို မလွဲမသွေတွေ့ကြုံရမည် ဖြစ်၍ တရားဝင်နည်းလမ်းဖြစ် သည့်MoU စနစ်ဖြင့်သာ ထိုင်း နိုင်ငံသို့ လာရောက်အလုပ်လုပ် ကိုင်ကြရန် မြို့တော်ဘန်ကောက်ရှိ အလုပ်သမားသံအရာရှိရုံးမှ ထုတ် ပြန်ထားကြောင်းသိရသည်။

Subscribe Us