Sunday, April 29, 2018

လူကုန်ကူးခံရသောမြန်မာအလုပ်သမား ၁၄ ဦးအား အလုပ်သမားသံအရာရှိနှင့်MWRNအဖွဲ့ချိတ်ဆက်ကယ်ထုတ်ဆောင်ရွက်



မောင်စိန်ဝင်း၊ မဟာချိုင် ဧပြီ ၂၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အနီး စမွတ်ဆာခွန်ခရိုင် မဟာချိုင် နယ်မြေရှိ ဝေလရပ်ကွက် ၁ဝ လမ်းမှ လူကုန်ကူးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးအား အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးနှင့်နယ်မြေခံအလုပ် သမားအဖွဲ့အစည်းဖြစ်သည့်MWRNအဖွဲ့တို့မှ ချိတ်ဆက်၍ကယ်ထုတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း မြို့တော် ဘန်ကောက်ရှိအလုပ်သမားသံအရာ ရှိရုံးမှသိရသည်။

ဖြစ်စဉ်အရ မကွေးတိုင်းဒေသ ကြီး ငဖဲမြို့နယ် ပေကုန်းကျေးရွာ နေပွဲစားဖြစ်သူဦးကြည်မြိုင်ဆိုသူ က လူကုန်ကူးခံရသည့် မြန်မာ အလုပ်သမား အမျိုးသားငါးဦးနှင့် အမျိုးသမီးကိုးဦးကို ထိုင်းနိုင်ငံသို့ အချိန်မြန်ဆန်စွာဖြင့် တရားဝင် သွားရောက်အလုပ်လုပ်ကိုင်လိုပါက မြန်မာငွေကျပ်ရှစ်သိန်းပေးရမည် ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသို့ ရောက်ရှိပါက အလုပ်အမျိုးအစား ငါးမျိုးထဲမှ မိမိကြိုက်နှစ်သက်ရာ အလုပ်လုပ်ကိုင်နိုင်သည်ဟုပြောဆို ကြောင်း အလုပ်သမတစ်ဦး၏ပြော ကြားချက်အရသိရသည်။

Subscribe Us