Saturday, August 05, 2017

ပြည်တော်ပြန်မည့် အလုပ်သမား၅ယောက်အား အလုပ်သမားသံအရာရှိကူညီ



သြဂုတ် ၅ ၂၀၁၇၊ လှဘူရီ

မြန်မာနိုင်ငံ ပဲခူးတိုင်းဒေသကြီး က၀မြို့နယ်. ကံတော်ကျေးရွာနေ မြန်မာအလုပ်သမား၅ယောက်တို့ကို ၎င်းတို့၏ နေရပ်ဒေသသို့ပြန်လည်ရောက်ရှိရန် အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်မှ ကူညီမှုပေး ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံ၊ လှဘူရီခရိုင် ဘွယ်ဖွယ်ကျေးရွာတွင် ပီလောပီနံစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသည့် မောင်နေလင်းထွန်း(၂၈)နှစ်ဖြစ်သူအား စိုက်ခင်းတွင် အလုပ်သမားထပ်မံလိုအပ်၍အလုပ်သမားရှိပါက ခေါ်ယူပေးပါရန်နှင့် အထောက်အထားမရှိသည့် အလုပ်သမားကို ၎င်းမှတာဝန်ယူပေးမည့်အပြင် အလုပ်သမားတစ်ဦးလျှင် တစ်ရက်လုပ်အားခ၄၀၀ဘတ်ပေးမည်ဟုပြောဆိုသဖြင့် မောင်နေလင်းထွန်းသည် ၎င်း၏ အမျိုးသမီးနှင့်ညီအစ်ကိုမောင်နှမများကိုမြန်မာနိုင်ငံမှခေါ်ယူပေးခဲ့ပါသည်။


သို့ရာတွင် အလုပ်ရှင်ဖြစ်သူသည် ၎င်းဂတိပေးပြောဆိုထားသည့်အတိုင်း အလုပ်သမားတစ်ယောက်လျှင် တစ်ရက်လုပ်အားခတစ်ရက်လျှင် ၄၀၀ဘတ်ပေးမည်ဟု ပြောဆိုသည့်အတိုင်းလုပ်အားခမပေးသည့်အပြင် မည်သည့်တာဝန်ယူမှုမှမရှိသည့်အပြင်အဖမ်းဆီးကာလအတွင်း အလုပ်သမားများကို အခန်းပိတ်လှောင် ထားကြောင်းသိရသည်။

“တလောက အဖမ်းဆီးတွေများတော့ အထောက်အထားမရှိတဲ့ ကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်ညီတွေကို အလုပ်ရှင်က အလုပ်ပေးမလုပ်တော့ပဲ အခန်းမှာအမြဲပိတ်လှောင်ထားတဲ့ဆိုတာနယ်မှာရှိတဲ့ အလုပ်ရှင်ရဲ့စိုက်ခင်းမှာလုပ်ပြီးပြန်လာမှ ကျွန်တော်သိရတယ်၊ နောက်ပြီး သူအလုပ်မှာ
မနေတော့မို့ ခဏခဏလာလာမောင်းထုတ်တယ် အသိမိတ်ဆွေလည်းမရှိ၊ဘယ်သွားလို့ သွားရမှန်းမသိနဲ့ ဒုက္ခတွေရောက်နေတာ နောက်ဆုံး အလုပ်သမားဟစ်တိုင်မှာကြေညာထားတဲ့ အလုပ်သမားသံအရာရှိ ဖုန်းနံပါတ်တွေကိုဆက်သွယ်အကူညီတောင်းခဲ့ရတယ်”လို့ ကိုနေလင်းထွန်း(၂၈)နှစ်ကပြောသည်။

ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ရပ်တည်ရန်အခက်ခဲများဖြစ်လာသည့် မောင်နေလင်းထွန်း(၂၈)နှစ် အပါဝင်၎င်းမိသားစုများ အဆင်ပြေစွာ ပြည်တော်ပြန်နိုင်ရန် အလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်မှ ၎င်းအလုပ်သမားများ လက်ရှိနေထိုင်သည့် လှဘူရီခရိုင်ရှိ ဘွယ်ဖွယ်ကျေးရွာအထိ သွားရောက်ကြို ဆိုပေးခဲ့ပြီး ယနေ့ညတွင်းချင်းပင် မြန်မာနိုင်ငံသို့ပို့ဆောင်းပေးခဲ့ကြောင်းသတင်းရရှိပါသည်။

Subscribe Us