Wednesday, July 19, 2017

ပတ်စပို့လုပ်ပြီးပြန်လာသည့်မြန်မာအလုပ်သမား၂၃ဦးအားဖက်ဘူရီခရိုင်စစ်ဆေးရေးဂိတ်တွင်ဖမ်းစီးခံရ

 ဖူကစ် နေ့စွဲ ၁၉-၇-၁၇

ထိုင်းနိုင်ငံတောင်ပိုင်းဖူကစ်မြို့မှတရားဝင်ပန်းရောင်ဘတ်ကိုင်ဆောင်ထားသူမြန်မာအလုပ်သမား ၂၃ ဦးတို့မှာထားဝယ်မြို့တွင် PJ Passport သွားလုပ်ပြီးအပြန် ဖက်ဘူရီခရိုင် စစ်ဆေးရေးဂိတ်တွင် 18-7-17 ရက်နေ့ နေ့လည်ပိုင်းကစာရွက်စာတန်း အတုဟုဆိုပြီးဖမ်းစီးထားသည်ဟုသိရသည်။

ထိုအထဲတွင်ခရမ်းရောင်ပတ်စပို့ကိုင်ဆောင်ထားသူ ၄ ဦးကို ဗီဇာသက်တမ်းကျန်ရှိနေသေး၍ပြန် လွှတ်ပေးလိုက်ပြီး ပန်းရောင်ဘတ်ကိုင်ဆောင်ထားသူ ၂၃ ဦးတို့ကို တရားဥပဒေအတိုင်း အရေးယူသွားမည်ဟု ဖမ်းစီးခံထားရသူများထဲမှမိသားစုဝင်ဖြစ်သူတစ်ဦး၏ပြောဆိုချက်အရသိရသည်။



ထိုစာရွက်စာတန်းများကိုမည်သူပြုလုပ်ပေးသည်ကိုအတိကျမသိရသေးသော်လည်း ပတ်စပို့ပြုလုပ်ပေး သူပွဲစားများမှာ မြန်မာ၂ဦးဖြစ်ကြောင်းသိရှိရသည်။

ထိုကိစ္စအားကူညီပေးရန်မိသားစုဝင်များမှလာရောက်အကူညီတောင်းခံထားသဖြင့် MNP အဖွဲ့အနေဖြင့် သက် ဆိုင်ရာအဖွဲ့အစည်များနှင့်တိုင်ပင်ပူးပေါင်းပြီးဆက်လက်ကူညီပေးသွားမည်ဖြစ်သည်။

Khaing Ata


Subscribe Us